ဟေရှာယ 27:7Common Language Bibleဣသရေလအမျိုးသားတို့သည် မိမိတို့ရန်သူ များလောက် ပြင်းထန်စွာထာဝရဘုရား၏ အပြစ်ဒဏ်ကိုမခံရကြ၊ ရန်သူများလောက် လည်းမသေရကြ။- အခန်းကိုကြည့်ပါ။ |
ဣသရေလပြည်သည်ရန်သူတို့အားခုခံ နိုင်စွမ်းကင်းမဲ့လျက်နေလိမ့်မည်။ ဒမာသက် မြို့သည်လည်းလွတ်လပ်ရေးဆုံးရှုံး၍သွား လိမ့်မည်။ အသက်မသေဘဲကျန်ရှိနေသူ ရှုရိအမျိုးသားတို့သည် ဣသရေလအမျိုး သားတို့နည်းတူအသရေပျက်ရကြလိမ့် မည်။ ဤကားအနန္တတန်ခိုးရှင်၊ ငါထာဝရ ဘုရားမြွက်ဟသည်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
သူတို့၏ဘုရင်သည်လည်းကြောက်ရွံ့၍ထွက် ပြေးကြလိမ့်မည်။ တပ်မှူးများသည်မိမိတို့ တိုက်ပွဲအလံများကိုစွန့်ပစ်လိုက်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရား မိန့်တော်မူသောစကားပင်ဖြစ်၏။ ကိုယ်တော် သည်ယေရုရှလင်မြို့တွင်လူတို့ကိုးကွယ် ဝတ်ပြုကြသည့်ထာဝရဘုရားဖြစ်တော် မူ၍ ကိုယ်တော်၏မီးလျှံသည်လည်းယဇ် ကောင်များကိုမီးရှို့ရန်အတွက်တောက် လောင်လျက်ရှိသတည်း။
သောဒုံမြို့၊ ဂေါမောရမြို့နှင့်နီးနားဝန်းကျင် ကျေးရွာများသည် ငါ၏ဖျက်ဆီးခြင်းကိုခံခဲ့ ရသည့်နည်းတူ ဗာဗုလုန်မြို့သည်လည်းခံရ လိမ့်မည်။ ကာလအနည်းငယ်မျှပင်လျှင်ထို မြို့တွင်နေထိုင်သူတစ်ဦးတစ်ယောက်မျှရှိ လိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏။
ထာဝရဘုရားသည်အာရှုရိအမျိုးသား တို့နှင့်ပတ်သက်၍``လူတို့သည်ထိုသူတို့ကို မေ့ပျောက်၍သွားလိမ့်မည်။ သူတို့၏ဗိမာန် တော်များရှိရုပ်တုတို့ကို ငါသုတ်သင်ဖျက် ဆီးမည်။ ငါသည်အာရှုရိအမျိုးသားတို့ အတွက်သင်္ချိုင်းကိုပြင်ဆင်မည်။ သူတို့သည် အသက်ရှင်ထိုက်သူများမဟုတ်'' ဟုအမိန့် စီရင်ချက်ချတော်မူ၏။
သင်၏အနာများအတွက်ဆေးမရှိ။ သင် ၏ဒဏ်ရာများကိုလည်းပျောက်ကင်းအောင် ကုသ၍မရနိုင်။ သင်ဆုံးပါးပျက်စီး သည့်သတင်းကိုကြားသိကြသူအပေါင်း တို့သည်ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီး ကြ၏။ အဘယ်သူမျှသင်၏အတိုင်းမသိ ရက်စက်ကြမ်းကြုတ်မှုနှင့်ကင်းလွတ်ခဲ့သည် ဟူ၍မရှိ။ ပရောဖက်နာဟုံစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။