ဟေရှာယ 36:19Common Language Bibleဟာမတ်ပြည်နှင့်အာပဒ်ပြည်တို့၏ဘုရား များသည် ယခုအဘယ်မှာရှိပါသနည်း။ သေဖရဝိမ်ပြည်၏ဘုရားတို့သည်ယခု အဘယ်မှာရှိပါသနည်း။ အဘယ်ဘုရား ကရှမာရိပြည်ကိုကယ်ဆယ်ခဲ့ကြပါ သနည်း။- အခန်းကိုကြည့်ပါ။ |
အာရှုရိဧကရာဇ်ဘုရင်သည်ဗာဗုလုန်မြို့၊ ကုသမြို့၊ အာဝမြို့၊ ဟာမတ်မြို့နှင့်သေဖရ ဝိမ်မြို့တို့မှလူတို့အားခေါ်ဆောင်၍ ပြည်နှင် ဒဏ်သင့်သူဣသရေလအမျိုးသားတို့နေ ထိုင်ခဲ့သောမြို့ရွာများတွင်နေထိုင်စေလေ သည်။ သူတို့သည်ရှမာရိပြည်မြို့ရွာများ ကို အပိုင်ရလျက်အတည်တကျနေထိုင် ကြ၏။-
ထာဝရဘုရားသည်ဒမာသက်မြို့ကိုရည် မှတ်၍မိန့်တော်မူသည်မှာ``ဟာမတ်မြို့နှင့်အာ ပဒ်မြို့မှလူတို့သည်သတင်းဆိုးကိုကြား ရကြသဖြင့် ပူပန်သောကဖြစ်ကာစိတ်ဆင်း ရဲလျက်နေကြ၏။ စိုးရိမ်ပူပန်မှုသည်ပင်လယ် လှိုင်းလုံးများသဖွယ် သူတို့အပေါ်သို့လှိမ့်၍ လာသဖြင့်သူတို့သည်ဆောက်တည်ရာမရ နိုင်ကြ။-