Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 3:17

Common Language Bible

သို့​ရာ​တွင်​ငါ​သည်​သူ​တို့​အား ဦး​ပြည်း ခေါင်း​တုံး​ရိတ်​၍​အ​ပြစ်​ပေး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အာ​ရှု​ရိ​ဘု​ရင်​သည်​ဤ​နိုင်​ငံ​နှစ်​ခု​မှ​ဖမ်း​ဆီး ရ​မိ​သည့်​သုံ့​ပန်း​များ​ကို အ​ဝတ်​အ​ချည်း​စည်း နှင့်​ခေါ်​ဆောင်​သွား​လိမ့်​မည်။ သူ​တို့​သည်​လူ​ကြီး လူ​ငယ်​မ​ကျန်၊ ဖိ​နပ်​မ​ပါ၊ မိ​မိ​တို့​အ​ရှက်​ကို ပင်​မ​ဖုံး​နိုင်​ဘဲ​အ​ဝတ်​အ​ချည်း​စည်း​နှင့်​လိုက် ပါ​သွား​ကာ အီ​ဂျစ်​ပြည်​ကို​အ​သ​ရေ​ဖျက် ကြ​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင်​မြို့​သူ​တို့ သည်​အ​ဘယ်​မျှ​မာန်​မာ​န​ကြီး​လျက်​နေ​သည် ကို​ကြည့်​ကြ​လော့။ သူ​တို့​သည်​လည်​ကို​မော်​၍ သွား​လာ​တတ်​ကြ​၏။ အ​စဉ်​ပင်​လျှပ်​ပေါ်​လော် လီ​ကာ​နေ​ကြ​၏။ သူ​တို့​၏​ခြေ​လှမ်း​က​လေး များ​သည်​သာ​ယာ​ညင်း​ပျောင်း​လှ​၍ သူ​တို့​၏ ခြေ​ချင်း​များ​သည်​လည်း​တ​ချွင်​ချွင်​မြည် လျက်​ရှိ​၏။-

ယေ​ရု​ရှ​လင်​မြို့​သူ​တို့​ဂုဏ်​ယူ​ဝါ​ကြွား​သ​မျှ သော​အ​ရာ​များ​ကို ထာ​ဝ​ရ​ဘု​ရား​သည်​သူ တို့​ထံ​မှ​သိမ်း​ယူ​တော်​မူ​မည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ သူ​တို့​၏​ခြေ​ချင်း​များ၊ ဦး​ခေါင်း တန်​ဆာ​များ၊ လည်​ဆွဲ​များ၊-

အ​ကယ်​၍​သင်​တို့​က``ဤ​အ​မှု​အ​ရာ​သည် အ​ဘယ်​ကြောင့်​ဖြစ်​ပျက်​ရ​ပါ​မည်​နည်း။ ငါ တို့​၏​အ​ဝတ်​များ​သည်​အ​ဘယ်​ကြောင့်​စုတ် ပြတ်​သွား​ရ​ပါ​သ​နည်း။ ငါ​တို့​သည်​အ​ဘယ် ကြောင့်​အ​နှောင့်​အ​ယှက်​ခံ​ရ​ကြ​ပါ​သ​နည်း'' ဟူ​၍​မေး​ပါ​မူ``သင်​တို့​၏​အ​ပြစ်​သည် ကြောက်​လန့်​ဖွယ်​ကောင်း​လှ​သော​ကြောင့် ဖြစ်​သည်'' ဟု​ဖြေ​ကြား​ရ​ပေ​မည်။-

ရှ​ဖိ​ရ​မြို့​သား​တို့၊ အ​ဝတ်​အ​ချည်း​စည်း ဖြင့်​အ​ရှက်​ကွဲ​လျက်​သုံ့​ပန်း​အ​ဖြစ်​ရောက် ကြ​လော့။ ဇာ​နန်​မြို့​သား​တို့​သည်​မြို့​ပြင် သို့​မ​ထွက်​ဝံ့​ကြ။ ဗေ​သ​ဇေ​လ​မြို့​သား တို့​ငို​ကြွေး​သံ​ကို​သင်​တို့​ကြား​ရ​သော အ​ခါ ထို​မြို့​တွင်​သင်​တို့​ခို​လှုံ​နိုင်​မည် မ​ဟုတ်​ကြောင်း​သိ​ရ​လိမ့်​မည်။-

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​က ``အို နိ​နေ​ဝေ​မြို့​ငါ​သည်​သင့်​ကို​အ​ပြစ်​ဒဏ် ခတ်​မည်။ အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​စေ​၍၊လူ​မျိုး​တ​ကာ တို့​အား ရှု​ကြည့်​ခွင့်​ပေး​မည်။ သင်​အ​ရှက်​ကွဲ​သည်​ကို​နိုင်​ငံ​များ တွေ့​မြင်​ရ​ကြ​လိမ့်​မည်။

အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့ သင်​တို့​၌​အ​နာ စိမ်း​ရော​ဂါ​စွဲ​စေ​တော်​မူ​မည်။ သင်​တို့​၏​ကိုယ် ပေါ်​တွင်​အ​နာ​ပေါက်​စေ​တော်​မူ​မည်။ သင်​တို့ တွင်​ဆေး​ကု​၍​မ​ရ​သော​ဝဲ​ခြောက်​နာ၊ ယား နာ​များ​စွဲ​ကပ်​လိမ့်​မည်။-

ပ​ထ​မ​ကောင်း​ကင်​တ​မန်​သည်​သွား​၍ မိ​မိ ဖ​လား​မှ​အ​မျက်​တော်​ကို​ကမ္ဘာ​မြေ​ပေါ်​သို့ သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​သား​ရဲ​၏​အ​မှတ် တံ​ဆိပ်​ခတ်​နှိပ်​ခြင်း​ခံ​ရ​သူ​များ​နှင့် သူ​၏ ရုပ်​ကို​ရှိ​ခိုး​သော​သူ​တို့​တွင်​အ​လွန်​ဆိုး​ရွား သော​အ​နာ​စိမ်း​များ​ပေါက်​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ