ဟေရှာယ 24:4Common Language Bibleကမ္ဘာမြေကြီးသည်ခြောက်သွေ့နွမ်းနယ်လျက် ရှိ၏။ ချီးမြှောက်ခြင်းခံရသောကမ္ဘာသူကမ္ဘာ သားအပေါင်းတို့သည်ချည့်နဲ့၍နေကြ၏။ မိုးကောင်းကင်သည်လည်းကမ္ဘာမြေကြီး နှင့်အတူဆွေးမြေ့လျက်ရှိပေသည်။- အခန်းကိုကြည့်ပါ။ |
ဣသရေလနိုင်ငံသည်အမင်္ဂလာရှိ၏။ မိမိ ၏သေသောက်ကြူးသောခေါင်းဆောင်များဆောင်း ထားသည့်ပန်းဦးရစ်များနွမ်းသကဲ့သို့၊ ထို နိုင်ငံ၏ဘုန်းအသရေသည်ညှိုးနွမ်းလျက် နေ၏။ ထိုခေါင်းဆောင်တို့သည်ဝင့်ဝါမော်ကြွား ကာ၊ မိမိတို့ဦးခေါင်းကို နံ့သာဆီမွှေးကောင်း စွာလိမ်း၍ထားကြသော်လည်းသေသောက် ကြူးကာလဲ၍နေကြ၏။-
ကျွန်တော်မျိုးတို့၏ပြည်သည်အဘယ်မျှ ကြာကြာ ခြောက်သွေ့လျက်၊ လယ်ကွင်းများရှိမြက်တို့သည်လည်း၊အဘယ်မျှ ကြာကြာညှိုးနွမ်းလျက်နေရပါမည်နည်း။ `ငါတို့ပြုကျင့်ပုံကိုဘုရားသခင်တွေ့မြင်တော် မမူ' ဟုပြောဆိုကြသည့် ဤပြည်သူတို့၏ယုတ်မာမှုကြောင့်ငှက်များ၊ တိရစ္ဆာန်များသည်သေကြေပျက်စီးလျက်ရှိ ပါ၏။''
နေ့ကြီးရက်ကြီးများတွင်ကိုးကွယ်ဝတ်ပြုရန် ဗိမာန်တော်သို့လာမည့်သူမရှိ။ ဗိမာန်တော်တွင်သီချင်းဆိုသူ အမျိုးသမီးပျိုတို့သည်ဝမ်းနည်းကြေကွဲလျက် ရှိကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်းညည်းတွားမှုမှ တစ်ပါး အဘယ်သို့မျှမပြုနိုင်။ မြို့တံခါးများသည်လူဆိတ်ညံလျက်နေ၏။ ဇိအုန်မြို့သည်ဝေဒနာခံစားနေရသည်။