Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 24:23

Common Language Bible

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​နန်း စံ​တော်​မူ​တော့​မည်​ဖြစ်​၍ လ​သည်​မိုက်​လျက် နေ​လိမ့်​မည်။ နေ​သည်​လည်း​နောက်​တစ်​ဖန်​ထွန်း လင်း​တော့​မည်​မ​ဟုတ်။ ကိုယ်​တော်​သည်​ယေ​ရု ရှ​လင်​မြို့၊ ဇိ​အုန်​တောင်​ပေါ်​တွင်​စိုး​စံ​တော် မူ​လိမ့်​မည်။ ပြည်​သူ​တို့​၏​ဦး​စီး​ခေါင်း​ဆောင် များ​သည်​လည်း ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ဖူး​မြင်​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

36 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ အ​ချင်း​ကမ္ဘာ​မြေ​ကြီး၊ရွှင်​လန်း​ဝမ်း​မြောက်​လော့။ ပင်​လယ်​များ​တွင်​ရှိ​သည့်​ကျွန်း​အ​ပေါင်း​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။

မိ​ရိ​အံ​က၊ ``ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကြီး​ခံ​တော်​မူ ပြီ​ဖြစ်​၍ ဂုဏ်​တော်​ကို​ကူး​ရင့်​သီ​ဆို​ကြ​လော့။ ကိုယ်​တော်​သည်​မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ တို့​ကို ပင်​လယ်​ထဲ​၌​နစ်​မြုပ်​စေ​တော်​မူ​ပြီ'' ဟူ​၍ သီ​ချင်း​စပ်​ဆို​လေ​သည်။

ဇိ​အုန်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​အား ကြွေး​ကြော်​သီ​ဆို​စေ​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​သည်​ကြီး​မြတ်​တော်​မူ​၍၊ မိ​မိ​လူ​မျိုး​တော်​အ​လယ်​၌​ကျိန်း​ဝပ်​တော် မူ​၏။''

ကြယ်​နက္ခတ်​အ​ပေါင်း​တို့​သည်​မ​တောက်​ဘဲ နေ​လိမ့်​မည်။ နေ​ထွက်​လာ​သော​အ​ခါ​မှောင် လျက်​နေ​လိမ့်​မည်။ လ​သည်​လည်း​အ​လင်း ရောင်​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။

လ​သည်​နေ​တ​မျှ​ထွန်း​လင်း​တောက်​ပ​လျက် နေ​သည်​လည်း ခု​နစ်​စင်း​ပြိုင်​တူ​ထွက်​သ​ကဲ့ သို့ ခါ​တိုင်း​ထက်​ခု​နစ်​ဆ​ထွန်း​လင်း​တောက်​ပ လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော် ရ​ရှိ​ခဲ့​သည်​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​အ​ဝတ် နှင့်​ပတ်​စည်း​၍ အ​နာ​များ​ကို​ကု​သ​ပျောက် ကင်း​စေ​တော်​မူ​သော​အ​ခါ၊ ဤ​အ​မှု​အ​ရာ အ​ပေါင်း​သည်​ဖြစ်​ပျက်​၍​လာ​လိမ့်​မည်။

သင်​တို့​သည်​အ​လွန်​ကြီး​မား​ကျယ်​ဝန်း သော​နယ်​မြေ​တွင်​ခမ်း​နား​သိုက်​မြိုက်​စွာ အုပ်​စိုး​လျက် နေ​သူ​ဘု​ရင်​တစ်​ပါး​ကို တွေ့​မြင်​ရကြ​လိမ့်​မည်။-

ထို​လှေ​သင်္ဘော​များ​၏​ရွက်​တိုင်​နှင့်​ကြိုး​တို့ သည်​ပြုတ်​လျက် ရွက်​များ​သည်​လည်း​ဖြန့်​၍ မ​ရ​ပါ​တ​ကား။ ရန်​သူ​တပ်​မှ​ဥစ္စာ​ပစ္စည်း များ​ကို​လု​ယူ​ကြ​လိမ့်​မည်။ ထို​ပစ္စည်း​ဥစ္စာ တို့​မှာ​မြောက်​မြား​လှ​သည်​ဖြစ်​၍ ခြေ​မ​စွမ်း သူ​များ​ပင်​လျှင်​မိ​မိ​တို့​ဝေ​စု​ကို​ရ​ရှိ​ကြ လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ပင်​လျှင် ငါ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ​လိမ့် မည်။ ကိုယ်​တော်​သည်​ငါ​တို့​ကို​အုပ်​စိုး​၍ ကွယ်​ကာ​တော်​မူ​လိမ့်​မည်။-

ငြိမ်း​ချမ်း​ရေး​တည်း​ဟူ​သော​သ​တင်း​ကောင်း​ကို ယူ​ဆောင်​လာ​သူ၊စေ​တ​မန်​တစ်​ဦး တောင်​ရိုး​ကို​ဖြတ်​ကျော်​နေ​သည်​ကို​တွေ့​မြင်​ရ​ပုံ​မှာ ကျက်​သ​ရေ​ရှိ​လှ​ပါ​သည်​တ​ကား။ ထို​စေ​တ​မန်​သည်​ကယ်​တင်​ခြင်း​သ​တင်း​ကို ကြေ​ညာ​လျက်၊ ဇိ​အုန်​မြို့​အား``သင်​၏​ဘု​ရား​သ​ခင်​သည် ဘု​ရင်​ဖြစ်​တော်​မူ​၏'' ဟု​ဆို​၏။

အို ယေ​ရု​ရှ​လင်​မြို့၊နိုး​ထ​၍​နေ​ကဲ့​သို့​ထွန်း​တောက်​လော့။ သင်​၏​အ​လင်း​ပေါ်​ထွန်း​လာ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​သည် သင့်​အ​ပေါ်​၌​ထွန်း​လင်း​လျက်​နေ​၏။

``နေ့​အ​ခါ​နေ​သည်​လည်း​ကောင်း၊ ညဥ့်​အ​ခါ​လ​သည်​လည်း​ကောင်း၊ သင်​၏​အ​လင်း​ဖြစ်​တော့​မည်​မ​ဟုတ်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သာ​လျှင်​သင်​၏ အ​တွက် ထာ​ဝ​စဉ်​အ​လင်း​ဖြစ်​လိမ့်​မည်။ ငါ​၏​ဘုန်း​အ​သ​ရေ​ရောင်​ခြည်​တော်​သည် သင့်​အ​ပေါ်​၌​ထွန်း​လင်း​လိမ့်​မည်။

ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​၏​အ​တွက်​နေ​လ​တို့​ထက် ပို​မို​တည်​တံ့​သည့်​ထာ​ဝ​စဉ်​အ​လင်း​ဖြစ်​လိမ့်​မည်။ ထို့​ကြောင့်​သင်​ဝမ်း​နည်း​ပူ​ဆွေး​ရာ​နေ့​ရက်​များ​သည် ကုန်​ဆုံး​၍​သွား​လိမ့်​မည်။

မြို့​ကို​ကာ​ရံ​ထား​သည့်​မြို့​ရိုး​အ​လျား​စု​စု​ပေါင်း​မှာ​ကိုက်​တစ်​သောင်း​ရှစ်​ဆယ်​ဖြစ်​၏။ ထို​မြို့​ကို​ယ​ခု​မှ​အ​စ​ပြု​၍``ထာ​ဝ​ရ​ဘု​ရား​ဤ​တွင်​စံ​တော်​မူ​သည်'' ဟု​သ​မုတ်​လိမ့်​မည်။ ပ​ရော​ဖက်​ယေ​ဇ​ကျေ​လ​စီ​ရင်​ရေး​ထား​သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

သို့​သော်​လည်း​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည် ရာ​ဇ​တန်​ခိုး​အာ​ဏာ​ကို​ခံ​ယူ​ရ​ရှိ​ကာ​ကမ္ဘာ​အ​ဆက်​ဆက်​ထိန်း​သိမ်း​ကြ​လိမ့်​မည်'' ဟု​ရှင်း​ပြ​လေ​သည်။

အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​တို့​သည် ကမ္ဘာ​မြေ​ပေါ်​ရှိ​နိုင်​ငံ​အ​ပေါင်း​တို့​၏​တန်​ခိုး​အာ​ဏာ​နှင့်​ဘုန်း​အ​သ​ရေ​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​၏​အာ​ဏာ​စက်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ပ​ပျောက်​ရ​လိမ့်​မည်​မ​ဟုတ်။ ကမ္ဘာ​ပေါ်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည်​လည်း​သူ​တို့​၏​အ​စေ​ကို​ခံ​၍​သူ​တို့​၏​အ​မိန့်​ကို​နာ​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ရှင်း​ပြ​၏။

ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​နေ့​ကြီး မ​ကျ​မ​ရောက်​မီ၊ နေ​သည်​မှောင်​မိုက်​၍​သွား​လိမ့်​မည်။ လ​သည် လည်း သွေး​ကဲ့​သို့​နီ​မြန်း​၍​လာ​လိမ့်​မည်။

နေ​နှင့်​လ​သည်​မှောင်​မိုက်​လျက် ကြယ်​တာ​ရာ​များ​သည်​လည်း​မ​ထွန်း မ​လင်း​ကြ​တော့​ချေ။

အောင်​ပွဲ​ရ​ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်၊ ဧ​ဒုံ​ပြည်​ကို​တိုက်​ခိုက်​အုပ်​စိုး​ကြ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ထို​ပြည်​တွင်​နန်း​စံ​တော်​မူ​လိမ့်​မည်။'' ပ​ရော​ဖက်​သြ​ဗ​ဒိ​၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ပြီး​၏။

သူ​တို့​သည်​ခြေ​ဆွံ့​လျက်​နေ​အိမ်​မှ​ရပ်​ဝေး သို့​ရောက်​ရှိ​နေ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည် မ​သေ​ဘဲ​ကျန်​ကြွင်း​နေ​သေး​သူ​တို့​အား အင်​အား​ကြီး​သော​လူ​မျိုး​ဖြစ်​လာ​စေ​မည်။ ငါ​သည်​ဇိ​အုန်​တောင်​ပေါ်​မှာ​သူ​တို့​အား ယ​ခု​မှ​စ​၍​ကာ​လ​အ​စဉ်​အ​ဆက်​အုပ် စိုး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။

ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ချမ်း​ဧ​မှု သို့​မ​ဟုတ်​ဆီး​နှင်း​များ​ကျ​မှု ရှိ​တော့​မည်​မ​ဟုတ်။-

မှောင်​မိုက်​လည်း​ရှိ​တော့​မည်​မ​ဟုတ်၊ ထူး​ခြား သော​နေ့​ဖြစ်​မည်။ ညဥ့်​အ​ချိန်​၌​ပင်​လျှင် အ​စဉ်​အ​မြဲ​နေ​ရောင်​လင်း​၍​နေ​လိမ့်​မည်။ အ​ဘယ်​အ​ခါ​၌​ဤ​သို့​ဖြစ်​ပျက်​လာ​မည် ကို​မူ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ လျှင်​သိ​တော်​မူ​၏။

ဇိ​အုန်​မြို့​သူ၊မြို့​သား​အ​ပေါင်း​တို့၊ အား​ရ ရွှင်​မြူး ကြ​လော့။ အား​ရ​ရွှင်​မြူး​ကြ​လော့။ အ​ချင်း​ယေ​ရု​ရှ​လင်​မြို့​သူ၊မြို့​သား​တို့၊ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ ကြည့်​ကြ။ သင်​တို့​၏​ဘု​ရင်​ကြွ​လာ​တော်​မူ​ပြီ။ ထို​အ​ရှင်​သည်​အောင်​ပွဲ​ခံ​၍​ကယ်​တင်​တော် မူ​ရန် ကြွ​လာ​သည်​ဖြစ်​သော်​လည်း စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​မြည်း​မ​၏​သား မြည်း​က​လေး​ကို​စီး​၍​လာ​၏။

``ထို​သို့​ဆင်း​ရဲ​ဒုက္ခ​များ​ကျ​ရောက်​လာ​ပြီး​နောက် ချက်​ချင်း​ပင်​နေ​သည်​မှောင်​မိုက်​သွား​လိမ့်​မည်။ လ သည်​အ​လင်း​ရောင်​ပေး​လိမ့်​မည်​မ​ဟုတ်။ ကြယ်​များ သည်​ကောင်း​ကင်​မှ​ကြွေ​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ် များ​သည်​လမ်း​ပြောင်း​ကြ​လိမ့်​မည်။-

နိုင်​ငံ​တော်​တည်​ပါ​စေ​သော။ အ​လို​တော်​သည်​ကောင်း​ကင်​ဘုံ​၌​ပြည့်​စုံ​သ​ကဲ့​သို့၊ မြေ​ကြီး​ပေါ်​၌​လည်း​ပြည့်​စုံ​ပါ​စေ​သော။

အ​ကျွန်ုပ်​တို့​အား​ကြီး​မား​သော​စုံ​စမ်း သွေး​ဆောင်​ခြင်း​ကို​ခံ​စေ​တော်​မ​မူ​ဘဲ၊ စာ​တန်​မာရ်​နတ်​ဘေး​ရန်​မှ​ကာ​ကွယ်​တော်​မူ​ပါ' ဟူ​၍​ဆု​တောင်း​ကြ​လော့။

သင်​တို့​သည်​သိ​နာ​တောင်​အ​စား​ဇိ​အုန် တောင်​သို့​လည်း​ကောင်း၊ အ​တိုင်း​မ​သိ​များ​စွာ သော​ကောင်း​ကင်​တ​မန်​များ​ရှိ​ရာ​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​မြို့​တော် တည်း​ဟူ​သော ကောင်း​ကင်​ယေ​ရု​ရှ​လင်​မြို့ သို့​လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။-

ထို​နောက်​သတ္တမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ``ကမ္ဘာ​လော​က​ကို​အုပ်​စိုး သော​အာ​ဏာ​သည် ငါ​တို့​အ​ရှင်​နှင့်​ကိုယ်​တော် ၏​မေ​ရှိ​ယ​လက်​ထဲ​သို့​ရောက်​လာ​လေ​ပြီ။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​စိုး​စံ​တော် မူ​လိမ့်​မည်'' ဟု​ကောင်း​ကင်​မှ​ကျယ်​စွာ​ပြော သော​အ​သံ​များ​ကို​ကြား​ရ​၏။-

ထို​နောက်​ကြည့်​လိုက်​သော​အ​ခါ​ဇိ​အုန်​တောင် ပေါ်​တွင် သိုး​သူ​ငယ်​တော်​ရပ်​နေ​သည်​ကို​ငါ မြင်​ရ​၏။ သူ​၏​နာ​မ​နှင့်​ခ​မည်း​တော်​၏​နာ​မ တော်​ကို​န​ဖူး​တွင် ရေး​မှတ်​ထား​သူ​လူ​ပေါင်း တစ်​သိန်း​လေး​သောင်း​လေး​ထောင်​တို့​သည် သိုး သူ​ငယ်​တော်​နှင့်​အ​တူ​ရှိ​ကြ​၏။-

ထို​အ​ခါ​အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​နှင့် သက် ရှိ​သတ္တ​ဝါ​လေး​ပါး​တို့​က``အာ​မင်၊ ဘု​ရား​သ​ခင် ၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့'' ဟု​ဆို​ကာ​ပလ္လင် တော်​ပေါ်​တွင် စံ​နေ​တော်​မူ​သော​ဘု​ရား​သ​ခင် အား​ပျပ်​ဝပ်​ရှိ​ခိုး​ကြ​၏။

ထို​နောက်​လူ​ပ​ရိ​သတ်​ကြီး​၏​အ​သံ​ကဲ့​သို့​လည်း ကောင်း၊ အ​ဟုန်​ဖြင့်​စီး​သော​ရေ​သံ​နှင့်​မိုး​ချုန်း​သံ ကဲ့​သို့​လည်း​ကောင်း​ထွက်​ပေါ်​လာ​သော​အ​သံ ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​ကြီး​က``ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ အ​နန္တ တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင် ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​စိုး​စံ​တော်​မူ​လေ​ပြီ။-

ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​သည်​ထို​မြို့ အ​ပေါ်​သို့​ထွန်း​လင်း​၍​သိုး​သူ​ငယ်​တော်​သည်​ထို မြို့​၏​ဆီ​မီး​ဖြစ်​သ​ဖြင့် ထို​မြို့​သည်​နေ​၏ အ​ရောင်၊ လ​၏​အ​ရောင်​ကို​မ​လို။-

ထို​မြို့​တွင်​ည​ရှိ​တော့​မည်​မ​ဟုတ်။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​လင်း​ကို​ပေး​တော် မူ​မည်​ဖြစ်​၍၊ သူ​တို့​သည်​ဆီ​မီး​၏​အ​ရောင်၊ နေ​၏ အ​လင်း​ရောင်​ကို​လို​ကြ​တော့​မည်​မ​ဟုတ်။ သူ​တို့ သည်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ထာ​ဝ​စဉ်​စိုး​စံ​ရ​ကြ လတ္တံ့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ