ဟေရှာယ 33:16Common Language Bibleသို့မှသာသင်တို့သည်အကြံအောင်၍ ခိုင်ခံ့ သောရဲတိုက်တွင်နေထိုင်ရဘိသကဲ့သို့ ဘေးမဲ့လုံခြုံကြလိမ့်မည်။ စားသောက်စရာ အစာရေစာများကိုလည်းရရှိကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဆင်းရဲသူနှင့် ခိုကိုးရာမဲ့သူတို့သည် ကိုယ်တော်ရှင်၏ထံတော်သို့ခိုလှုံကြသဖြင့် ဒုက္ခရောက်ချိန်၌ဘေးမဲ့လုံခြုံမှုကိုရရှိကြ ပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားမိုးသက်မုန်တိုင်းမှ အကာအကွယ်ကိုလည်းကောင်း၊ ပြင်းထန်သည့်အပူရှိန်မှခိုလှုံရန်အရိပ် အာဝါသ ကိုလည်းကောင်းပေးတော်မူပါ၏။ ရက်စက်ကြမ်းကြုတ်သူတို့၏တိုက်ခိုက်မှုသည်၊ ဆောင်းလေပြင်းနှင့်လည်းကောင်း၊
သူတို့သည်အဘယ်အခါ၌မျှအစာရေစာ ငတ်မွတ် ရလိမ့်မည်မဟုတ်။ သူတို့သည်မိမိတို့အားချစ်မြတ်နိုးတော် မူသော အရှင်၏လမ်းပြပို့ဆောင်မှုကိုခံယူ၍၊ နေနှင့်သဲကန္တာရအပူရှိန်ကြောင့်ဘေး အန္တရာယ် ရောက်ရလိမ့်မည်မဟုတ်။ ထိုအရှင်သည်သူတို့အားစမ်းရေတွင်းများ ရှိရာသို့ ပို့ဆောင်တော်မူလိမ့်မည်။
ငါ့အားဝတ်ပြုကိုးကွယ်မှုမှရရှိအပ်သော စိတ္တသုခကိုခံစားရကြလိမ့်မည်။ ငါသည် သင်တို့အားကမ္ဘာတစ်ဝှမ်းလုံးတွင်ဂုဏ်အသ ရေရှိစေမည်။ သင်တို့သည်လည်းမိမိတို့ဘိုး ဘေးယာကုပ်အားပေးအပ်ခဲ့သည့်ပြည်တော် တွင်ပျော်မွေ့စွာနေရကြလိမ့်မည်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
ဣသရေလအမျိုးသားတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားသင်တို့ကိုကယ်တင်သောကြောင့် သင်တို့သည်ထူးခြားသည့်လူမျိုးဖြစ်သည်။ သင်တို့ကိုကာကွယ်ရန်နှင့်ရန်သူကိုအောင် မြင်ရန် ထာဝရဘုရားကိုယ်တော်တိုင် သင်တို့၏ဒိုင်းလွှားသင်တို့၏ဋ္ဌားဖြစ်တော် မူ၏။ သင်တို့၏ရန်သူတို့သည်အသနားခံရန် သင်တို့ထံသို့လာကြလိမ့်မည်။ ထိုအခါသင်တို့သည်သူတို့ကိုနင်းချေ ကြလိမ့်မည်။