ဟေရှာယ 33:11Common Language Bibleသင်တို့သည်အကျိုးမရှိသည့်အကြံအစည် များကိုပြုကြ၏။ သင်တို့ပြုသမျှသောအမှု တို့သည်လည်း အချည်းနှီးပင်။ ငါ၏ဝိညာဉ်သည် မီးကဲ့သို့ဖြစ်၍သင်တို့ကိုဖျက်ဆီးလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ထိုနိုင်ငံသားတို့သည်လှိုင်းလုံးများသဖွယ် တစ်ဟုန်တည်းရှေ့သို့ချီတက်လာကြ၏။ သို့ ရာတွင်ဘုရားသခင်ကသူတို့အားဖြင့် ပြင်း ပြင်းထန်ထန်မိန့်ကြားဆုံးမတော်မူသော အခါသူတို့သည်တောင်နံရံမှမြေမှုန့်များ ကဲ့သို့လည်းကောင်း၊ လေဗွေတွင်လွင့်ပါသွား သည့်ဖွဲကဲ့သို့လည်းကောင်းဆုတ်ပြေးကြ ကုန်၏။-
ထို့ကြောင့်ကောက်ရိုးနှင့်မြက်ခြောက်တို့သည် မီး လျှံတွင်တွန့်လိမ်လောင်ကျွမ်းသွားသကဲ့သို့၊ သင်တို့၏အမြစ်များသည်ဆွေးမြေ့လျက် အပွင့်များသည်လည်းခြောက်သွေ့လွင့်စင်လျက် သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့ သည်ငါတို့အား ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအနန္တတန်ခိုး ရှင်ထာဝရဘုရားဟောပြောသွန်သင်တော်မူ သည့်တရားတော်ကိုပစ်ပယ်ကြသောကြောင့် ဖြစ်၏။-
သို့ဖြစ်၍ထာဝရဘုရားသည်အဘယ် လူငယ်လူရွယ်ကိုမျှ ချမ်းသာပေးတော်မူ လိမ့်မည်မဟုတ်။ မုဆိုးမများနှင့်မိဘမဲ့ သူများအားလည်းကရုဏာပြတော်မူ လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူ အပေါင်းတို့သည်ဘုရားမဲ့လျက်ယုတ်မာ လျက်ရှိကြသည့်အပြင် ညစ်ညမ်းသည့် စကားကိုသာလျှင်ပြောဆိုကြသောကြောင့် ဖြစ်၏။ ထို့ကြောင့်ထာဝရဘုရားအမျက် တော်မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုဆန့်တန်းချိန်ရွယ်လျက်ပင် ထားတော်မူ၏။