ဟေရှာယ 24:10Common Language Bibleမြို့တွင်း၌အစစအရာရာကစင့်ကလျား ဖြစ်လျက်နေ၏။ လူတို့မဝင်နိုင်ရန်အိမ်တိုင်း ကိုလည်းပိတ်ထားကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုအခါစစ်သူရဲအပေါင်းတို့သည်မြို့ကို ဗာဗုလုန်တပ်သားများဝိုင်းရံလျက်ရှိသော် လည်း မြို့ရိုးကိုဖောက်၍ညဥ့်အခါထွက်ပြေး ကြ၏။ သူတို့သည်ဘုရင့်ဥယျာဉ်တော်လမ်း အတိုင်းသွားပြီးလျှင် မြို့ရိုးနှစ်ထပ်အကြား ရှိတံခါးပေါက်မှထွက်၍ယော်ဒန်ချိုင့်ဝှမ်း ဘက်သို့ပြေးကြ၏။-
ဤဗျာဒိတ်တော်သည်တုရုမြို့နှင့်သက်ဆိုင် သည့်ဗျာဒိတ်တော်ဖြစ်၏။ ပင်လယ်သို့ရောက်ရှိ နေကြသူအချင်းသင်္ဘောသားတို့၊ ဝမ်းနည်း လျက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ ဌာနေဖြစ်သည့်တုရုသင်္ဘောဆိပ်မြို့သည်ပျက် ပြုန်းသွားလေပြီ။ ယင်း၏အိမ်များနှင့်ဆိပ် ကမ်းများသည်ယိုယွင်းပျက်စီးလျက်နေ ၏။ ထိုသတင်းကိုသင်တို့သည်ကုပရုပြည် မှအပြန်ခရီးတွင်ကြားသိရကြ၏။-
နန်းတော်ပင်လျှင်အထီးတည်းကျန်ရစ်၍ နေ ပြည်တော်ကြီးသည်လုံးဝလူသူဆိတ်ငြိမ် လျက်နေလိမ့်မည်။ ထိုမြို့တော်ကိုစောင့်ကြပ် ကာကွယ်ရာခံတပ်များနှင့်အိမ်များသည် လည်း ထာဝစဉ်ပျက်စီးယိုယွင်း၍နေလိမ့် မည်။ ထိုအရပ်တွင်မြည်းရိုင်းများလှည့်လည် သွားလာကာသိုးများကျက်စားကြလိမ့်မည်။
ထိုအခါမြို့ရိုးများသည်ကျိုးပေါက်၍သွား တော့၏။ မြို့ကိုဗာဗုလုန်အမျိုးသားတို့ဝိုင်းရံ လျက်ထားသော်လည်း စစ်သည်တပ်သားအပေါင်း သည်ညဥ့်အခါတွင်ထွက်ပြေးရန်ကြိုးစားကြ ၏။ သူတို့သည်ဘုရင့်ဥယျာဉ်တော်အတိုင်း သွားပြီးလျှင် မြို့ရိုးနှစ်ထပ်အကြားရှိတံခါး ပေါက်မှထွက်၍ယော်ဒန်ချိုင့်ဝှမ်းဘက်သို့ပြေး ကြ၏။-