ဟေရှာယ 3:25Common Language Bibleသူတို့၏လင်ယောကျာ်းများသည်လည်း အဘယ် မျှပင်ခွန်အားကြီးမားကြစေကာမူစစ် ပွဲတွင်ကျဆုံးကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
လယ်ပြင်များသို့သွားသောအခါစစ်ပွဲတွင် ကျဆုံးသူများကိုငါမြင်ရ၏။ မြို့များသို့ဝင်သောအခါလူတို့အစာငတ်၍ သေကြသည်ကိုမြင်ရ၏။ ပရောဖက်များနှင့်ယဇ်ပုရောဟိတ်များသည် မိမိတို့အဘယ်သို့သောအမှုကိုပြုလျက် နေမှန်းမသိဘဲ၊ အလုပ်တာဝန်များကိုထမ်းဆောင်နေကြ၏။''
ငါသည်သင်တို့၏အမျိုးသမီးများအား မုဆိုးမဖြစ်လျက် အရေအတွက်အားဖြင့်ပင်လယ်ကမ်းခြေ သဲလုံးမကများလေပြီ။ ငါသည်ငယ်ရွယ်သူတို့အားမွန်းတည့်ချိန်၌ သုတ်သင်ခြင်းဖြင့် သူတို့၏မိခင်များပူဆွေးရကြသည်။ သူတို့သည်ရုတ်တရက်ထိတ်လန့်တုန်လှုပ်ကာ ပူပင်သောကရောက်ရကြလေပြီ။
သို့ရာတွင် အို ထာဝရဘုရား၊ ယခုအခါ၌ သူတို့၏သားသမီးများအားအစာရေစာ ငတ်လျက်သေစေတော်မူပါ။ သူတို့အားစစ် ပွဲတွင်ကျဆုံးစေတော်မူပါ။ အမျိုးသမီး တို့အားမိမိတို့ခင်ပွန်းများနှင့်သားသမီး များကိုဆုံးရှုံးစေတော်မူပါ။ အမျိုးသား တို့အားသေစေတော်မူ၍ လူငယ်လူရွယ်တို့ အားစစ်ပွဲတွင်ကျဆုံးစေတော်မူပါ။-
ဤမြို့တွင်ရှိနေသူမှန်သမျှသည်စစ်ပွဲ တွင်ကျဆုံးရကြလိမ့်မည်။ သို့မဟုတ် အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သော်လည်းကောင်း၊ အနာရောဂါဘေးဖြင့် သော်လည်းကောင်းသေရကြလိမ့်မည်။ သို့ ရာတွင်မြို့ပြင်သို့ထွက်၍ယခုဝိုင်းရံတိုက် ခိုက်လျက်နေသောဗာဗုလုန်ပြည်သားတို့ အား လက်နက်ချသူတို့မူကားသေရကြ လိမ့်မည်မဟုတ်။ ယုတ်စွအဆုံးအသက် ဘေးမှလွတ်မြောက်ကြလိမ့်မည်။-