Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 29:11

Common Language Bible

ဗျာ​ဒိတ်​ရူ​ပါ​ရုံ​မှန်​သ​မျှ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် များ​သည် တံ​ဆိပ်​ခတ်​နှိပ်​ထား​သည့်​စာ​လိပ်​ကဲ့ သို့ သင်​တို့​အ​တွက်​ဖုံး​ကွယ်​၍​နေ​လိမ့်​မည်။ စာ ဖတ်​တတ်​သူ​တစ်​ဦး​အား​သင်​အ​ဖတ်​ခိုင်း​ပါ မူ ထို​သူ​က``ဤ​စာ​လိပ်​ကို​တံ​ဆိပ်​ခတ်​နှိပ်​ထား သ​ဖြင့် အ​ကျွန်ုပ်​ဖတ်​၍​မ​ရ​ပါ'' ဟု​ဆို လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​ပင် လျှင် သေ​သောက်​ကြူး​ကြ​သ​ဖြင့်​ယိမ်း​ထိုး​၍ နေ​ကြ​၏။ သူ​တို့​သည်​စ​ပျစ်​ရည်​နှင့်​သေ​ရည် အ​သောက်​လွန်​သ​ဖြင့် ဂ​ယောင်​ချောက်​ချား​ဖြစ် ကာ​ခြေ​ချော်​၍​လဲ​ကြ​၏။ ပ​ရော​ဖက်​တို့​သည် မူး​ယစ်​လျက်​နေ​ရ​ကား ဘု​ရား​သ​ခင်​ပြ တော်​မူ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​နား​မ​လည်​ကြ။ ယဇ်​ပု​ရော​ဟိတ် တို့​သည်​လည်း မိ​မိ​တို့​ထံ​သို့​ရောက်​ရှိ​လာ သည့်​အ​မှု​များ​ကို​စီ​ရင်​ဆုံး​ဖြတ်​ရန် မ​တတ်​ကြ။-

စာ​မ​ဖတ်​တတ်​သူ​ကို​အ​ဖတ်​ခိုင်း​လျှင်​လည်း ထို​သူ​က``အ​ကျွန်ုပ်​အ​ဘယ်​သို့​ဖတ်​ရ​မည် မ​သိ​ပါ'' ဟု​ဆို​လိမ့်​မည်။

ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော အ​ခါ​နား​ဆွံ့​သူ​များ​သည် စာ​ဖတ်​သည့် အ​သံ​ကို​ကြား​လိမ့်​မည်။ မှောင်​မိုက်​တွင်​နေ ထိုင်​ရ​သူ​မျက်​မ​မြင်​များ​သည်​လည်း မျက်​စိ​ပွင့်​၍​မြင်​ကြ​လိမ့်​မည်။-

ငါ​၏​တ​ပည့်​တို့​သည်​ငါ့​အား​ဘု​ရား​သ​ခင် ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​များ​ကို စောင့်​ရှောက်​ထိန်း​သိမ်း​ရ​ကြ​ပေ​မည်။-

ထို​သူ​က``အ​ချင်း​ဒံ​ယေ​လ၊ သင်​သည်​ဤ​စာ စောင်​ကို​ပိတ်​၍ ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင် တံ​ဆိပ်​ခတ်​နှိပ်​ထား​လော့။ ဤ​အ​တော​အ​တွင်း ၌​လူ​အ​များ​ပင်​ဖြစ်​ပျက်​နေ​ဆဲ​အ​မှု အ​ရာ​တို့​ကို​သိ​ရှိ​နား​လည်​နိုင်​ရန် အ​ချည်း နှီး​ကြိုး​စား​အား​ထုတ်​ကြ​လိမ့်​မည်'' ဟု ဆို​၏။

ထို​သူ​က``ဒံ​ယေ​လ၊ ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင် အောင်​ဤ​စ​ကား​များ​ကို​လျှို့​ဝှက်​၍​ထား ရ​မည်။ သို့​ဖြစ်​၍​ယ​ခု​သင်​သွား​လော့။-

ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ ကြီး​ကို​အ​စိုး​ရ​တော်​မူ​သော​အ​ဖ၊ ကိုယ်​တော်​သည် အ​သိ​ပ​ညာ​ရှင်​များ​အား​သိ​ခွင့်​မ​ပေး​ဘဲ​ထား သည့်​အ​ရာ​များ​ကို ပ​ညာ​မဲ့​သူ​တို့​အား​ဖွင့်​ပြ တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။-

ကိုယ်​တော်​က ``သင်​တို့​သည်​ကောင်း​ကင်​နိုင်​ငံ​တော် နှင့်​ဆိုင်​သော​နက်​နဲ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​နား​လည်​ခွင့်​ရ​ကြ​၏။ အ​ခြား​သူ​များ​မူ ကား​ထို​အ​ခွင့်​ကို​မ​ရ​ကြ။-

သ​ခင်​ယေ​ရှု​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သင်​သည် မင်္ဂလာ​ရှိ​၏။ ဤ​အ​ကြောင်း​ကို​သာ​မန်​လူ​တစ်​ယောက် အ​နေ​ဖြင့်​သင်​မ​သိ​နိုင်။ ကောင်း​ကင်​ဘုံ​ရှင်​ငါ​၏ ခ​မည်း​တော်​က​ဖော်​ပြ​တော်​မူ​၍​သာ​သင်​သိ သ​တည်း။-

ထို​နောက်​သိုး​သူ​ငယ်​တော်​သည်​ချိပ်​တံ​ဆိပ် ခု​နစ်​ခု​အ​နက်​မှ ပ​ထ​မ​တံ​ဆိပ်​ဖွင့်​သည်​ကို ငါ​မြင်​၏။ သက်​ရှိ​သတ္တဝါ​လေး​ပါး​အ​နက်​တစ် ပါး​သည်​မိုး​ကြိုး​သံ​နှင့်​တူ​သော​အ​သံ​ဖြင့်``လာ လော့'' ဟု​ဆို​သည်​ကို​ငါ​ကြား​ရ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ