ဟေရှာယ 30:15Common Language Bibleဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့် မြတ်သည့်ဘုရားသခင်ထာဝရဘုရားက လူတို့အား``သင်တို့သည်ငါ့ထံသို့ပြန်လာ ကာတည်ငြိမ်စွာ ငါ့အားယုံကြည်ကိုးစား၍ နေကြလော့။ သို့ပြုလျှင်သင်တို့သည်ခွန်အား စွမ်းရည်ကိုရ၍ကယ်တင်ခြင်းကိုရကြ လိမ့်မည်'' ဟုမိန့်တော်မူပါ၏။ သို့ရာတွင် သင်တို့သည်ကိုယ်တော်၏စကားကိုနား မထောင်ကြ။- အခန်းကိုကြည့်ပါ။ |
သူ၏ဘက်၌လူသားတို့၏တန်ခိုးစွမ်းရည် သာလျှင်ရှိပေသည်။ ငါတို့ဘက်၌မူကား ကူမတော်မူ၍စစ်ပွဲများတွင်ပါဝင်တိုက် ခိုက်တော်မူသောငါတို့၏ဘုရားသခင် ထာဝရဘုရားရှိတော်မူ၏'' ဟုမိန့်တော် မူလေသည်။ ဤသို့မင်းကြီးမိန့်တော်မူ သောစကားကြောင့်လူတို့သည်အား တက်လာကြကုန်၏။
အဘယ်သူသည်ဣသရေလအမျိုးသား တို့အား၊ တိုက်ခိုက်လုယက်သူတို့လက်သို့အပ်နှံပါ သနည်း။ ထိုသူကားငါတို့ပြစ်မှားကြသည့်ထာဝရ ဘုရားပင် ဖြစ်ပါသည်တကား။ ငါတို့သည်ကိုယ်တော်အလိုရှိတော်မူသကဲ့သို့ မနေမထိုင်ကြ။ ကိုယ်တော်ပေးတော်မူသည့်သြဝါဒတော်တို့ကိုလည်း မလိုက်လျှောက်ကြ။
သို့ဖြစ်၍`ထာဝရဘုရား၏ဝန်ထုပ်ဝန်ပိုး' ဟူသောစကားကို နောက်တစ်ဖန်ထိုသူတို့ မပြောရကြ။ အဘယ်ကြောင့်ဆိုသော်တစ် စုံတစ်ယောက်သောသူသည်ဤသို့ပြောဆို ပါက၊ ငါ၏ဗျာဒိတ်တော်ကိုယင်းသို့ပြော ဆိုသူအတွက်အကယ်ပင်ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်။ လူတို့သည် မိမိတို့၏ဘုရားသခင်၊ အသက်ရှင်တော်မူသောအနန္တ တန်ခိုးရှင်ထာဝရဘုရား၏စကား တော်ကို အမှောက်မှောက်အမှားမှားဖြစ် စေကြလေပြီ။-
``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်တော် မူသောစေတမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မကြီးသည်ကြက်ကလေးများကိုမိမိ ၏အတောင်အောက်တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင့်ကိုယုယပိုက်ထွေးနိုင်ရန်ကြိမ် ဖန်များစွာကြိုးစားခဲ့လေပြီ။ သို့ရာတွင်သင် သည်ငါ့ကိုအခွင့်မပေးခဲ့။-
``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်သော တမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မသည် ကြက်ကလေးများကိုမိမိ၏အတောင်အောက် တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင်၏သား သမီးများကိုစုသိမ်းထားလိုသည်မှာကြိမ်ဖန် များလှလေပြီ။ သို့ရာတွင်သင်မူကားငါ့ကို ဤသို့မပြုစေလို။-
ထိုကြောင့်သင်တို့သည်မိန့်တော်မူသံကို ကြားနာရန်ငြင်းဆန်သူများမဖြစ်စေရန် သတိပြုကြလော့။ ဗျာဒိတ်တော်ကိုဆင့် ဆိုသောသူကိုကမ္ဘာမြေကြီးပေါ်တွင်နား ထောင်ရန်ငြင်းဆန်သူတို့သည်အပြစ်ဒဏ် ခံကြရလျှင် ငါတို့သည်ကောင်းကင်ဘုံမှ မိန့်တော်မူသောအရှင်အားကျောခိုင်းကြ မည်ဆိုပါမူအဘယ်သို့လျှင်အပြစ် ဒဏ်မှလွတ်မြောက်နိုင်ပါမည်နည်း။-