Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 36:8

Common Language Bible

ငါ​သည်​ဘု​ရင်​ဧ​က​ရာဇ်​၏​နာ​မ​တော်​ကို တိုင်​တည်​၍ သင်​တို့​နှင့်​အ​လောင်း​အ​စား​ပြု မည်။ သင်​တို့​သည်​မြင်း​စီး​သူ​ရဲ​နှစ်​ထောင်​ရ ရှိ​အောင်​ရှာ​နိုင်​မည်​ဆို​လျှင် သင်​တို့​အား မြင်း​ကောင်​ရေ​နှစ်​ထောင်​ကို​ငါ​ပေး​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

``ဗင်္ဟာ​ဒဒ်​မင်း​က`သင်​၏​မြို့​ကို​ဖြို​ဖျက်​၍ ကျောက်​ခဲ​အ​ကျိုး​အ​ပဲ့​တို့​ကို လက်​နှင့်​သယ် နိုင်​လောက်​အောင်​လူ​အ​မြောက်​အ​မြား​ကို​ငါ ခေါ်​ဆောင်​ခဲ့​မည်။ ဤ​သို့​မ​ပြု​ခဲ့​သော်​ဘု​ရား များ​သည်​ငါ့​အား​အ​ဆုံး​စီ​ရင်​ကြ​ပါ​စေ သော' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​လျှောက်​ကြ​၏။

မင်း​ကြီး​က``ထို​သူ​တို့​သည်​တိုက်​ခိုက်​ရန်​လာ သည်​ဖြစ်​စေ၊ စစ်​ပြေ​ငြိမ်း​ရန်​လာ​သည်​ဖြစ်​စေ သူ​တို့​အား​အ​ရှင်​ရ​အောင်​ဖမ်း​ဆီး​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။

သူ​သည်​မိ​မိ​တွေ့​ရှိ​သ​မျှ​သော​ရွှေ၊ ငွေ၊ ဗိ​မာန် တော်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​နှင့်​ဘဏ္ဍာ​တော် တိုက်​တွင် ရှိ​သ​မျှ​ကို​ယူ​၍​ရှ​မာ​ရိ​မြို့​သို့ သယ်​ဆောင်​သွား​တော်​မူ​၏။ ယ​ဟော​ရှ​မင်း သည်​ဋ္ဌား​စာ​ခံ​များ​ကို​လည်း ဖမ်း​ဆီး​ခေါ် ဆောင်​ခဲ့​လေ​သည်။

ဟေ​ဇ​ကိ​မင်း​နန်း​စံ​တစ်​ဆယ့်​လေး​နှစ်​မြောက်​၌ အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သ​နာ​ခ​ရိပ်​သည် ယု​ဒ ပြည်​ရှိ​ခံ​တပ်​မြို့​များ​ကို​သိမ်း​ယူ​လေ​သည်။-

ငါ​၏​သ​ခင်​ဧ​က​ရာဇ်​ဘု​ရင်​သည် သင်​တို့​နှင့် အ​လောင်း​အ​စား​ပြု​မည်။ သင်​တို့​သည်​မြင်း​စီး သူ​ရဲ​နှစ်​ထောင်​ရ​အောင်​ရှာ​နိုင်​မည်​ဆို​လျှင် သင် တို့​အား​မြင်း​ကောင်​ရေ​နှစ်​ထောင်​ကို​ငါ​ပေး​မည်။-

ထို​နောက်​သူ​သည်​မိ​မိ​၏​ဗိုလ်​ချုပ်​အား လာ​ခိ​ရှ မြို့​မှ​စစ်​သည်​အ​လုံး​အ​ရင်း​နှင့်​ယေ​ရု​ရှ​လင် မြို့​သို့​သွား​ရောက်​ကာ ဟေ​ဇ​ကိ​မင်း​အား​လက် နက်​ချ​ရန်​ပြော​ဆို​စေ​၏။ ဗိုလ်​ချုပ်​သည်​လည်း အ​ထက်​ရေ​ကန်​မှ​စီး​ဆင်း​လာ​သော​ရေ​သွယ် မြောင်း​အ​နီး၊ အ​ထည်​ယက်​လုပ်​သူ​တို့​၏ အ​လုပ်​စ​ခန်း​တည်​ရာ​လမ်း​ကို​သိမ်း​ယူ​လေ သည်။-

ထို့​နောက်​သူ​သည်​ဆက်​လက်​၍``သင်​တို့​က`ငါ တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို အား​ကိုး​ပါ​သည်' ဟု​ငါ့​အား ပြော​ဆို​ကြ​ပါ​မည်​လော။ ဟေ​ဇ​ကိ​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ​ဌာ​န​များ နှင့် ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ပစ်​ပြီး​နောက် ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သား​တို့​အား ယေ​ရု​ရှ​လင်​မြို့​ရှိ​ယဇ်​ပလ္လင် ၌​သာ​လျှင် ဝတ်​ပြု​ကိုး​ကွယ်​ကြ​စေ​ရန် မှာ​ကြား​ခဲ့​ပေ​သည်။-

သင်​တို့​သည်​ရာ​ထူး​အ​နိမ့်​ဆုံး​အာ​ရှု​ရိ​တပ် မှူး​က​လေး​ကို​ပင်​လျှင်​ယှဉ်​ပြိုင်​နိုင်​စွမ်း​မ​ရှိ ကြ။ သို့​ပါ​လျက်​အီ​ဂျစ်​အ​မျိုး​သား​တို့​ထံ မှ​စစ်​ရ​ထား​နှင့်​မြင်း​စီး​သူ​ရဲ​အ​ကူ​အ​ညီ များ​ကို​စောင့်​မျှော်​ကြ​ပါ​သည်​တ​ကား။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ