Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 29:8

Common Language Bible

ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ကြ​သည့်​လူ​မျိုး အ​ပေါင်း​တို့​သည် အိပ်​မက်​တွင်​အ​စား​အ​သောက် များ​ကို​စား​ရ​၍ အိပ်​ရာ​မှ​နိုး​ထ​ချိန်​၌​မွတ် သိပ်​မြဲ​မွတ်​သိပ်​လျက်​နေ​သူ​နှင့်​လည်း​ကောင်း၊ အိပ်​မက်​တွင်​ရေ​ကို​သောက်​ရ​၍ အိပ်​ရာ​မှ​နိုး ထ​ချိန်​ရေ​ငတ်​မြဲ​ငတ်​လျက်​နေ​သူ​နှင့် လည်း​ကောင်း​တူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝရ​ဘု​ရား​သည်​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်​၍ အာ​ရှု​ရိ​တပ်​သား​များ​နှင့်​တပ်​မ တော်​အ​ရာ​ရှိ​များ​အား​သုတ်​သင်​ပယ်​ရှင်း စေ​တော်​မူ​၏။ ဧ​က​ရာဇ်​မင်း​သည်​အ​ရှက်​ကွဲ လျက်​အာ​ရှု​ရိ​ပြည်​သို့​ပြန်​တော်​မူ​၏။ တစ် နေ့​သ​၌​သူ​သည်​မိ​မိ​ဘု​ရား​၏​ဗိ​မာန် တော်​၌​ရှိ​နေ​စဉ် သား​တော်​အ​ချို့​တို့​သည် သူ့​အား​ဋ္ဌား​ဖြင့်​လုပ်​ကြံ​ကြ​လေ​သည်။

ဇိ​အုန်​မြို့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​သည် အ​ရေး​ရှုံး​နိမ့်​လျက်​တပ်​လန်​ကြ​ပါ​စေ​သော။

အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည်​နံ​နက်​ချိန်​၌​ပျောက်​ကွယ် သွား​သည့် အိပ်​မက်​နှင့်​တူ​ပါ​၏။ ကိုယ်​တော်​ရှင်​နိုး​ထ​တော်​မူ​သော​အ​ခါ​သူ​တို့​သည် ပျောက်​ကွယ်​သွား​ကြ​ပါ​၏။

အို ငါ​၏​လူ​မျိုး​တော်၊သင်​တို့​ကို​အ​မျက်​ထွက်​သော သူ​တို့​သည်​အ​သ​ရေ​ပျက်​၍​အ​ရှက်​ကွဲ​ကြ လိမ့်​မည်။ သင်​တို့​အား​တိုက်​ခိုက်​သူ​တို့​သည်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်။

သူ​တို့​သည်​ကမ္ဘာ​မြေ​ကြီး​ပေါ်​မှ ကွယ်​ပျောက်​သွား​ကြ​လိမ့်​မည်။

ပန်း​ပဲ​သ​မား​သည်​သံ​ကို​ယူ​ပြီး​လျှင်​မီး​တွင် ဖုတ်​၏။ ထို​နောက်​မိ​မိ​၏​သန်​မာ​သော​လက်​ရုံး ကို​လွှဲ​၍​သံ​တူ​နှင့်​ထု​ကာ​ပုံ​ဖော်​ပေး​၏။ သူ သည်​အ​စာ​ရေ​စာ​မွတ်​သိပ်​၍​မော​ပန်း​တတ် သူ​ဖြစ်​၏။

သို့​ရာ​တွင်​အ​ဘယ်​လက်​နက်​မျှ​သင့်​အား​အ​နာ​တ​ရ ဖြစ်​စေ​နိုင်​လိမ့်​မည်​မဟုတ်။ သင်​သည်​မိ​မိ​အား​ပြစ်​တင်​စွပ်​စွဲ​သူ​မှန်​သ​မျှ​ကို ပြန်​လည်​ချေ​ပ​နိုင်​လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​များ​ကာ​ကွယ်​စောင့်​ရှောက်​ရန် အောင်​ပွဲ​ကို​ပေး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ​သော စ​ကား​ပင်​ဖြစ်​သ​တည်း။

ကြည့်​လော့၊ သ​တင်း​ကောင်း​ကို​ယူ​ဆောင်​လာ သူ​စေ​တ​မန်​သည်​တောင်​များ​ကို​ကျော်​ဖြတ် လျက်​နေ​၏။ သူ​သည်​အောင်​ပွဲ​ခံ​ရ​သည့်​သ​တင်း ကို​ကြေ​ညာ​ရန်​လာ​လျက်​ရှိ​ပေ​သည်။ အို ယု​ဒ ပြည်​သား​တို့​သင်​တို့​၏​ဋ္ဌမ္မ​ပွဲ​သ​ဘင်​များ ကို​ကျင်း​ပ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား သင်​တို့​ဆက်​ကပ်​ပေး​လှူ​ကြ​လော့။ သူ​ယုတ် မာ​များ​သည်​သင်​တို့​ပြည်​သို့​နောက်​တစ်​ဖန် ချင်း​နင်း​ဝင်​ရောက်​ရ​ကြ​တော့​မည်​မ​ဟုတ်။ သူ​တို့​သည်​လုံး​ဝ​ဆုံး​ပါး​ပျက်​စီး​သွား ကြ​လေ​ကုန်​ပြီ။

အို နိ​နေ​ဝေ​မြို့၊ရန်​သူ​သည်​သင့်​ကို​တိုက်​ခိုက် လျက်​ရှိ​၏။ သင်​တို့​ချေ​မှုန်း​ပစ်​မည့်​သူ​သည်​ရောက်​ရှိ​လာ လေ​ပြီ။ သင်​၏​ခံ​တပ်​များ​ကို​ကြီး​ကြပ်​အုပ်​ချုပ်​လော့။ လမ်း​တွင်​အ​စောင့်​ချ​ထား​လော့။ တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ပြင်​ဆင်​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ