Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 23:6

Common Language Bible

အ​ချင်း​ဖို​နီး​ရှား​ပြည်​သူ​တို့၊ ဝမ်း​နည်း လျက်​ညည်း​တွား​မြည်​တမ်း​ကြ​လော့။ စ​ပိန် ပြည်​သို့​ထွက်​ပြေး​ရန်​ကြိုး​စား​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

မော​ဘ​ပြည်​သူ​တို့​သည်​မိ​မိ​တို့​ခံ​ရ​သည့် ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​ငို​ယို​ကြ​လိမ့်​မည်။ ကိ​ရ​ဟ​ရက်​မြို့​တွင်​မိ​မိ​တို့​စား​ခဲ့​ရ​ဖူး သည့်​ကောင်း​သော​အ​စား​အ​စာ​များ​ကို ပြန်​လည်​သ​တိ​ရ​သော​အ​ခါ​သူ​တို့​အား လုံး​ပင်​ငို​ယို​ကြ​လိမ့်​မည်။ စိတ်​ပျက်​အား ငယ်​လျက်​နေ​ကြ​လိမ့်​မည်။-

လူ​တို့​သည်​မိ​မိ​တို့​အား​ခုတ်​ရန်​အ​သင့် ရှိ​သည့်​ဋ္ဌား​များ​၏​ဘေး​မှ​လည်း​ကောင်း၊ ပစ်​ရန်​အ​သင့်​ရှိ​သည့်​လေး​မြား​တို့​၏​ဘေး မှ​လည်း​ကောင်း၊ စစ်​ဘေး​အန္တ​ရာယ်​ဟူ​သ​မျှ​မှ လည်း​ကောင်း​လွတ်​မြောက်​ရန်​ထွက်​ပြေး​လျက် ရှိ​ကြ​၏။

စ​ပိန်​ပြည်​ရှိ​ကို​လို​နီ​နိုင်​ငံ​များ​မှ​လူ​တို့၊ သင်​တို့​သည်​သွား​၍​လယ်​ယာ​များ​ကို​ထွန် ယက်​ကြ​လော့။ သင်​တို့​အား​ကာ​ကွယ်​စောင့် ရှောက်​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ တော့​ပေ။-

အို ဇိ​ဒုန်​မြို့၊ သင်​သည်​နောက်​တစ်​ဖန်​သာ​ယာ ရွှင်​လန်း​ရ​တော့​မည်​မ​ဟုတ်။ သင်​၏​လူ​တို့ သည်​လည်း​ဖိ​နှိပ်​ချုပ်​ချယ်​မှု​ကို​ခံ​ရ​လျက် ရှိ​၏။ အ​ကယ်​၍​သူ​တို့​သည်​ကု​ပ​ရု​ပြည်​သို့ ထွက်​ပြေး​လွတ်​မြောက်​သွား​ကြ​သည်​ဆို​စေ ကာ​မူ ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ရကြ​လိမ့်​မည် မ​ဟုတ်။

သူ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​များ​သည်​တာရှု ပြည်​မှ ထွက်​သည့်​ငွေ​နှင့်​လည်း​ကောင်း၊ ဥ​ဖတ်​မြို့​မှ​ထွက်​သည့်​ရွှေ​နှင့်​လည်း​ကောင်း မွမ်း​မံ​ထား​သ​ဖြင့်၊ အ​နု​ပ​ညာ​သည်​တို့​၏​လက်​ရာ​ဖြစ်​ပေ​သည်။ ထို​ရုပ်​တု​များ​သည်​ကျွမ်း​ကျင်​သူ​ယက်​ကန်း သည်​တို့၊ ယက်​လုပ်​ထား​သော​ခ​ရမ်း​ရောင်​ထည်၊ အ​ပြာ​ရောင်​ထည်​တို့​ဖြင့်​တန်​ဆာ​ဆင်​၍ ထား​၏။

``ပင်​လယ်​ကမ်း​ခြေ​တွင်​နေ​ထိုင်​သူ​အ​ပေါင်း တို့​သည်​သင်​၏​ကံ​ကြမ္မာ​ကို​မြင်​၍​တ​အံ့​တ သြ​ဖြစ်​ကြ​ကုန်​၏။ သူ​တို့​၏​ဘု​ရင်​များ​ပင် လျှင်​ထိတ်​လန့်​တုန်​လှုပ်​ကြ​လျက် မျက်​နှာ​တွင် သွေး​မ​ရှိ​ကြ​တော့​ပေ။-

သို့​ရာ​တွင်​ယော​န​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ထွက်​ပြေး​ရန်​ယုပ္ပေ​သင်္ဘော​ဆိပ်​သို့​သွား​၏။ ယုပ္ပေ​မြို့​သို့​ရောက်​လျှင်​စ​ပိန်​ပြည်​သို့​ထွက်​ခွာ​သွား​တော့​မည်​ဖြစ်​သော​သင်္ဘော​ကို​အ​ဆင်​သင့်​တွေ့​လေ​၏။ ယော​န​သည်​သင်္ဘော​ခ​ကို​ပေး​ပြီး​လျှင် ထာ​ဝ​ရ​ဘုရား​နှင့်​ဝေး​ရာ​စ​ပိန်​မြို့​သို့​သင်္ဘော​သား​များ​နှင့်​အ​တူ​လိုက်​ရန်​သင်္ဘော​ပေါ်​သို့​တက်​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ