Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 29:24

Common Language Bible

လူ​မိုက်​များ​သည်​အ​သိ​တ​ရား​ရှိ​၍​လာ လိမ့်​မည်။ ညည်း​ညူ​နေ​သူ​များ​နှင့်​ခေါင်း​မာ နေ​သူ​များ​သည်​လည်း ဆုံး​မ​သြ​ဝါ​ဒ ကို​ဝမ်း​မြောက်​စွာ​ခံ​ယူ​ကြ​လိမ့်​မည်။''

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​ပင် လျှင် သေ​သောက်​ကြူး​ကြ​သ​ဖြင့်​ယိမ်း​ထိုး​၍ နေ​ကြ​၏။ သူ​တို့​သည်​စ​ပျစ်​ရည်​နှင့်​သေ​ရည် အ​သောက်​လွန်​သ​ဖြင့် ဂ​ယောင်​ချောက်​ချား​ဖြစ် ကာ​ခြေ​ချော်​၍​လဲ​ကြ​၏။ ပ​ရော​ဖက်​တို့​သည် မူး​ယစ်​လျက်​နေ​ရ​ကား ဘု​ရား​သ​ခင်​ပြ တော်​မူ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​နား​မ​လည်​ကြ။ ယဇ်​ပု​ရော​ဟိတ် တို့​သည်​လည်း မိ​မိ​တို့​ထံ​သို့​ရောက်​ရှိ​လာ သည့်​အ​မှု​များ​ကို​စီ​ရင်​ဆုံး​ဖြတ်​ရန် မ​တတ်​ကြ။-

လက်​ဝဲ​ဘက်​သို့​သော်​လည်း​ကောင်း၊ လက်​ယာ ဘက်​သို့​သော်​လည်း​ကောင်း သင်​တို့​လမ်း​မှား ၍​လိုက်​မိ​ကြ​သော​အ​ခါ``လမ်း​မှန်​ကား​ဤ မှာ​တည်း။ ဤ​လမ်း​အ​တိုင်း​လိုက်​ကြ​လော့'' ဟု​သင်​တို့​နောက်​မှ​နေ​၍​ကိုယ်​တော်​မိန့်​တော် မူ​သံ​ကို​ကြား​ရ​ကြ​လိမ့်​မည်။-

စိတ်​လိုက်​မာန်​ပါ​မ​ပြု​ကြ​တော့​ဘဲ​အ​သိ ပ​ညာ​နှင့်​လုပ်​ကိုင်​ဆောင်​ရွက်​ကာ ပြတ်​ပြတ် သား​သား​ပြော​ဆို​ကြ​လိမ့်​မည်။-

ဤ​အ​ချင်း​အ​ရာ​ကို​တွေ့​မြင်​ကြ​သော​အ​ခါ လူ​တို့​သည်​ဤ​အ​မှု​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​အ​မှု​ပင်​ဖြစ်​ကြောင်း သိ​ရှိ​လာ​ကြ​လိမ့်​မည်။ ဤ​အ​မှု​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သည့် ဘု​ရား​သ​ခင်​ဖြစ်​ပွား​စေ​တော်​မူ​ကြောင်း နား​လည်​လာ​ကြ​လိမ့်​မည်။

``သင်​၏​လူ​တို့​အား​ငါ​ကိုယ်​တိုင်​ဆုံး​မ​သွန်​သင်​မည်။ သင်​၏​သား​သ​မီး​တို့​အား​ချမ်း​သာ​ကြွယ်​ဝ​မှု​နှင့် ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ငါ​ပေး​မည်။

မိ​ခင်​သည်​သား​ငယ်​ကို​နို့​ချို​တိုက်​ကျွေး​သ​ကဲ့​သို့၊ လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​များ​သည် သင့်​ကို​ကြည့်​ရှု​ပြု​စု​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​ကယ်​တင်​တော် မူ​ပြီ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​နန္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​သည် သင့်​အား​ကျွန်​ဘဝ​မှ​လွတ်​မြောက်​စေ​တော်​မူ​ပြီ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​သည်​သိ​ရှိ​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ရန်​အ​ဘယ်​သူ​မျှ မိ​မိ​တို့​မြို့​သူ​မြို့​သား​အ​ချင်း​ချင်း​ကို လည်း​ကောင်း၊ ပြည်​သူ​အ​ချင်း​ချင်း​ကို​လည်း ကောင်း​သွန်​သင်​ပေး​ရန်​လို​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​ငယ်​ဆုံး​သူ​မှ အ​ကြီး​မြတ်​ဆုံး​သူ​အ​ထိ​ငါ့​ကို​သိ ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​မည်။ သူ​တို့​ပြု​ခဲ့​သည့်​ဒု​စ​ရိုက် များ​ကို​လည်း​အ​မှတ်​ရ​တော့​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

``ငါ​သည်​ဒါ​ဝိဒ်​၏​သား​စဉ်​မြေး​ဆက်​များ နှင့် အ​ခြား​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​အား​က​ရု​ဏာ​ထား​တတ်​သော​သ​ဘော၊ ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ်​သော​သ​ဘော နှင့်​ပြည့်​ဝ​စေ​မည်။ သူ​တို့​သည်​မိ​မိ​တို့​ဋ္ဌား နှင့်​ထိုး​၍​သတ်​ခဲ့​သူ​ကို​ကြည့်​ပြီး​လျှင် တစ် ဦး​တည်း​သော​သား​၏​အ​တွက်​ငို​ကြွေး​မြည် တမ်း​ဘိ​သ​ကဲ့​သို့ ထို​သူ​၏​အ​တွက်​ငို​ကြွေး မြည်​တမ်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​သား​ဦး သေ​ဆုံး​ရ​သူ​များ​ကဲ့​သို့​ဝမ်း​နည်း​ပက် လက်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-

ထို​သို့​ပြေ​လွတ်​ကြောင်း​ကို​သူ​၏​ကြီး​မား​သော မေတ္တာ​က​သက်​သေ​ခံ​၏။ အ​ပြစ်​အ​နည်း​ငယ်​သာ ပြေ​လွတ်​သူ​မူ​ကား​အ​နည်း​ငယ်​သာ​လျှင်​ချစ် တတ်​၏'' ဟု​မိန့်​တော်​မူ​၏။

ထို​စ​ကား​ကို​ကြား​ကြ​သော​အ​ခါ လူ​တို့​သည် လွန်​စွာ​ပူ​ပင်​သော​က​ရောက်​ကြ​လျက် ပေ​တ​ရု နှင့်​အ​ခြား​တ​မန်​တော်​တို့​အား``ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး မြန်း​ကြ​၏။

သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​သည်​ပျံ့​နှံ့​၍ တ​ပည့်​တော်​အ​ရေ​အ​တွက် သည် ယေ​ရု​ရှ​လင်​မြို့​တွင်​များ​စွာ​တိုး​ပွား​လျက် နေ​၏။ ယဇ်​ပု​ရော​ဟိတ်​အ​မြောက်​အ​မြား​ပင် သ​တင်း​ကောင်း​ကို​လက်​ခံ​ယုံ​ကြည်​လာ​ကြ​၏။

ယ​ခင်​က​သင်​တို့​တွင်​အ​ချို့​သော​သူ​တို့​သည် ထို​သို့​ဆိုး​ယုတ်​သူ​များ​ဖြစ်​ခဲ့​သော်​လည်း အ​ပြစ်​မှ​ဆေး​ကြော​သုတ်​သင်​ခြင်း​ကို​ခံ ကြ​ရ​ပြီ။ ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​သူ များ​ဖြစ်​ကြ​ပြီ။ အ​ရှင်​ယေ​ရှု​ခ​ရစ်​အား ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း သင်​တို့ သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် ခွင့်​ကို​ရ​ရှိ​ကြ​ပြီ။

သူ​ကိုယ်​တိုင်​၌​ပင်​လျှင်​အား​နည်း​ချက်​အ​မျိုး မျိုး​ရှိ​သ​ဖြင့် အ​သိ​ပ​ညာ​ကင်း​မဲ့​၍​မှား​ယွင်း သူ​တို့​အား​ကိုယ်​ချင်း​စာ​တ​ရား​ထား​နိုင်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ