Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 23:17

Common Language Bible

အ​နှစ်​ခု​နစ်​ဆယ်​ကုန်​လွန်​သော​အခါ၊ ထာ​ဝ​ရ ဘု​ရား​သည်​တု​ရု​မြို့​အား​ရှေး​အ​ခါ​က​နည်း တူ တစ်​ဖန်​ပြန်​၍​ကုန်​သွယ်​ရန်​ခွင့်​ပြု​တော်​မူ လိမ့်​မည်။ ထို​မြို့​သည်​ကမ္ဘာ​ပေါ်​ရှိ​နိုင်​ငံ​တ​ကာ ၏​အ​စေ​ကို​ခံ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ဘု​ရင်​တစ်​ပါး​၏​တစ်​သက်၊ အ​နှစ်​ခု​နစ်​ဆယ် တိုင်​တိုင်​တု​ရု​မြို့​ကို​လူ​တို့​မေ့​ပျောက်​လျက် နေ​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။ နှစ်​များ​ကုန်​လွန်​သွား​သော​အ​ခါ တု​ရု​မြို့​သည်၊ ``သ​နား​စ​ရာ​ကောင်း​၍​လူ​တို့ အ​မှတ်​မ​ရ​ကြ​တော့​သည့်​ပြည့်​တန်​ဆာ​မ၊ သင်​၏​စောင်း​ကို​ယူ​၍​မြို့​ကို​လှည့်​လည်​လော့။ သင်​၏​ချစ်​သူ​များ​ပြန်​လာ​ကြ​စေ​ရန် စောင်း​ကို​တီး​၍​သီ​ချင်း​များ​ကို​ဆို​ဦး​လော့'' အ​စ​ရှိ​သည့်​သီ​ချင်း​ထဲ​က​ပြည့်​တန်​ဆာ​မ နှင့်​တူ​လိမ့်​မည်။

ဤ​ပြည်​တစ်​ခု​လုံး​သည်​ယို​ယွင်း​ပျက်​စီး​လျက် ကျန်​ရစ်​ကာ ရှု​မြင်​ရ​သူ​တို့​ထိတ်​လန့်​ဖွယ်​ရာ ဖြစ်​လိမ့်​မည်။ ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သည်​လည်း အ​နှစ်​ခု​နစ်​ဆယ်​တိုင်​တိုင်​ဗာ ဗု​လုန်​ဘုရင်​၏​အ​စေ​ကို​ခံ​ရ​ကြ​လိမ့်​မည်။-

``ထာ​ဝ​ရ​ဘု​ရား​က`ဗာ​ဗု​လုန်​မြို့​၏​သက်​တမ်း အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ ငါ​သည်​သင် တို့​အား​ပြန်​လည်​ကြည့်​ရှု​မည်။ ငါ​၏​က​တိ​တော် ရှိ​သည့်​အ​တိုင်း​သင်​တို့​၏​ပြည်​သို့​ပြန်​လည် ပို့​ဆောင်​မည်။-

လမ်း​ထိပ်​တိုင်း​တွင်​မြင့်​သော​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​များ​ဆောက်​၍ မိ​မိ​၏​လှ​ပ​သော အ​ဆင်း​ကို​စက်​ဆုပ်​ဖွယ်​ကောင်း​အောင်​ပြု လေ​ပြီ။ လာ​ရောက်​သူ​တိုင်း​အား​မိ​မိ​၏ ကိုယ်​ကို​အပ်​ပေး​၍ တစ်​နေ့​တစ်​ခြား​ပြည့် တန်​ဆာ​ဖြစ်​သည်​ထက်​ဖြစ်​စေ​၏။-

တ​ဏှာ​ကြီး​သူ​အိမ်​နီး​ချင်း​အီ​ဂျစ်​အ​မျိုး သား​တို့​အား မိ​မိ​နှင့်​အ​တူ​အိပ်​စက်​ခွင့်​ပေး ၍​ပြည့်​တန်​ဆာ​လုပ်​ခြင်း​အား​ဖြင့်​ငါ​၏ အ​မျက်​တော်​ကို​နှိုး​ဆော်​တော်​မူ​၏။

သင်​သည်​လမ်း​ထိပ်​တိုင်း​၌​သင်​ကိုး​ကွယ်​ရန် တောင်​ကုန်း​များ​ကို​ဆောက်​၍ စျေး​ရပ်​ကွက် တိုင်း​၌​မြင့်​သော​ကိုး​ကွယ်​ရာ​ဌာ​န​များ ကို​တည်​ဆောက်​သော​အ​ခါ ပြည့်​တန်​ဆာ အ​လုပ်​ကို​လုပ်​သော်​လည်း​သာ​မန်​ပြည့် တန်​ဆာ​များ​ကဲ့​သို့​အ​ခ​ကြေး​ငွေ​ကို မ​တောင်း။-

``ငါ​သည်​သင်​၏​မ​တ​ရား​စီး​ပွား​ရှာ​မှု အ​တွက်​အ​မျက်​ထွက်​လျက်၊ လက်​ဝါး​ချင်း ရိုက်​၍၊ လု​ယက်​သတ်​ဖြတ်​မှု​တို့​ကို​ရပ်​စဲ စေ​မည်။-

ရုပ်​တု​ရှိ​သ​မျှ​ကို​ကျိုး​ပဲ့​ကြေ​မွ​စေ​မည်။ ရုပ်​တု​တို့​အား​ပူ​ဇော်​သော​လက်​ဆောင်​ပစ္စည်း ရှိ​သ​မျှ​ကို​မီး​ရှို့​ဖျက်​ဆီး​မည်။ ရုပ်​တု​ရှိ သ​မျှ​ကို​အ​မှိုက်​ပုံ​ဖြစ်​စေ​မည်။ ရှ​မာ​ရိ မြို့​သည်​ဤ​အ​ရာ​များ​ကို​ရုပ်​တု​ကိုး​ကွယ် မှု​ဖြင့်​စု​ဆောင်း​ရ​ရှိ​၏။ ဘု​ရား​ကျောင်း ပြည့်​တန်​ဆာ​လုပ်​ငန်း​နှင့် ရန်​သူ​များ​သည် ယင်း​တို့​ကို​ကိုး​ကွယ်​ရန်​သိမ်း​ယူ​သွား ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

မြို့​ကို​အုပ်​ချုပ်​သူ​တို့​သည်​တံ​စိုး​လက်​ဆောင် စား​၍​အုပ်​ချုပ်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့ သည်​အ​ခ​ကြေး​ငွေ​ယူ​၍​စီ​ရင်​ဆုံး​ဖြတ် ကြ​၏။ ပ​ရော​ဖက်​တို့​သည်​ငွေ​ယူ​၍​ဗျာ​ဒိတ် တော်​ကို​ဖွင့်​ပြ​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့ က​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဟု​ဆို​ကြ​၏။ သူ​တို့​က``ငါ တို့​တွင်​ဘေး​ဥ​ပဒ်​မ​ရောက်​နိုင်၊ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သည်'' ဟု​ပြော​ကြ​၏။

နိ​နေ​ဝေ​မြို့​တည်း​ဟူ​သော​ပြည့်​တန်​ဆာ​မ​သည် အ​ပြစ်​ဒဏ်​ခံ​ရ​လေ​ပြီ။ သူ​သည်​လူ​တို့​၏​စိတ်​ကို​ယို​ဖိတ်​စေ​လောက်​အောင် ချော​မော​လှ​သ​ဖြင့်၊လူ​မျိုး​တ​ကာ​၏​စိတ်​ကို ဆွဲ​ဆောင်​ကာ ဖြား​ယောင်း​သွေး​ဆောင်​ခဲ့​ပေ​သည်။

အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​သူ​ယု​ဒ​ပြည် သား​တို့​သည်​သင်​တို့​ပြည်​ကို​သိမ်း​ယူ​ကြ လိမ့်​မည်။ သူ​တို့​သည်​ထို​အ​ရပ်​တွင်​သိုး​အုပ် များ​ကို​ထိန်း​ကျောင်း​ကာ​အာ​ရှ​ကေ​လုန် မြို့​ရှိ​နေ​အိမ်​များ​တွင်​အိပ်​ကြ​လိမ့်​မည်။ သူ တို့​၏​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍​သူ​တို့​အား တစ်​ဖန်​ပြန်​ကောင်း​စား​စေ​တော်​မူ​လိမ့်​မည်။

ဘု​ရား​သ​ခင်​သည်​ရှေး​ဦး​စွာ​လူ​မျိုး​ခြား​တို့ အ​နက်​အ​ချို့​သော​သူ​တို့​ကို မိ​မိ​၏​လူ​စု တော်​ဝင်​များ​ဖြစ်​စေ​ရန်​ရွေး​ထုတ်​ခြင်း​အား ဖြင့် သူ​တို့​ကို​ဂ​ရု​စိုက်​တော်​မူ​ကြောင်း​ရှိ​မုန် ရှင်း​ပြ​ခဲ့​ပြီ။-

ပြည့်​တန်​ဆာ​အ​လုပ်​ဖြင့်​ရ​သော​ငွေ​ကို က​တိ သစ္စာ​ပြု​ချက်​အ​ရ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့​မ​လှူ​ဒါန်း ရ။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​အ​လုပ်​ကို​စက် ဆုပ်​ရွံ​ရှာ​တော်​မူ​၏။

သေ​သောက်​ကြူး​သူ​မ​ဖြစ်​စေ​ရ။ သူ​သည် ကြမ်း​တမ်း​သူ​မ​ဟုတ်​ဘဲ​နူး​ညံ့​သိမ်​မွေ့​သူ၊ ငြိမ်း​ချမ်း​မှု​ကို​လို​လား​သူ​ဖြစ်​ရ​မည်။ ငွေ ကို​ခုံ​မင်​တပ်​မက်​သူ​မ​ဖြစ်​ရ။-

သင်း​ထောက်​လူ​ကြီး​များ​သည်​လည်း​စာ​ရိတ္တ ကောင်း​မွန်​၍​ဟန်​ဆောင်​မှု​မ​ရှိ​သူ​များ​ဖြစ် ရ​မည်။ သူ​တို့​သည်​သေ​သောက်​ကြူး​သူ​များ၊ ငွေ​ကို​တပ်​မက်​သူ​များ​မ​ဖြစ်​စေ​ရ။-

သင်​တို့​သည်​မိ​မိ​တို့​၌​အပ်​ထား​သော​ဘု​ရား သ​ခင်​၏​သိုး​စု​ကို​ကြည့်​ရှု​စောင့်​ထိန်း​ကြ​လော့။ တာ​ဝန်​ဝတ္တ​ရား​တစ်​ရပ်​အ​နေ​ဖြင့်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သည့် အ​နေ​ဖြင့်​ဝမ်း​မြောက်​စွာ​စောင့်​ထိန်း​ကြ​လော့။ ငွေ​ကြေး​ရ​ရှိ​ရန်​အ​တွက်​မ​ဟုတ်​ဟူ​၍ စေ​တ​နာ​စိတ်​နှင့်​လုပ်​ဆောင်​ကြ​လော့။-

ကိုယ်​တော်​၏​တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် ဖြောင့်​မှန်​ပါ​၏။ မိ​မိ​၏​ကာ​မ​ဂုဏ်​စည်း​စိမ်​အား ဖြင့် ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​ဖောက်​ပြန်​ပျက်​စီး စေ​သည့်​ပြည့်​တန်​ဆာ​မ​ကြီး​အား အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ပြီ။ ကိုယ်​တော်​၏​အ​စေ​ခံ​တို့​အား သတ်​ခဲ့​သော​ကြောင့် ဒဏ်​ခတ်​တော်​မူ​ပြီ'' ဟု ကြွေး​ကြော်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ