Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 32:12

Common Language Bible

သီး​နှံ​ကောင်း​စွာ​ထွက်​သည့်​လယ်​ယာ​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​သည်​ပျက်​စီး​သွား​ပြီ ဖြစ်​သ​ဖြင့်​လည်း​ကောင်း၊ ငါ့​အ​မျိုး​သား တို့​၏​မြေ​ယာ​များ​ကို ဆူး​ခြုံ​အ​မျိုး​မျိုး ဖုံး​လွှမ်း​လျက်​နေ​ပြီ​ဖြစ်​သ​ဖြင့်​လည်း​ကောင်း၊ သင်​တို့​သည်​ကြေ​ကွဲ​ဝမ်း​နည်း​လျက်​မိ​မိ​တို့ ရင်​ပတ်​များ​ကို​တီး​ခတ်​ကြ​လော့။ ယ​ခင် အ​ခါ​က​လူ​တို့​ပျော်​ရွှင်​စွာ​နေ​ထိုင်​ခဲ့​ကြ သည့်​အိမ်​များ​နှင့် စည်​ကား​သိုက်​မြိုက်​စွာ​ရှိ နေ​ခဲ့​သည့်​မြို့​၏​အ​တွက်​ငို​ကြွေး​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ပျက် ပြုန်း​စေ​တော်​မူ​၍ လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​စေ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ မျက်​နှာ​ပြင်​ကို​တွန့်​လိမ်​စေ​၍ လူ​တို့​ကို ကွဲ​လွင့်​စေ​တော်​မူ​လိမ့်​မည်။-

စ​ပျစ်​ပင်​တို့​သည်​ညှိုး​နွမ်း​သ​ဖြင့်​စ​ပျစ် ရည်​ရှား​ပါး​၍​လာ​လေ​သည်။ အ​ခါ​တစ်​ပါး က​ကြည်​လင်​ရွှင်​လန်း​လျက်​ရှိ​ကြ​သူ​လူ အ​ပေါင်း​တို့​သည် ယ​ခု​အ​ခါ​စိတ်​ညှိုး ငယ်​လျက်​နေ​ကြ​၏။-

ငါ​၏​မျက်​စိ​များ​သည်​ငို​ရ​လွန်း​သ​ဖြင့် နွမ်း​နယ်​လျက်​နေ​ပါ​၏။ ငါ​၏​စိတ်​ဝိ​ညာဉ်​သည်​လည်း​ပူ​ဆွေး​လျက်​ရှိ​ပါ​၏။ ငါ​သည်​မိ​မိ​အ​မျိုး​သား​တို့​ဆုံး​ပါး​ပျက်​စီး ကြ​သည့်​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​ဖြင့် အား​အင်​ကုန်​ခန်း​လျက်​နေ​ပေ​သည်။ သူ​ငယ်​နှင့်​နို့​စို့​က​လေး​တို့​သည်​မြို့​တွင်း​ရှိ လမ်း​များ​ပေါ်​တွင်​မေ့​မြော​၍​နေ​ကြ​၏။

သို့​ဖြစ်​၍​အ​သာ​ယာ​ဆုံး​သော​ပြည်၊ နို့​နှင့် ပျား​ရည်​စီး​နေ​သော​ပြည်​တည်း​ဟူ​သော ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​သို့ သူ​တို့​အား​ပို့ ဆောင်​တော့​မည်​မ​ဟုတ်​ဟု​ငါ​သည်​တော ကန္တာ​ရ​တွင်​ကျိန်​ဆို​ခဲ့​၏။-

သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ကာ သူ​တို့​အ​တွက်​ရွေး​ချယ်​ထား​သော​ပြည်​သို့ ခေါ်​ယူ​သွား​မည်​ဟု ငါ​က​တိ​ပေး​ကျိန်​ဆို ခဲ့​သည်​မှာ​ထို​အ​ခါ​က​ဖြစ်​၏။ ထို​ပြည်​ကား နို့​နှင့်​ပျား​ရည်​စီး​ဆင်း​နေ​၍​ပေါ​များ​သော ပြည်၊ အ​သာ​ယာ​ဆုံး​သော​ပြည်​ဖြစ်​၏။-

သူ​တို့​သည်​ငါ​တို့​၏​စ​ပျစ်​နွယ်​များ​ကို​ဖျက်​ဆီး​ကာ၊ ငါ​တို့​သ​ဖန်း​ပင်​များ​ကို​ကိုက်​ဖြတ်​ပစ်​ကြ​၏။ သူ​တို့​သည်၊အ​ကိုင်း​အ​ခက်​များ​ဖြူ​သွား​သည်​တိုင်​အောင်၊ သစ်​ခေါက်​များ​ကို​အ​ကုန်​အ​စင်​သုတ်​သင်​ပယ်​ရှင်း​ကြ​လေ​ပြီ။

မိ​ဖု​ရား​သည်​အ​ဖမ်း​ခံ​ပြီး​ဖြစ်​၍ ရံ​ရွေ​တော်​တို့​သည်​ချိုး​ငှက်​များ​ကဲ့​သို့ ညည်း​တွား​ငို​ယို​ကြ​ကုန်​၏။ သူ​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သ​ဖြင့်​မိ​မိ​တို့ ရင်​ဘတ်​များ​ကို​တီး​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ