Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 27:10

Common Language Bible

ခိုင်​ခံ့​စွာ​တန်​တိုင်း​ကာ​ရံ​ထား​သည့်​မြို့​သည် ပျက်​စီး​ယို​ယွင်း​လျက်​ရှိ​၏။ ထို​မြို့​သည်​လူ​သူ မ​ရှိ​သည့်​တော​ကန္တာ​ရ​ကဲ့​သို့​ဆိတ်​ငြိမ်​၍​နေ​၏။ ယင်း​သည်​ကျွဲ​နွား​တို့​အ​စာ​စား​နား​နေ​ရာ စား​ကျက်​ဖြစ်​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ရှု​ရိ​မြို့​များ​သည်​လည်း​ထာ​ဝ​စဉ်​လူ​သူ ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။ ထို​မြို့​တို့​သည်​သိုး များ​နှင့်​ကျွဲ​နွား​များ​၏​စား​ကျက်​ဖြစ်​လိမ့် မည်။ ထို​တိ​ရစ္ဆာန်​တို့​အား​မောင်း​ထုတ်​မည့်​သူ ရှိ​လိမ့်​မည်​မ​ဟုတ်။-

ထို​နေ့​ရက်​ကျ​ရောက်​လာ​သော​အ​ခါ၊ အ​ခိုင် အ​မာ​တံ​တိုင်း​ကာ​ရံ​ထား​သည့်​မြို့​များ​သည် ဟိ​ဝိ​နှင့်​အာ​မော​ရိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ထံ​မှ​ထွက်​ပြေး ရာ​တွင် စွန့်​ပစ်​ထား​ခဲ့​သည့်​မြို့​များ​ကဲ့​သို့​လူ သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လျက်​ပျက်​စီး​ယို​ယွင်း ၍​နေ​လိမ့်​မည်။

မြို့​တွင်း​၌​အ​စ​စ​အ​ရာ​ရာ​က​စင့်​က​လျား ဖြစ်​လျက်​နေ​၏။ လူ​တို့​မ​ဝင်​နိုင်​ရန်​အိမ်​တိုင်း ကို​လည်း​ပိတ်​ထား​ကြ​၏။-

ကိုယ်​တော်​ရှင်​သည်​မြို့​များ​ကို​ယို​ယွင်း​ပျက်​စီး​လျက် နေ​စေ​တော်​မူ​၍၊ မြို့​တံ​တိုင်း​တို့​ကို​လည်း​ဖြို​ဖျက်​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​ရန်​သူ​များ​တည်​ဆောက်​ခဲ့​သည့် နန်း​တော်​များ​သည် ထာ​ဝ​စဉ်​ကွယ်​ပျောက်​၍​သွား​လေ​ပြီ။

(သစ်​တော​များ​အ​ပေါ်​သို့​မိုး​သီး​များ​ကျ လိမ့်​မည်။ မြို့​သည်​လည်း​ပြို​ပျက်​၍​သွား​လိမ့် မည်။-)

ကန္တာ​ရ​သည်​ရွှင်​မြူး​လိမ့်​မည်။ မြေ​ရိုင်း​များ​တွင်​လည်း​ပန်း​များ​ပွင့်​လိမ့်​မည်။ ကန္တာ​ရ​သည်​ဝမ်း​မြောက် ရွှင်​လန်း​သ​ဖြင့် သီ​ချင်း​ဆို​ကြွေး​ကြော်​လိမ့်​မည်။ လေ​ဗ​နုန်​တောင်​ကဲ့​သို့​လှ​ပ​တင့်​တယ်​လျက် ကာ​ရ​မေ​လ​နှင့်​ရှာ​ရုန်​တောင်​ကုန်း လယ်​ယာ​များ​ကဲ့​သို့​အ​သီး​အ​နှံ​များ ဝေ​ဆာ​လျက် ရှိ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​တန်​ခိုး​အာ​နု​ဘော်​တော်​ကို လည်း​ကောင်း ဖူး​မြင်​ရ​ကြ​လိမ့်​မည်။

ထို​အ​ခါ​သင်​သည်​မိ​မိ​ကိုယ်​ကို​ပြန်​၍၊ `ငါ​သည်​ဤ​သား​သ​မီး​များ​ကို​အ​ဘယ်​သူ​နှင့် ရ​ရှိ​ပါ​သ​နည်း။ ငါ​၏​သား​သ​မီး​များ​သည်​သေ​ဆုံး​သွား​ပြီ​ဖြစ်​၍ ငါ့​မှာ​သား​သ​မီး​မ​ရှိ​နိုင်​တော့​ပါ။ ငါ​သည်​ရပ်​ဝေး​သို့​ပြည်​နှင်​ဒဏ်​သင့်​၍ နှင်​ထုတ်​ခံ​ခဲ့​ရ​သ​ဖြင့် ဤ​သား​သ​မီး​တို့​ကို​အ​ဘယ်​သူ​ကျွေး​မွေး​ပြု​စု ခဲ့​ပါ​သ​နည်း။ ငါ​သည်​တစ်​ကိုယ်​တည်း​သာ​လျှင်​ကျန်​ရှိ​ခဲ့​၏။ ဤ​သား​သ​မီး​များ​ကား၊အ​ဘယ်​အ​ရပ်​မှ ရောက်​ရှိ​လာ​ကြ​ပါ​သ​နည်း'' ဟု​မေး​လိမ့်​မည်။

ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့ များ​သည် သဲ​ကန္တာ​ရ​သ​ဖွယ်​ဖြစ်​၍ ယေ​ရု ရှ​လင်​မြို့​သည်​လည်း​ပျက်​စီး​ယို​ယွင်း လျက် လူ​သူ​ကင်း​မဲ့​ရာ​ဖြစ်​၍​နေ​ပါ​၏။-

``ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​အ​ကယ် ၍​လယ်​သ​မား​တစ်​ယောက်​တွင် နွား​သ​ငယ် တစ်​ကောင်​နှင့်​ဆိတ်​နှစ်​ကောင်​သာ​လျှင်​ရှိ သော်​လည်း၊-

အ​ခါ​တစ်​ပါး​က​သီး​နှံ​ပင်​များ​စိုက်​ပျိုး​ခဲ့ သည့်​တောင်​ကုန်း​မှန်​သ​မျှ​သည် ဆူး​ခြုံ​အ​မျိုး မျိုး​နှင့်​ပြည့်​နှက်​နေ​သ​ဖြင့် ထို​နေ​ရာ​များ​သို့ အ​ဘယ်​သူ​မျှ​သွား​ကြ​လိမ့်​မည်​မ​ဟုတ်။ နွား များ​သိုး​များ​ကျက်​စား​ရာ​သာ​လျှင်​ဖြစ် လိမ့်​မည် '' ဟု​ဆို​၏။

``ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​လက်​ထက်​၌ မေ​ရ​ရှ ရွာ​သား​ပ​ရော​ဖက်​မိက္ခာ​သည်​ပြည်​သူ​အ​ပေါင်း တို့​အား အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က၊ `ဇိ​အုန်​တောင်​သည်​လယ်​မြေ​ကဲ့​သို့​ထွန်​ယက် ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​ကျောက်​ပုံ​ဖြစ်​၍​လာ လျက် ဗိ​မာန်​တော်​တောင်​ကုန်း​သည်​သစ်​တော ဖြစ်​လိမ့်​မည်' ဟု မိန့်​တော်​မူ​ကြောင်း​ဆင့်​ဆို​ခဲ့​လေ​သည်။

သင်​တို့​သည်​ယ​ခု​ငါ​ပြော​သည့်​အ​တိုင်း​မ​ပြု ဘဲ​နေ​ခဲ့​ပါ​မူ ငါ​သည်​ဤ​မြို့​ကို​ရှိ​လော​ရွာ​ကဲ့ သို့​ဖြစ်​စေ​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့ သည်​လည်း ဤ​မြို့​၏​အ​မည်​နာ​မ​ကို​ကျိန်​ဆဲ ရာ​တွင်​အ​သုံး​ပြု​ကြ​လိမ့်​မည်​ဟု​ပြော​ကြား လော့'' ဟူ​၍​ဖြစ်​၏။

မင်း​ကြီး​သည်​ဟာ​မတ်​နယ်​မြေ​ရိ​ဗ​လ​မြို့ ၌ သူ​တို့​အား​ရိုက်​နှက်​၍​ကွပ်​မျက်​စေ​တော် မူ​၏။ ဤ​သို့​လျှင်​ယု​ဒ​ပြည်​သား​တို့​သည်​သုံ့​ပန်း များ​အ​ဖြစ်​နှင့် မိ​မိ​တို့​ပြည်​မှ​သိမ်း​သွား ခြင်း​ကို​ခံ​ရ​ကြ​လေ​သည်။-

နေ့​ကြီး​ရက်​ကြီး​များ​တွင်​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဗိ​မာန်​တော်​သို့​လာ​မည့်​သူ​မ​ရှိ။ ဗိ​မာန်​တော်​တွင်​သီ​ချင်း​ဆို​သူ အ​မျိုး​သ​မီး​ပျို​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက် ရှိ​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း​ညည်း​တွား​မှု​မှ တစ်​ပါး အ​ဘယ်​သို့​မျှ​မ​ပြု​နိုင်။ မြို့​တံ​ခါး​များ​သည်​လူ​ဆိတ်​ညံ​လျက်​နေ​၏။ ဇိ​အုန်​မြို့​သည်​ဝေ​ဒ​နာ​ခံ​စား​နေ​ရ​သည်။

ဇိ​အုန်​တောင်​တော်​သည်​လူ​သူ​ဆိတ်​ညံ​သ​ဖြင့် ခွေး​အ​တို့​ကျက်​စား​ရာ​ဖြစ်​၍​နေ​ပါ​သည်။

သို့​ဖြစ်​၍​ဣ​သ​ရေ​လ​တောင်​တို့၊ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​ကို​နား​ထောင်​ကြ​လော့။ ပတ်​ဝန်း ကျင်​တိုင်း​ပြည်​များ​၏​တိုက်​ခိုက်​လု​ယက်​မှု၊ ပြက်​ရယ်​ပြု​မှု​တို့​ကို​ခံ​ရ​ကာ​လူ​သူ​ဆိတ် ငြိမ်​ရာ​မြို့​များ၊ ယို​ယွင်း​ပျက်​စီး​နေ​သည့် အ​ရပ်​များ၊ တောင်​များ၊ ချောင်း​များ၊ ချိုင့်​ဝှမ်း များ​အား​ဤ​သို့​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

သို့​ဖြစ်​၍​သင်​တို့​ကြောင့်​ဇိ​အုန်​မြို့​သည် ထွန်​ယက်​ထား​သော​လယ်​ကွက်​သ​ဖွယ်​ဖြစ် လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​ကျောက်​ပုံ ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တည်​ရာ​တောင် သည်​တော​အ​တိ​ဖြစ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ