Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 29:17

Common Language Bible

စ​ကား​ပုံ​ရှိ​သ​ကဲ့​သို့ မ​ကြာ​မီ​ပင်​တော နက်​သည်​လယ်​ပြင်​ဖြစ်​၍​လာ​လိမ့်​မည်။ လယ် ပြင်​သည်​လည်း​သစ်​တော​ပြန်​၍​ဖြစ်​လာ လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​မြစ်​များ​ကို​လုံး​ဝ ခန်း​ခြောက်​စေ​တော်​မူ​၏။ စမ်း​ချောင်း​များ​ကို​လည်း​ဆို့​ပိတ်​၍​ထား​တော်​မူ​၏။

ကိုယ်​တော်​သည်​သဲ​ကန္တာ​ရ​များ​ကို​ရေ​အိုင်​များ အ​ဖြစ်​သို့​လည်း​ကောင်း၊ ခြောက်​သွေ့​သည့်​ဒေ​သ​များ​ကို​စမ်း​ရေ​ပေါက် အ​ဖြစ်​သို့​လည်း​ကောင်း​ပြောင်း​လဲ​စေ​တော်​မူ​၏။

ထို​သူ​တို့​သည်​ခြောက်​သွေ့​နေ​သည့်​ဗာ​ကာ ချိုင့်​ဝှမ်း​ကို ဖြတ်​သန်း​သွား​စဉ်​ရေ​များ​ပေါက်​၍​လာ​ပါ​၏။ မိုး​ဦး​ရွာ​သ​ဖြင့်​အိုင်​များ​ထွန်း​၍​လာ​ပါ​၏။

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ဝိ​ညာဉ် တော်​ကို ငါ​တို့​ထံ​သို့​တစ်​ဖန်​ပြန်​၍​စေ​လွှတ် တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​မြေ​လွတ်​မြေ​ရိုင်း များ​သည်​မြေ​ကောင်း​မြေ​သန့်​များ​ဖြစ်​လာ ကြ​လျက် လယ်​ယာ​များ​ကောက်​ပဲ​သီး​နှံ အ​မြောက်​အ​မြား​ထွက်​လိမ့်​မည်။-

ငါ​သည်​သဲ​ကန္တာ​ရ​၌​အာ​ရစ်​ပင်(သစ်​က​တိုး) နှင့် ထ​နောင်း​ပင်၊မု​ရ​တု​ပင်​နှင့် သံ​လွင်​ပင်​များ​ကို​လည်း​ကောင်း​ပေါက်​စေ​မည်။ သစ်​ပင်​မ​ပေါက်​သော​အ​ရပ်​တွင်​ထင်း​ရှူး​ပင် အ​မျိုး​မျိုး​နှင့် အာ​ရဇ်​ပင်​များ ရော​နှော​သည့်​သစ်​တော​များ ပေါက်​ရောက်​လာ​လိမ့်​မည်။

ငါ​သည်​ထို​စ​ပျစ်​ဥ​ယျာဉ်​ကို​ပေါင်း​ပင်​များ နှင့်​ပြည့်​နှက်​နေ​စေ​မည်။ စ​ပျစ်​ခက်​တို့​ကို​ရှင်း လင်း​၍​မြေ​ကို​တူး​ဆွ​၍​ပေး​လိမ့်​မည်​မ​ဟုတ်။ ဆူး​ပင်​အ​မျိုး​မျိုး​ကို​ပေါက်​စေ​မည်။ ထို​ဥ​ယျာဉ် အ​ပေါ်​သို့​မိုး​မ​ရွာ​စေ​ရန် မိုး​တိမ်​များ​ကို​ပင် ငါ​ပိတ်​ပင်​ဆီး​တား​မည်'' ဟု​မြွက်​ဆို​၏။

ယ​ခု​ဆူး​ပင်​များ​ပေါက်​လျက်​ရှိ​ရာ​အ​ရပ်​တွင် အာ​ရဇ်​ပင်(သစ်​က​တိုး) များ​ပေါက်​၍​လာ​လိမ့်​မည်။ ဆူး​ခြုံ​များ​ရှိ​ရာ​အ​ရပ်​တွင်​မု​ရ​တု​ပင်​များ ပေါက်​ရောက်​လာ​လိမ့်​မည်။ ဤ​အ​မှု​အ​ရာ​သည်၊ငါ​ထာ​ဝ​ရ​ဘု​ရား​၏ လက်​ရာ​တော်​ကို​အောက်​မေ့​သ​တိ​ရ​စေ​ရန် ထာ​ဝ​စဉ်​တည်​မြဲ​သည့်​အ​မှတ်​လက္ခ​ဏာ​တစ်​ရပ် ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​ဖြစ်​သော​ကျွန် တော်​မျိုး​တို့​ကို​ရန်​သူ​တို့​သည်​အ​ခိုက် အ​တန့်​အား​ဖြင့်​နှင်​ထုတ်​လျက်​သူ​တို့​သည် ဗိ​မာန်​တော်​ကို​နင်း​ချေ​ကြ​ပါ​ပြီ။-

ထို​နည်း​အ​တိုင်း​ဣ​သ​ရေ​လ​ပြည်​သား​တို့ သည်​ဘု​ရင်​မ​ရှိ၊ ခေါင်း​ဆောင်​မ​ရှိ၊ ယဇ်​ပူ​ဇော် ခြင်း​မ​ရှိ၊ ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​မ​ရှိ၊ ရုပ်​တု​များ​မ​ရှိ​ဘဲ​လျက်​ကြာ​မြင့်​စွာ​နေ ထိုင်​ရ​လိမ့်​မည်။-

သို့​ဖြစ်​၍​သင်​တို့​ကြောင့်​ဇိ​အုန်​မြို့​သည် ထွန်​ယက်​ထား​သော​လယ်​ကွက်​သ​ဖွယ်​ဖြစ် လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​ကျောက်​ပုံ ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တည်​ရာ​တောင် သည်​တော​အ​တိ​ဖြစ်​လိမ့်​မည်။

ထို​အ​မှု​အ​ရာ​များ​အ​မှန်​ဖြစ်​ပေါ်​မည့်​အ​ချိန်​မ​ရောက်​သေး။ သို့​ရာ​တွင်​ငါ​ပြ​သော​အ​ရာ​များ​အ​မှန်​ဖြစ်​ပေါ်​သော​အ​ချိန်​သည်​လျင်​မြန်​စွာ​ကျ​ရောက်​လာ​လိမ့်​မည်။ ထို​အ​ချိန်​သည်​အ​လာ​နှေး​သည်​ဟု​ထင်​မှတ်​ရ​သော်​လည်း ဧ​ကန်​မု​ချ​ရောက်​လာ​မည်​သာ​ဖြစ်​၍​စောင့်​မျှော်​၍​နေ​လော့။ ကြန့်​ကြာ​တော့​မည်​မ​ဟုတ်။-

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​မ​ကြာ​မီ​ပင်​မိုး​ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​လည်း​ကောင်း၊ ကုန်း​နှင့်​ပင်​လယ် ကို​လည်း​ကောင်း​တုန်​လှုပ်​စေ​၍၊-

သို့​ရာ​တွင်​အ​မြင့်​ဆုံး​သို့​ရောက်​နေ​သူ​အ​များ သည်​အ​နိမ့်​ဆုံး​သို့​ရောက်​ကြ​လိမ့်​မည်။ အ​နိမ့် ဆုံး​သို့​ရောက်​နေ​သူ​အ​များ​သည်​အ​မြင့်​ဆုံး သို့​ရောက်​ကြ​လိမ့်​မည်။

``သို့​ဖြစ်​၍​သင်​တို့​အား​ငါ​ဆို​သည်​ကား​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​ကို​သင်​တို့​ထံ​မှ​ရုပ်​သိမ်း​၍ နိုင်​ငံ​တော်​နှင့်​ထိုက်​လျောက်​သည့်​အ​ကျင့်​သီ​လ ရှိ​သော​လူ​မျိုး​အား​ပေး​လိမ့်​မည်။-

``ကြွ​လာ​တော်​မူ​မည့်​အ​ရှင်​သည်​အ​ချိန် အ​နည်း​ငယ်​အ​တွင်း​၌​ကြွ​လာ​တော်​မူ​လိမ့် မည်။ နှောင့်​နှေး​လျက်​နေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ