ဟေရှာယ 31:7Common Language Bibleသင်တို့အားလုံးပင်မိမိတို့သွန်းလုပ်ထား သောညစ်ညမ်းသည့်ရွှေ၊ ငွေရုပ်တုများကိုပစ် ထုတ်လိုက်မည့်အချိန်ကာလကျရောက်လာ လိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ဣသရေလပြည်သားတို့သည်ရုပ်တုများနှင့် အပြီးအပိုင်အဆက်ဖြတ်ကြလိမ့်မည်။ ငါသည်သူတို့၏ဆုတောင်းပတ္ထနာကိုနား ညောင်း၍ သူတို့ကိုစောင့်ရှောက်မည်။ ငါသည်အမြဲစိမ်းလန်းသောအပင်ကဲ့သို့ သူတို့ကိုကာကွယ်ထားမည်။ ငါသည်သူတို့အတွက်ကောင်းချီးမင်္ဂလာ အဖြာဖြာ စီးဆင်းရာဖြစ်တော်မူမည်။
သူတို့၏ရုပ်တုများကိုမီးရှို့ပစ်လော့။ ထိုရုပ်တု များတွင်မွမ်းမံထားသောရွှေငွေကိုတပ်မက်၍ သင်တို့အဖို့မယူကြနှင့်။ ထာဝရဘုရားသည် ရုပ်တုကိုးကွယ်ခြင်းကိုရွံရှာမုန်းတီးတော်မူ သဖြင့် ရုပ်တုများမှရွှေငွေကိုယူမိလျှင်သင် တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့်မည်။-