Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 26:14

Common Language Bible

ထို​သူ​တို့​သည်​ယ​ခု​အ​ခါ​ကွယ်​လွန်​သွား ကြ​ပါ​ပြီ။ တစ်​ဖန်​ပြန်​၍​အ​သက်​ရှင်​ကြ​တော့​မည်​မ​ဟုတ်​ပါ။ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​၍၊ သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လိုက်​ပြီ​ဖြစ်​သ​ဖြင့်၊ သူ​တို့​၏​ဝိညာဉ်​များ​သည်​လည်း​သင်္ချိုင်း​ထဲ​မှ ထ​ကြ​လိမ့်​မည်​မ​ဟုတ်​ပါ။ သူ​တို့​အား​အ​ဘယ်​သူ​မျှ​လည်း သ​တိ​မ​ရ​ကြ​တော့​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ် ပျောက်ပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။

သူ၏အမိသည် သူ့ကိုမေ့လျော့၍၊ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည်။ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရ။ မတရားသော သူသည်သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည်။

မိုဃ်းတိမ်သည် ပြယ်ပျောက်ကွယ်လွင့် သကဲ့သို့၊ သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူသည် နောက်တဖန် မတက်ရ။

ထို​နောက်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည် ဗာ​လ​ဘု​ရား​ကို​ပေ​ဂု​ရ​အ​ရပ်​တွင်​ရှိ​ခိုး ဝတ်​ပြု​၍ သက်​မဲ့​ဘု​ရား​များ​ကို​ပူ​ဇော်​သည့်​ယဇ်​ကောင်​သား​ကို စား​ကြ​၏။

သူ​၏​အ​မျိုး​တိမ်​ကော​ပါ​စေ​သော။ သူ​၏​နာ​မည်​သည်​နောက်​မျိုး​ဆက်​၌​ပင်​လျှင် ပျောက်​ကွယ်​သွား​ပါ​စေ​သော။

သူ​တို့​သည်​နား​များ​ရှိ​ပါ​လျက်​မ​ကြား​နိုင်။ သူ​တို့​၏​ခံ​တွင်း​၌​လည်း​ထွက်​သက်​ဝင်​သက်​မ​ရှိ။

ဆိုး​ယုတ်​သူ​တို့​လဲ​ရာ​အ​ရပ်​ကို​ကြည့်​ကြ​လော့။ သူ​တို့​သည်​မ​ထ​နိုင်​တော့​ဘဲ​ထို​နေ​ရာ​တွင် လဲ​လျက်​နေ​ကြ​၏။

အို အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ နိုး​ထ​တော်​မူ​၍​ကျွန်​တော်​မျိုး​အား​ကူ​မ​ရန် ကြွ​တော်​မူ​ပါ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား၊ ကိုယ်​တော်​တိုင် ရှု​ကြည့်​တော်​မူ​ပါ။ နိုး​ထ​တော်​မူ​၍​ဘု​ရား​မဲ့​သူ​တို့​ကို အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။ ဆိုး​ယုတ်​၍​သစ္စာ​ဖောက်​သူ​တို့​အား သ​နား​တော်​မ​မူ​ပါ​နှင့်။

ကျွန်​တော်​မျိုး​တို့​၏​ရန်​သူ​များ​သည်​ထာ​ဝ​စဉ် အ​ရေး​ရှုံး​နိမ့်​ကြ​လေ​ပြီ၊ ကိုယ်​တော်​ရှင်​သည်​သူ​တို့​၏​မြို့​ကြီး​များ​ကို ဖြို​ဖျက်​တော်​မူ​သ​ဖြင့် ယင်း​တို့​အား​မေ့​လျော့​လျက်​လုံး​ဝ ကွယ်​ပျောက်​သွား​လေ​ပြီ။

ထို​နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​အ​မျိုး​သား​တို့ ၏​လက်​မှ​ကယ်​တင်​တော်​မူ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အီ​ဂျစ်​အ​မျိုး​သား​တို့ ၏​အ​လောင်း​များ​ကို​ပင်​လယ်​ကမ်း​ပေါ်​၌ အ​တုံး​အ​ရုံး​ရှိ​သည်​ကို​တွေ့​မြင်​ကြ လေ​၏။-

တရားသောသူကို အောက်မေ့သောအခါ ကောင်းကြီးပေးတတ်၏။ မတရားသောသူ၏နာမမူကား ပုပ်ပျက်တတ်၏။

အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်းမခံရ။ သူ့ကိုလည်း မေ့လျော့တတ် ကြ၏။

သင်​တို့​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​ခတ် တော်​မူ​သော​အ​ခါ သင်​တို့​အ​ဘယ်​သို့​ပြု ကြ​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​သင်​တို့​အား ရပ်​ဝေး​ဒေ​သ​မှ​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​တွေ့ ကြုံ​စေ​တော်​မူ​သော​အ​ခါ၊ သင်​တို့​အ​ဘယ် သို့​ပြု​ကြ​ပါ​မည်​နည်း။ အ​ကူ​အ​ညီ​တောင်း ခံ​ရန်​အ​ဘယ်​သူ​ထံ​သို့​ပြေး​ကြ​ပါ​မည်​နည်း။ မိ​မိ​တို့​၏​စည်း​စိမ်​ဥစ္စာ​များ​ကို​အ​ဘယ်​မှာ သို​ဝှက်​ထား​ကြ​ပါ​မည်​နည်း။-

ကျွန်​တော်​မျိုး​တို့​၏​လူ​စု​အ​နက်​မှ သေ​လွန်​သွား​ကြ​သူ​တို့​သည်၊တစ်​ဖန်​ပြန်​၍ အ​သက်​ရှင်​လာ​ကြ​ပါ​လိမ့်​မည်။ သူ​တို့​၏​ခန္ဓာ​ကိုယ်​များ​သည်​အ​သက်​ဝင်​၍ လာ​ပါ​လိမ့်​မည်။ သ​င်္ချိုင်း​တွင်း​၌​လဲ​လျောင်း​နေ​သော​သူ​သေ​တို့​သည် ထ​၍​ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။ အ​ရောင်​လျှပ်​သည့်​ဆီး​နှင်း​များ​သည်​ကမ္ဘာ​မြေ ကြီး​ကို ပြန်​လည်​စိမ်း​လန်း​လာ​စေ​သ​ကဲ့​သို့ ကာ​လ​ကြာ​မြင့်​စွာ​က​ပင်​သေ​လွန်​ခဲ့​သော သူ​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​သည်​ပြန်​၍ အ​သက်​ရှင်​စေ​တော်​မူ​ပါ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​ထန်​သော​မိုး​ကြိုး မုန်​တိုင်း​များ၊ မြေ​င​လျင်​များ​အား​ဖြင့်​မြည် ဟည်း​ကာ သင်​တို့​ကို​ကယ်​ဆယ်​တော်​မူ​လိမ့် မည်။ ကိုယ်​တော်​သည်​လေ​ပြင်း​မုန်​တိုင်း​များ နှင့်​မီး​လျှံ​ကို​စေ​လွှတ်​တော်​မူ​လိမ့်​မည်။-

သူ​တို့​၏​ဘု​ရား​များ​ကို​လည်း​မီး​ရှို့​ပစ် ကြ​သည်​ကို ကျွန်​တော်​မျိုး​တို့​သိ​ကြ​ပါ​၏။ ထို​ဘု​ရား​တို့​သည်​ဘု​ရား​အ​စစ်​မ​ဟုတ်။ လူ့​လက်​ဖြင့်​လုပ်​သည့်​သစ်​သား​ရုပ်၊ ကျောက် ရုပ်​များ​သာ​ဖြစ်​ပါ​၏။-

လူ​တို့​သည်​ဖတ်​ရွတ်​သ​ရဇ္စျာယ်​တတ်​သူ​ဗေ​ဒင် ဆ​ရာ​များ​နှင့် နတ်​ဝင်​သည်​တို့​အား​စုံ​စမ်း မေး​မြန်း​ရန်​သင်​တို့​အား​ပြော​ကြ​လိမ့်​မည်။ သူ​တို့​က``လူ​တို့​သည်​အ​သက်​ရှင်​သူ​တို့ ကိုယ်​စား​သေ​သူ​တို့​၏​ဝိ​ညာဉ်​များ​ကို​မေး မြန်း​စုံ​စမ်း​အပ်​သည်'' ဟု​ဆို​ကြ​လိမ့်​မည်။

ကောင်း​ကင်​တ​မန်​က ``သင်​သည်​ထ​၍​သူ​ငယ်​တော် နှင့်​မယ်​တော်​ကို​ခေါ်​ဆောင်​ကာ​ဣသ​ရေ​လ​ပြည်​သို့ ပြန်​သွား​လော့။ သူ​ငယ်​တော်​ကို​သတ်​လို​သူ​တို့​သည် သေ​လွန်​ကြ​လေ​ပြီ'' ဟု​ဆို​၏။-

ထို​အ​ခါ​သင်​တို့​သည်​လူ့​လက်​ဖြင့်​လုပ်​၍ မ​မြင် နိုင်၊ မ​ကြား​နိုင်၊ မ​စား​နိုင်၊ အ​နံ့​မ​ခံ​နိုင်​သော သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​လိမ့်​မည်။-

(ကျန်​သေ​လွန်​သူ​တို့​မူ​ကား​အ​နှစ်​တစ်​ထောင် ကုန်​လွန်​ပြီး​မှ​အ​သက်​ပြန်​၍​ရှင်​ကြ​ရ​၏။) ဤ ကား​ပ​ထမ​အ​ကြိမ်​သူ​သေ​တို့​အား​ဘု​ရား သ​ခင်​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​ခြင်း ဖြစ်​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ