Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 32:16

Common Language Bible

တိုင်း​ပြည်​အ​တွင်း​၌​အ​ရပ်​တ​ကာ​တွင်​သူ တော်​ကောင်း​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​ကို ကျင့်​သုံး​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဇိ​အုန်​တောင်​တော်​ပေါ်​၌ ဘေး​အ​န္တရာယ်​ဖြစ်​စေ​သည့်​အ​ရာ​သို့​မ​ဟုတ် ဆိုး​ညစ်​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ ရှိ​လိမ့်​မည်​မ​ဟုတ်။ ပင်​လယ်​များ​သည်​ရေ​နှင့်​ပြည့်​လျက်​နေ​သ​ကဲ့​သို့၊ ထို​ပြည်​တော်​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​အား သိ​ကျွမ်း​မှု​အ​သိ​ပ​ညာ​နှင့်​ပြည့်​ဝ​၍​နေ​လိမ့် မည်။

ကိုယ်​တော်​သည်​တ​ရား​သူ​ကြီး​အ​ဖြစ်​ဆောင် ရွက်​ရ​သူ​တို့​အား တ​ရား​မျှ​တ​စွာ​ပြု​ကျင့် တတ်​သော​စိတ်​နေ​သ​ဘော​ထား​ကို​လည်း​ကောင်း၊ ရန်​သူ​တို့​ကို​မြို့​တံ​ခါး​များ​မှ​နှင်​ထုတ်​ရ ကြ​သော​သူ​တို့​အား ရဲ​စွမ်း​သတ္တိ​ကို​လည်း ကောင်း​ပေး​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​ကြီး​မြတ်​တော် မူ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​အ​စိုး​ရ​တော်​မူ​ပါ​၏။ ယေ​ရု​ရှ​လင်​မြို့​ကို​တ​ရား​မျှ​တ​မှု​နှင့် သော်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​ဖြင့်​သော် လည်း​ကောင်း​ပြည့်​ဝ​စေ​တော်​မူ​၍၊-

ထို​အ​ရပ်​တွင်``သန့်​ရှင်း​မြင့်​မြတ်​ရာ​သို့ သွား​သည့်​လမ်း'' ဟု နာ​မည်​တွင်​သော​လမ်း​မ​ကြီး​တစ်​သွယ် ပေါ်​ပေါက်​၍​လာ​လိမ့်​မည်။ အ​ဘယ်​အ​ပြစ်​ကူး​သူ​မှန်​သ​မျှ​ထို​လမ်း​ကို လျှောက်​သွား​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​လူ​မိုက်​က​မျှ​ထို​လမ်း​တွင် လျှောက်​နေ​သူ​တို့​အား လမ်း​မှား​စေ​နိုင်​လိမ့်​မည်​မ​ဟုတ်။

တော​ကန္တာ​ရ​နှင့်​ထို​အ​ရပ်​ရှိ​မြို့​များ​သည် ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ကြ​စေ။ ကေ​ဒါ​အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​စေ။ သေ​လ​မြို့​သူ​မြို့​သား​တို့​သည်​တောင်​ထိပ်​များ​မှ​နေ​၍ ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​စေ။

သူ​သည်​စိတ်​ပျက်​အား​လျော့​လိမ့်​မည်​မ​ဟုတ်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​တ​ရား​မျှ​တ​စွာ​စီ​ရင် အုပ်​ချုပ်​မှု​ကို​တည်​တံ့​ခိုင်​မြဲ​စေ​လိမ့်​မည်။ ရပ်​ဝေး​နိုင်​ငံ​များ​သည်​လည်း​သူ​၏​သြ​ဝါ​ဒ ကို စိတ်​ဝင်​စား​စွာ​စောင့်​မျှော်​ကြ​လိမ့်​မည်။''

``အ​ကယ်​၍​သင်​တို့​သာ​လျှင်​ငါ​၏​အ​မိန့် တော်​များ​ကို နား​ထောင်​ကြ​မည်​ဆို​ပါ​မူ အ​ဘယ်​မျှ​ကောင်း​လိမ့်​မည်​နည်း။ ငြိမ်​သက်​ခြင်း​ချောင်း​ရေ​ကဲ့​သို့၊သင်​တို့​အ​တွက် စီး​ဆင်း​လာ​မည်​သာ။ အောင်​မြင်​ခြင်း​သည်​လည်း​ကမ်း​ခြေ​တွင် ရိုက်​ခတ်​သည့်​လှိုင်း​လုံး​များ​ကဲ့​သို့​သင်​တို့​အ​တွက် ပေါ်​ထွက်​လာ​မည်​သာ။

သင်​၏​လူ​အ​ပေါင်း​တို့​သည်​မှန်​ရာ​ကို​ပြု​ကျင့် ကြ​လျက်၊ ပြည်​တော်​ကို​အ​စဉ်​အ​မြဲ​ပိုင်​ဆိုင်​ရ​ကြ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့​ရှေ့​တွင်​ငါ​၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​ရန်၊ ငါ​သည်​သူ​တို့​ကို​ပြု​စု​ပျိုး​ထောင်​ခဲ့​ပြီ။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဤ​လူ​တို့​အား​မိ​မိ တို့​ပြည်​သို့​ငါ​ပြန်​လည်​ပို့​ဆောင်​သော​အ​ခါ၊ `ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကျိန်း​ဝပ်​တော်​မူ သည့် သန့်​ရှင်း​ရာ​ဌာ​န​တော်​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​တောင်​တော်​ကို​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သ​တည်း' ဟု သူ​တို့​သည်​ယု​ဒ​ပြည်​မြို့​ရွာ​များ​၌​တစ်​ဖန် ပြန်​လည် မြွက်​ဆို​ကြ​လိမ့်​မည်။

သို့​ရာ​တွင်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင် ဒါ​ဝိဒ်​မင်း​၏​အ​ဆက်​အ​နွယ်​ထံ​သို့​လည်း ကောင်း​ပြန်​လာ​မည့်​အ​ချိန်​ကျ​ရောက်​လိမ့် မည်။ ထို​အ​ခါ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား အား​ကြောက်​ရွံ့​ရို​သေ​ကြ​လိမ့်​မည်။ ကိုယ် တော်​သည်​လည်း​သူ​တို့​အား​ကောင်း​ချီး မင်္ဂ​လာ​ကို​ချ​ပေး​တော်​မူ​လိမ့်​မည်။

ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့ တော်​ယေ​ရု​ရှ​လင်​သို့​ပြန်​လာ​မည်။ ထို​မြို့ တွင်​ကျိန်း​ဝပ်​တော်​မူ​မည်။ ထို​မြို့​သည်​သစ္စာ ရှိ​သော​မြို့​ဟူ​၍​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​သည်​သန့် ရှင်း​မြင့်​မြတ်​သည့်​တောင်​ဟူ​၍​လည်း​ကောင်း နာ​မည်​တွင်​လိမ့်​မည်။-''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ