Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 32:10

Common Language Bible

သင်​တို့​သည်​ယ​ခု​အ​ခါ​ကျေ​နပ်​ရောင့်​ရဲ လျက်​ရှိ​နေ​မည်​ဖြစ်​သော်​လည်း နောင်​နှစ်​ခါ ဤ​အ​ချိန်​၌​စိတ်​ပျက်​ရကြ​ပေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​စု​သိမ်း​ရန် စ​ပျစ်​သီး​များ​ရ​ရှိ​မည်​မ​ဟုတ်​သော ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​အ​ခါ​မြေ​သြ​ဇာ​ကောင်း​သည့်​လယ်​များ တွင် ဝမ်း​မြောက်​ရွှင်​လန်း​သူ​မ​ရှိ။ စ​ပျစ်​ဥ​ယျာဉ် များ​၌​ကြွေး​ကြော်​သီ​ဆို​သူ​မ​ရှိ။ စ​ပျစ်​သီး များ​ကို​နယ်​၍​စ​ပျစ်​ရည်​လုပ်​သူ​လည်း​မ​ရှိ တော့​ပေ။ ပျော်​ရွှင်​စွာ​ကြွေး​ကြော်​မှု​များ​သည် ဆိတ်​သုဉ်း​ခဲ့​လေ​ပြီ။-

ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​စ​ပျစ် ပင်​တစ်​ထောင်​ရှိ​၍ ငွေ​ခွက်​တစ်​ထောင်​တန်​ဖိုး ထိုက်​သည့်​စ​ပျစ်​ဥ​ယျာဉ်​တိုင်း​ပင်​လျှင်​ဆူး ခြုံ​အ​မျိုး​မျိုး​ဖြင့်​ဖုံး​အုပ်​၍​နေ​လိမ့်​မည်။-

``လူ​သည်​မိ​မိ​သီး​နှံ​ကို​ရိတ်​သိမ်း​သ​ကဲ့​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော် အား​ရိတ်​သိမ်း​လို​သည်။ သို့​သော်​သူ​တို့​သည် အ​ရွက်​များ​ပင်​ညှိုး​နွမ်း​လျက် အ​သီး​မ​ရှိ သည့်​စ​ပျစ်​ပင်​များ၊ အ​သီး​မ​သီး​သော​သင်္ဘော သ​ဖန်း​ပင်​များ​နှင့်​တူ​ကြ​၏။ ထို​ကြောင့်​ငါ ပေး​သော​ပြည်​တော်​ကို​တစ်​ပါး​သူ​တို့​၏ လက်​ထဲ​သို့​ရောက်​စေ​တော်​မူ​လေ​ပြီ။

သူ​၏​ချစ်​သူ​များ​က​သူ့​အား​လက်​ဆောင် အ​ဖြစ်​ပေး​သည်​ဟု​ဆို​သော​စ​ပျစ်​ပင်​နှင့် သ​ဖန်း​ပင်​များ​ကို​ငါ​ဖျက်​ဆီး​မည်။ ငါ​သည် သူ​၏​စ​ပျစ်​ခြံ​နှင့်​သစ်​သီး​ခြံ​တို့​ကို​သား​ရဲ များ​ကိုက်​ဖြတ်​ဖျက်​ဆီး​သ​ဖြင့် ချုံ​နွယ်​ပိတ် ပေါင်း​ထူ​သော​အ​ရပ်​ဖြစ်​စေ​မည်။-

ထို​နည်း​အ​တိုင်း​ဣ​သ​ရေ​လ​ပြည်​သား​တို့ သည်​ဘု​ရင်​မ​ရှိ၊ ခေါင်း​ဆောင်​မ​ရှိ၊ ယဇ်​ပူ​ဇော် ခြင်း​မ​ရှိ၊ ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​မ​ရှိ၊ ရုပ်​တု​များ​မ​ရှိ​ဘဲ​လျက်​ကြာ​မြင့်​စွာ​နေ ထိုင်​ရ​လိမ့်​မည်။-

စ​ပျစ်​နွယ်​ပင်​များ​နှင့်​သ​ဖန်း​ပင်​တို့​သည်​ညှိုး​နွမ်း​ခြောက်​သွေ့​ကြ​လေ​ပြီ။ သီး​ပင်​မှန်​သ​မျှ​တို့​သည်​ညှိုး​နွမ်း​၍​သေ​ကြ​လေ​ကုန်​ပြီ။ လူ​တို့​မှာ​လည်း​ပျော်​ရွှင်​မှု​မ​ရှိ​တော့​ပေ။

အ​ချင်း​သေ​သောက်​ကြူး​တို့​နိုး​ထ​၍​ငို​ကြွေး​ကြ​လော့။ အ​ချင်း​စ​ပျစ်​ရည်​သ​မား​တို့​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ စ​ပျစ်​ရည်​သစ်​ပြု​လုပ်​ရန်​စ​ပျစ်​သီး​များ​ပျက်​စီး​ကုန်​ပြီ။

သူ​တို့​သည်​ငါ​တို့​၏​စ​ပျစ်​နွယ်​များ​ကို​ဖျက်​ဆီး​ကာ၊ ငါ​တို့​သ​ဖန်း​ပင်​များ​ကို​ကိုက်​ဖြတ်​ပစ်​ကြ​၏။ သူ​တို့​သည်၊အ​ကိုင်း​အ​ခက်​များ​ဖြူ​သွား​သည်​တိုင်​အောင်၊ သစ်​ခေါက်​များ​ကို​အ​ကုန်​အ​စင်​သုတ်​သင်​ပယ်​ရှင်း​ကြ​လေ​ပြီ။

သူတစ်ပါးတို့သည်ထိုသူတို့၏စည်းစိမ် ဥစ္စာများကိုလုယူကာသူတို့၏အိမ်များ ကိုဖျက်ဆီးလိုက်ကြလိမ့်မည်။ သူတို့သည် မိမိတို့ဆောက်လုပ်လျက်ရှိသည့်အိမ်များ တွင်အဘယ်အခါ၌မျှနေထိုင်ရကြ လိမ့်မည်မဟုတ်။ မိမိတို့စိုက်ပျိုးလျက်ရှိ သည့်စပျစ်ဥယျာဉ်များမှစပျစ်ရည်ကို လည်းသောက်ရကြလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ