Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 24:21

Common Language Bible

မိုး​ကောင်း​ကင်​ကို​အ​စိုး​ရ​သည့်​နတ်​များ နှင့်​လော​ကီ​ဘု​ရင်​တို့​အား ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည့်​အ​ချိန်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​မာန်​မာန​ကြီး​သူ​မင်း​သား တို့​၏ စိတ်​ကို​နှိမ့်​ချ​တော်​မူ​လျက်​ဘုန်း​ကြီး​သည့် ဘု​ရင်​တို့​အား​ထိတ်​လန့်​တုန်​လှုပ်​စေ​တော်​မူ​၏။

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဇိ​အုန် တောင်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​ဆောင်​ရွက်​ရန် အ​မှု​ပြီး​စီး​သော​အ​ခါ၊ အာ​ရှု​ရိ​ဘု​ရင် အား မိ​မိ​၏​ဝါ​ကြွား​မှု​နှင့်​မာန်​မာ​န​ကြီး မှု​တို့​အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​မည်'' ဟု​မိန့် တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဘေး​အန္တ​ရာယ် ဆိုး​ကို​ကမ္ဘာ​မြေ​ပေါ်​သို့​သက်​ရောက်​စေ​၍ သူ ယုတ်​မာ​တို့​အား​မိ​မိ​တို့​၏​အ​ပြစ်​များ အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​မည်။ ငါ​သည်​မာန် မာ​န​ကြီး​သူ​မှန်​သ​မျှ​ကို​ရှုတ်​ချ​၍ စိတ် ကြီး​ဝင်​ကာ​ရက်​စက်​ကြမ်း​ကြုတ်​သူ အ​ပေါင်း​အား​အ​ပြစ်​ဒဏ်​ခတ်​မည်။-

ထို​ကာ​လ​၌​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​တန်​ခိုး​ကြီး​သူ၊ မာန်​မာ​န​ကြီး​သူ​နှင့်​စိတ် ကြီး​ဝင်​သူ​မှန်​သ​မျှ​ကို​ရှုတ်​ချ​တော်​မူ​လိမ့်​မည်။-

ကမ္ဘာ​မြေ​ကြီး​သည်​ခြောက်​သွေ့​နွမ်း​နယ်​လျက် ရှိ​၏။ ချီး​မြှောက်​ခြင်း​ခံ​ရ​သော​ကမ္ဘာ​သူ​ကမ္ဘာ သား​အ​ပေါင်း​တို့​သည်​ချည့်​နဲ့​၍​နေ​ကြ​၏။ မိုး​ကောင်း​ကင်​သည်​လည်း​က​မ္ဘာ​မြေ​ကြီး နှင့်​အ​တူ​ဆွေး​မြေ့​လျက်​ရှိ​ပေ​သည်။-

လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​များ​သည် မိ​မိ​တို့​ပစ္စည်း​များ​ကို​ယူ​ဆောင်​လာ​နိုင်​ရန်၊ သင်​သည်​မိ​မိ​၏​တံ​ခါး​ကို​နေ့​ရော​ညဥ့်​ပါ ဖွင့်​၍​ထား​ရ​လိမ့်​မည်။

အ​ရှင်​ထာ​ဝရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ မေ​ရှက်​နှင့်​တု​ဗ​လ​လူ​မျိုး​တို့​၏​အ​ကြီး ဆုံး​မင်း​ဖြစ်​သူ​ဂေါ​ဂ​အား​ရှုတ်​ချ​လော့။ ငါ​သည်​သူ​၏​ရန်​သူ​ဖြစ်​ကြောင်း​ဆင့်​ဆို လော့။-

သင်​သည်​ကွင်း​ပြင်​ထဲ​တွင်​ကျ​ဆုံး​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။-

``အီ​ဂျစ်​ပြည်​သည်​သဲ​က​န္တာ​ရ​ဖြစ်​၍​ဧ​ဒုံ ပြည်​သည် ပျက်​စီး​ယို​ယွင်း​၍​လူ​သူ​ကင်း​မဲ့​သည့် နေ​ရာ​ဖြစ်​နေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​ပြည်​တို့​သည် ယု​ဒ​ပြည်​ကို​တိုက်​ခိုက်​၍၊ အ​ပြစ်​မဲ့​သူ​တို့​အား​သတ်​ဖြတ်​ခဲ့​ကြ​သော ကြောင့်​ဖြစ်​၏။

ထာဝရဘုရာက``ထိုသို့သတ်ဖြတ်ရာ နေ့ရက်ကာလကျရောက်လာသောအခါ၊ မှူးမတ်များ၊ ဘုရင့်သားတော်များနှင့်လူ မျိုးခြားဓလေ့ထုံးစံကိုကျင့်သုံးသူတို့ အားအပြစ်ဒဏ်ခတ်မည်။

သူ​တို့​သည်​သိုး​သူငယ်​တော်​ကို​စစ်​တိုက်​ကြ​လိမ့် မည်။ သိုး​သူ​ငယ်​တော်​သည်​အ​ရှင်​တ​ကာ​တို့​၏ အ​ရှင်၊ ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ သော​ကြောင့်​သူ​တို့​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော​သူ၊ ကိုယ်​တော်​အား​သစ္စာ​ရှိ​သော​သူ​တို့​သည်​ကိုယ် တော်​နှင့်​အ​တူ​အောင်​ပွဲ​ဝင်​ခွင့်​ရ​ကြ​လိမ့် မည်'' ဟု​ဆို​၏။

သူ​နှင့်​ကာ​မ​ဂုဏ်​စည်း​စိမ်​ခံ​စား​ခဲ့​ကြ​သော​ကမ္ဘာ တစ်​ဝန်း​လုံး​ရှိ​ဘု​ရင်​တို့​သည် သူ့​ကို​ကျွမ်း​လောင် လျက်​ရှိ​သည့်​မီး​မှ​မီး​ခိုး​များ​ကို​မြင်​သော အ​ခါ​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ