ဟေရှာယ 34:9Common Language Bibleဧဒုံပြည်မှမြစ်တို့သည်ကတ္တရာစေး အဖြစ်သို့လည်းကောင်း၊ မြေဆီလွှာသည် ကန့်အဖြစ်သို့လည်းကောင်းပြောင်းလဲသွား လိမ့်မည်။ ထိုပြည်တစ်ခုလုံးသည်ကတ္တရာ စေးကဲ့သို့မီးစွဲလောင်၍နေလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ရှေးမဆွကပင်အာရှုရိဘုရင်ကိုမီးသင်္ဂြိုဟ် ရန် လောင်တိုက်ကိုပြင်ဆင်၍ထားခဲ့၏။ ထိုလောင် တိုက်သည်အစောက်နက်၍ကျယ်ဝန်း၏။ ထို အရပ်တွင်မြင့်မားသောထင်းပုံကြီးတစ် ခုလည်းရှိ၏။ ထာဝရဘုရားသည်ခံတွင်း တော်မှမီးလျှံကိုမှုတ်ထုတ်တော်မူ၍ ထို ထင်းပုံကိုမီးစွဲလောင်စေတော်မူလိမ့်မည်။
ဗောဇရမြို့သည်တွေ့မြင်ရသူတို့လန့်ဖျပ် တုန်လှုပ်ဖွယ်လူသူကင်းမဲ့ရာအရပ်ဖြစ်စေ ရန်လည်းကောင်း၊ လူတို့သည်ထိုမြို့ကိုပြက် ရယ်ပြု၍ယင်း၏အမည်နာမကိုကျိန်စာ အဖြစ်အသုံးပြုကြစေရန်လည်းကောင်း ငါကိုယ်တိုင်ပင်ကျိန်ဆိုကတိပြုပြီ။ နီး နားဝန်းကျင်ရှိကျေးရွာအပေါင်းတို့သည် ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဆို သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
လယ်မြေများတွင်ကန့်နှင့်ဆားပေါက်စေ သဖြင့် တောကန္တာရအတိဖြစ်လိမ့်မည်။ မည် သည့်အပင်ကိုမျှစိုက်ပျိုး၍မရ။ ပေါင်း ပင်များပင်လျှင်မပေါက်နိုင်။ သင်တို့ပြည် သည်ထာဝရဘုရားပြင်းစွာအမျက် ထွက်၍ ဖျက်ဆီးခဲ့သောသောဒုံနှင့်ဂေါ မောရမြို့၊ အာဒမာမြို့နှင့်ဇေဘိုင်မြို့ များကဲ့သို့ပျက်စီးလိမ့်မည်။-
သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုလည်း ကောင်း၊ ထိုမြို့များ၏ပတ်ဝန်းကျင်ရှိမြို့များ ကိုလည်းကောင်းသတိရကြလော့။ ထိုမြို့ တို့မှမြို့သူမြို့သားတို့သည်အဆိုပါ ကောင်းကင်တမန်များကဲ့သို့ ကာမဂုဏ် လိုက်စား၍သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကိုလိုက်စားခဲ့ကြ၏။ လူ အပေါင်းတို့အားရှင်းလင်းပြတ်သားစွာ သတိပေးသည့်အနေဖြင့် သူတို့သည် ထာဝရတောက်လောင်သောမီးတွင်အပြစ် ဒဏ်ကိုခံရကြသည်။
သားရဲနှင့်တကွသူ၏ရှေ့တွင်နိမိတ်လက္ခဏာ များကိုပြသောမိစ္ဆာပရောဖက်သည်အဖမ်းခံ ရ၏။ (ထိုမိစ္ဆာပရောဖက်ကားသားရဲ၏အမှတ် တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုရှိခိုးသူများ အားနိမိတ်လက္ခဏာများကိုပြခြင်းအားဖြင့် မှောက်မှားလမ်းလွဲစေသူဖြစ်သတည်း။) ထိုသူ နှစ်ဦးစလုံးပင်လျှင်တောက်လောင်နေသောကန့် မီးအိုင်ထဲသို့အရှင်လတ်လတ်ပစ်ချခြင်းကို ခံရကြ၏။-