ဟေရှာယ 33:8Common Language Bibleလမ်းမကြီးများသည်ဘေးအန္တရာယ်အလွန် များသဖြင့်အဘယ်သူမျှမသွားဝံ့ကြ၊ မဟာမိတ်စာချုပ်များကိုချိုးဖောက်၍သစ္စာ ကတိများသည်လည်းပျက်ပြယ်၍သွားလေ ပြီ။ အဘယ်သူမျှရိုသေလေးစားမှုကို မခံရကြတော့ပေ။- အခန်းကိုကြည့်ပါ။ |
ထိုအရပ်တွင်``သန့်ရှင်းမြင့်မြတ်ရာသို့ သွားသည့်လမ်း'' ဟု နာမည်တွင်သောလမ်းမကြီးတစ်သွယ် ပေါ်ပေါက်၍လာလိမ့်မည်။ အဘယ်အပြစ်ကူးသူမှန်သမျှထိုလမ်းကို လျှောက်သွားရလိမ့်မည်မဟုတ်။ အဘယ်လူမိုက်ကမျှထိုလမ်းတွင် လျှောက်နေသူတို့အား လမ်းမှားစေနိုင်လိမ့်မည်မဟုတ်။
နေ့ကြီးရက်ကြီးများတွင်ကိုးကွယ်ဝတ်ပြုရန် ဗိမာန်တော်သို့လာမည့်သူမရှိ။ ဗိမာန်တော်တွင်သီချင်းဆိုသူ အမျိုးသမီးပျိုတို့သည်ဝမ်းနည်းကြေကွဲလျက် ရှိကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်းညည်းတွားမှုမှ တစ်ပါး အဘယ်သို့မျှမပြုနိုင်။ မြို့တံခါးများသည်လူဆိတ်ညံလျက်နေ၏။ ဇိအုန်မြို့သည်ဝေဒနာခံစားနေရသည်။
ဒါဝိဒ်သည်အနီး၌ရှိသောလူတို့အား``ဤ ဖိလိတ္တိအမျိုးသားကိုသတ်၍ဣသရေလ အမျိုးသားတို့၏အသရေကိုဆယ်နိုင်သူ သည် အဘယ်အကျိုးကိုခံစားရပါမည် နည်း။ အကယ်စင်စစ်ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားသည်အဘယ်သို့သောသူဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင် ၏တပ်မတော်ကိုအံတု၍နေပါသနည်း'' ဟုဆို၏။-