ဟေရှာယ 24:2Common Language Bibleယဇ်ပုရောဟိတ်နှင့်ပြည်သူ၊ ကျွန်နှင့်သခင်၊ ဝယ်သူနှင့်ရောင်းသူ၊ ချေးသူနှင့်ငှားသူ၊ ချမ်း သာသူနှင့်ဆင်းရဲသူ၊ ရှိရှိသမျှသောလူ တို့သည်ကံကြမ္မာတစ်မျိုးတစ်စားတည်း နှင့်ကြုံတွေ့ရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ပရောဖက်များနှင့်ယဇ်ပုရောဟိတ်များပင် လျှင် သေသောက်ကြူးကြသဖြင့်ယိမ်းထိုး၍ နေကြ၏။ သူတို့သည်စပျစ်ရည်နှင့်သေရည် အသောက်လွန်သဖြင့် ဂယောင်ချောက်ချားဖြစ် ကာခြေချော်၍လဲကြ၏။ ပရောဖက်တို့သည် မူးယစ်လျက်နေရကား ဘုရားသခင်ပြ တော်မူသောဗျာဒိတ်ရူပါရုံများ၏အနက် အဋ္ဌိပ္ပါယ်ကိုနားမလည်ကြ။ ယဇ်ပုရောဟိတ် တို့သည်လည်း မိမိတို့ထံသို့ရောက်ရှိလာ သည့်အမှုများကိုစီရင်ဆုံးဖြတ်ရန် မတတ်ကြ။-
``ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက`အီဂျစ်ပြည်သို့သင်တို့သွား မည်ဆိုလျှင် ငါသည်မိမိ၏ဒေါသအမျက်တော် ကိုယေရုရှလင်မြို့သူမြို့သားတို့အပေါ်သို့ သွန်းလောင်းခဲ့သည့်နည်းတူ သင်တို့အပေါ်သို့ လည်းသွန်းလောင်းမည်။ လူတို့ရှေ့တွင်သင်တို့ သည်စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍ သင်တို့ကိုပြက် ရယ်ပြုလျက်သင်တို့အမည်နာမကိုကျိန်စာ အဖြစ်အသုံးပြုကြလိမ့်မည်။ သင်တို့သည် ဤအရပ်ကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှပြန်၍တွေ့မြင်ရကြလိမ့်မည်မဟုတ်' ဟုမိန့်တော်မူ၏'' ဟုဆို၏။