Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 29:5

Common Language Bible

အို ယေ​ရု​ရှ​လင်​မြို့၊ သင့်​ကို​တိုက်​ခိုက်​ကြ သည့်​လူ​မျိုး​ခြား​အ​ပေါင်း​တို့​သည် မြေ​မှုန့် ကဲ့​သို့​လည်း​ကောင်း၊ သူ​တို့​၏​ကြောက်​မက် ဖွယ်​ကောင်း​သည့်​စစ်​တပ်​များ​သည် ဖွဲ​ကဲ့ သို့​လည်း​ကောင်း​ချက်​ခြင်း​လွင့်​စင်​သွား ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

သူတို့သည် လေရှေ့မှာအမှိုက်နှင့် မုန်တိုင်းတိုက် သွားသော ဖွဲကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ်ဘူးသည်ကို၎င်း၊

သို့​ရာ​တွင်၊သူ​ယုတ်​မာ​တို့​မူ​ကား​အ​ဘယ်​နည်း​နှင့်​မျှ​ဤ​သို့​မ​ဖြစ်​နိုင်။ သူ​တို့​သည်​လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား​တတ်​သော​ဖွဲ​နှင့်​တူ​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​သ​ဖြင့် သူ​တို့​သည်​လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား တတ်​သော ဖွဲ​ကဲ့​သို့​ဖြစ်​ရ​ကြ​ပါ​စေ​သော။

ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဘေး​အန္တ​ရာယ် ဆိုး​ကို​ကမ္ဘာ​မြေ​ပေါ်​သို့​သက်​ရောက်​စေ​၍ သူ ယုတ်​မာ​တို့​အား​မိ​မိ​တို့​၏​အ​ပြစ်​များ အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​မည်။ ငါ​သည်​မာန် မာ​န​ကြီး​သူ​မှန်​သ​မျှ​ကို​ရှုတ်​ချ​၍ စိတ် ကြီး​ဝင်​ကာ​ရက်​စက်​ကြမ်း​ကြုတ်​သူ အ​ပေါင်း​အား​အ​ပြစ်​ဒဏ်​ခတ်​မည်။-

တန်​ခိုး​ကြီး​မား​သည့်​လူ​မျိုး​တို့​သည်​ကိုယ်​တော် ရှင်​ကို ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။ ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​နေ​ထိုင်​ရာ မြို့​များ​တွင်​လည်း ကိုယ်​တော်​အား​ကြောက်​လန့်​၍​နေ​ကြ​ပါ​လိမ့်​မည်။

ဆင်း​ရဲ​သူ​နှင့် ခို​ကိုး​ရာ​မဲ့​သူ​တို့​သည် ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ခို​လှုံ​ကြ​သ​ဖြင့် ဒုက္ခ​ရောက်​ချိန်​၌​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရ​ရှိ​ကြ ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​မိုး​သက်​မုန်​တိုင်း​မှ အ​ကာ​အ​ကွယ်​ကို​လည်း​ကောင်း၊ ပြင်း​ထန်​သည့်​အ​ပူ​ရှိန်​မှ​ခို​လှုံ​ရန်​အ​ရိပ် အာ​ဝါ​သ ကို​လည်း​ကောင်း​ပေး​တော်​မူ​ပါ​၏။ ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​၏​တိုက်​ခိုက်​မှု​သည်၊ ဆောင်း​လေ​ပြင်း​နှင့်​လည်း​ကောင်း၊

ခြောက်​သွေ့​ရာ​ဒေ​သ​တွင်​မိုး​ခေါင်​မှု​နှင့် လည်း​ကောင်း၊ တူ​ပါ​၏။ သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​ရန်​သူ​များ​၏​အ​သံ​ကို တိတ်​စေ​တော်​မူ​ပါ​ပြီ။ မိုး​တိမ်​သည်​ပူ​အိုက်​သည့်​နေ​ကို​အေး​မြ​လာ​စေ သ​ကဲ့​သို့၊ ကိုယ်​တော်​ရှင်​သည်​ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​၏ အော်​ဟစ်​သံ​ကို​တိတ်​စေ​တော်​မူ​ပါ​၏။

သူ​တစ်​ပါး​တို့​ကို​ဖိ​နှိပ်​ချုပ်​ချယ်​ကာ​ဘု​ရား​သ​ခင်​အား မ​ထီ​မဲ့​မြင်​ပြု​သော​သူ​တို့​သည် အ​စ​တုံး​ကြ​လိမ့်​မည်။ အ​ပြစ်​ကူး​လွန်​သူ မှန်​သ​မျှ​သည်​ဆုံး​ပါး​ပျက်​စီး​ကြ​လိမ့်​မည်။-

သင်​တို့​သည်​အပြစ်​ဒဏ်​ခံ​ထိုက်​သူ​များ​သာ တည်း။ သင်​တို့​သည်​တောက်​လျှောက်​ကွဲ​အက် လျက်​နေ​သော အုတ်​တံ​တိုင်း​မြင့်​ကြီး​ကဲ့​သို့ ရုတ်​တ​ရက်​လဲ​ပြို​ပျက်​စီး​ကြ​လိမ့်​မည်။-

အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​နတ်​ဘု​ရား​များ မ​ဟုတ်။ သာ​မန်​လူ​သား​များ​သာ​လျှင်​ဖြစ်​ပါ သည်​တ​ကား။ သူ​တို့​၏​မြင်း​များ​သည်​လည်း နတ်​မြင်း​များ​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​အ​ရေး ယူ​ဆောင်​ရွက်​တော်​မူ​သော​အ​ခါ ခွန်​အား​ကြီး မား​သည့်​လူ​မျိုး​သည်​ကြေ​မွ​၍​သွား​လိမ့်​မည်။ အ​ကူ​အ​ညီ​ရ​သည့်​လူ​မျိုး​သည်​လည်း​ပြို​လဲ ၍​သွား​လိမ့်​မည်။ ထို​လူ​မျိုး​နှစ်​မျိုး​စ​လုံး​ပင် ဆုံး​ပါး​ပျက်​စီး​ရ​လိမ့်​မည်။

အာ​ရှု​ရိ​ပြည်​သည်​စစ်​ပွဲ​တွင်​ကျ​ရှုံး​ရ​လိမ့် မည်။ သို့​ရာ​တွင်​လူ​တို့​တန်​ခိုး​စွမ်း​ရည်​ကြောင့် မ​ဟုတ်။ အာ​ရှု​ရိ​အ​မျိုး​သား​တို့​တိုက်​ပွဲ​မှ ထွက်​ပြေး​ကြ​လိမ့်​မည်။ သူ​တို့​လူ​ငယ်​လူ ရွယ်​များ​သည်​လည်း​ကျွန်​ခံ​ရကြ​လိမ့်​မည်။-

ထို​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​ကို​သုတ်​သင်​ပစ် လေ​သည်။ နောက်​တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌ ထို​သူ​အ​ပေါင်း​တို့​သည်​လဲ​၍​သေ​နေ​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​လူ​မျိုး​တ​ကာ တို့​သည် ဘာ​မျှ​မ​ဟုတ်​ပါ။ သူ​တို့​သည်​ရေ​စက်​တစ်​စက်​ကဲ့​သို့​သာ ဖြစ်​ပေ​သည်။ ရပ်​ဝေး​ရှိ​ကျွန်း​တို့​သည်​လည်း​မြူ​မှုန်​တ​မျှ သာ​လျှင် အ​လေး​ချိန်​စီး​ကြ​၏။

အို ငါ​၏​လူ​မျိုး​တော်၊သင်​တို့​ကို​အ​မျက်​ထွက်​သော သူ​တို့​သည်​အ​သ​ရေ​ပျက်​၍​အ​ရှက်​ကွဲ​ကြ လိမ့်​မည်။ သင်​တို့​အား​တိုက်​ခိုက်​သူ​တို့​သည်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်။

ငါ​သည်​သင်​တို့​အား​ထက်​မြက်​သည့် အ​သွား​များ​ရှိ​သော​စ​ပါး​နယ်​စက်​အ​သစ် ကဲ့​သို့ ဖြစ်​စေ​တော်​မူ​မည်။ သင်​တို့​သည်​တောင်​ကြီး​များ​ကို​နယ်​၍ ညက်​ညက်​ကြေ​စေ​လိမ့်​မည်။ တောင်​ငယ်​များ​သည်​လည်း​မြေ​မှုန့်​ဖြစ်​၍ သွား​ကြ​လိမ့်​မည်။

ယင်း​တို့​ကို​သင်​တို့​သည်​လှေ့​ကြ​လျက် လေ​များ​က​တိုက်​ခတ်​ဆောင်​ယူ​ပြီး​လျှင် မုန်​တိုင်း​များ​က​လွင့်​စင်​သွား​စေ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ် တော်​မူ​ရ​ကား၊ သင်​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ရ​ကြ​လိမ့် မည်။ သင်​တို့​သည်​လည်း​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သည့်​ဘု​ရား​သ​ခင် တည်း ဟူ​သော​ငါ့​အား​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။

ဘေး​အန္တ​ရာယ်​ဆိုး​သည်​သင်​၏​အ​ပေါ်​သို့ သက်​ရောက်​လာ​လိမ့်​မည်။ ယင်း​ကို​သင်​၏​မှော်​အ​တတ်​က​တား​ဆီး​နိုင် လိမ့်​မည်​မ​ဟုတ်။ သင်​သည်​အ​ဘယ်​အ​ခါ​က​မျှ​အိပ်​မက်​၌​ပင် မ​မြင်​မက်​ဘူး​သော​ဆုံး​ပါး​ပျက်​စီး​မှု​နှင့် ကြုံ​တွေ့​ရ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထာ​ဝ​ရ ဘု​ရား​က၊ ``ရှေး​အ​ခါ​က၊ငါ​သည်​ဖြစ်​ပျက်​မည့်​အ​မှု အ​ရာ​ကို ကြို​တင်​ဟော​ကြား​ခဲ့​၏။ ထို​နောက်​ထို​အ​ရာ​ကို​ရုတ်​တ​ရက်​ဖြစ်​ပေါ် လာ​စေ​၏။

ကိုယ်​တော်​သည်​ခွန်​အား​ကြီး​သူ​တို့​နှင့် ခံ​တပ်​များ​ကို​ဖြို​ဖျက်​ခဲ့​ပြီ။

``အန္တ​ရာယ်​ကင်း​လျက်​သာ​ယာ​သည်'' ဟု​လူ​တို့ ပြော​ဆို​ကြ​သော​အ​ခါ​၌​ကိုယ်​ဝန်​ဆောင်​အ​မျိုး သ​မီး​အ​ပေါ်​သို့​သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရုတ် တ​ရက်​ကျ​ရောက်​လာ​သ​ကဲ့​သို့ လူ​တို့​အ​ပေါ် သို့​ဘေး​အန္တ​ရာယ်​ကျ​ရောက်​လာ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ