ဟေရှာယ 29:21Common Language Bibleဘုရားသခင်သည်သူတစ်ပါးတို့ကို အသရေဖျက်သူများ၊ ရာဇဝတ်သင့်သူ တို့ကိုအပြစ်ဒဏ်နှင့်ကင်းလွတ်အောင်ဆောင် ရွက်ကြသူများနှင့်ရိုးဖြောင့်သူတို့တရား မျှတစွာစီရင်ဆုံးဖြတ်ခြင်းမခံရစေ ရန်လိမ်လည်၍ သက်သေခံသောသူတို့ အားသုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။
မုယောဆန်လက်ဆုပ်အနည်းငယ်နှင့်မုန့် အနည်းငယ်ရရန်အတွက် ငါ၏လူမျိုး တော်ရှေ့တွင်ငါ့အားရှုတ်ချကြ၏။ သင် တို့သည်မသေထိုက်သူတို့ကိုသတ်၍ သေ ထိုက်သူတို့ကိုမူအသက်ချမ်းသာပေးကြ ၏။ သို့ဖြစ်၍သင်တို့သည်ငါ၏လူမျိုး တော်အားလိမ်လည်ပြောကြ၏။ သူတို့ ကလည်းယုံကြ၏'' ဟူ၍တည်း။
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
ဧဖရိမ်ပြည်သားတစ်စုံတစ်ယောက်သည် ထွက်မြောက်နိုင်ရန် မြစ်ကိုဖြတ်ကူးခွင့်တောင်း ခံသည့်အခါတိုင်းဂိလဒ်ပြည်သားတို့ က``သင်သည်ဧဖရိမ်ပြည်သားလော'' ဟု မေးစစ်၏။ ``မဟုတ်ပါ'' ဟုဆိုလျှင်``ရှိဗော လက်'' ဟူသောစကားကိုဆိုစေ၏။ သို့ရာ တွင်အကယ်၍ထိုသူသည်စကားကို ပီသစွာမပြောနိုင်ဘဲ``သိဗောလက်'' ဟု ဆိုခဲ့သော်သူ့အားဖမ်းဆီး၍ယော်ဒန် မြစ်ကူးရာအရပ်၌သတ်ကြသည်။ ထို စစ်ပွဲ၌ဧဖရိမ်ပြည်သားလေးသောင်း နှစ်ထောင်ကျဆုံးရကြလေသည်။