Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 22:23

Common Language Bible

ငါ​သည်​ခိုင်​မြဲ​စွာ​ရိုက်​ထား​သည့်​ငုတ်​ကဲ့​သို့ သူ့​အား​မြဲ​မြံ​စွာ​ထား​ရှိ​မည်။ သူ​သည်​လည်း မိ​မိ​အိမ်​ထောင်​စု​တစ်​စု​လုံး​၏​ဂုဏ်​အ​သ ရေ​ကို​ဆောင်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​က​ရု​ဏာ​ထား တော်​မူ​သ​ဖြင့် လူ​မျိုး​ခြား​တို့​၏​လက်​မှ​လွတ် မြောက်​စေ​၍ ယ​ခု​အ​ခါ​သန့်​ရှင်း​မြင့်​မြတ်​သည့် ဌာ​န​တော်​တွင် ကာ​လ​အ​နည်း​ငယ်​မျှ​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ ပြီ။ ကိုယ်​တော်​သည်​ကျွန်ုပ်​တို့​အား ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​စေ​၍​ဘ​ဝ​သစ်​ကို​ပေး​တော်​မူ ပါ​ပြီ။-

ယု​ဒ​အ​မျိုး​သား​မော်​ဒ​ကဲ​သည်​ဇေ​ရဇ်​ဘု​ရင် ပြီး​လျှင် နိုင်​ငံ​တော်​တွင်​တန်​ခိုး​အ​ကြီး​ဆုံး သော​သူ​ဖြစ်​၏။ သူ​သည်​ယု​ဒ​အ​မျိုး​သား တို့​၏​ချစ်​ခင်​ကြည်​ညို​ရို​သေ​လေး​စား​မှု​ကို ခံ​ရ​လေ​သည်။ သူ​သည်​မိ​မိ​လူ​မျိုး​၏​အ ကျိုး​နှင့် သူ​တို့​၏​သား​မြေး​များ​၏​လုံ​ခြုံ​မှု အ​တွက်​ဆောင်​ရွက်​ခဲ့​သော​သူ​ဖြစ်​ပေ​သည်။ ဧ​သ​တာ​ဝတ္ထု​ပြီး​၏။

အ​ကယ်​၍​သင်​သည်​ယ​ခု​အ​ချိန်​အ​ခါ​မျိုး ၌​ဆိတ်​ဆိတ်​နေ​ပါ​မူ ယု​ဒ​အ​မျိုး​သား​တို့ သည် ကောင်း​ကင်​ဘုံ​မှ​အ​ကူ​အ​ညီ​ကို​ရ​ရှိ ၍​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​ပါ​မည်။ သင်​မူ ကား​အ​သတ်​ခံ​ရ​လျက်​ဖ​ခင်​၏​အိမ်​ထောင်​စု သည်​လည်း​ပျက်​စီး​ဆုံး​ပါး​ကြ​လိမ့်​မည်။ သို့ ရာ​တွင်​သင်​မိ​ဖု​ရား​ဖြစ်​လာ​ရ​သည်​မှာ ဤ အ​ချိန်​အ​ခါ​မျိုး​အ​တွက်​ပင်​ဖြစ်​သည်​မ ဟုတ်​ပါ​လော'' ဟု​သ​တိ​ပေး​စ​ကား​မှာ ကြား​လိုက်​၏။

ဖြောင့်မတ်သောသူတို့ကို ပမာဏမပြုဘဲ နေ တော်မမူ။ ရှင်ဘုရင်နှင့်အတူ ရာဇပလ္လင်ပေါ်မှာ ထာဝရ နေရာချ၍ ချီးမြှောက်တော်မူ၏။

ပညာရှိသောသူ၏စကားသည် တုတ်ချွန်နှင့် ၎င်း၊ တပါးတည်းသော သိုးထိန်းကြီးအပ်ပေတော်မူ၍၊ ပရိသတ်အုပ်တို့ ရိုက်ထားသောသံချွန်နှင့်၎င်း တူ၏။

``သို့​ရာ​တွင်​ဆွေ​မျိုး​ညာ​တိ​များ​နှင့်​မှီ​ခို သူ​တို့​သည် သူ​၏​အ​တွက်​ဝန်​ထုပ်​ဝန်​ပိုး​ဖြစ် ၍​နေ​လိမ့်​မည်။ ငုတ်​တွင်​ဆွဲ​ချိပ်​ထား​သည့်​အိုး ခွက်​များ​ကဲ့​သို့ သူ​တို့​သည်​သူ့​ကို​တွယ်​ကပ် နေ​ကြ​လိမ့်​မည်။-

ဤ​သို့​ဖြစ်​ပျက်​လာ​သော​အ​ခါ​ခိုင်​မြဲ​စွာ ရိုက်​သွင်း​ထား​သည့်​ငုတ်​သည် ချောင်​၍​လာ ကာ​လဲ​ကျ​သွား​လိမ့်​မည်။ ယင်း​တွင်​ဆွဲ​ချိပ် ထား​သ​မျှ​သော​အ​ရာ​တို့​သည်​လည်း ပျက် စီး​သွား​ကြ​လိမ့်​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

သူ​တို့​အ​ထဲ​မှ​မင်း​များ၊ ခေါင်း​ဆောင်​များ၊ တပ်​မှူး​များ​အ​စ​ရှိ​သည်​တို့​ပေါ်​ထွန်း လာ​မည်။-

ငါ​သည်​အောင်​မြင်​၍​ငါ့​ခ​မည်း​တော်​၏​ပလ္လင် ပေါ်​မှာ​ကိုယ်​တော်​နှင့်​အ​တူ​ထိုင်​နေ​သ​ကဲ့​သို့ အောင်​မြင်​သူ​အား​ပလ္လင်​ပေါ်​မှာ​ငါ​နှင့်​အ​တူ ထိုင်​ရ​သော​အ​ခွင့်​ကို​ငါ​ပေး​မည်။

ကိုယ်​တော်​သည်​ဆင်း​ရဲ​သူ​တို့​ကို မြေ​မှုန့်​မှ​လည်း​ကောင်း၊ ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို​အ​မှိုက်​ပုံ​မှ​လည်း ကောင်း ချီ​ပင့်​တော်​မူ​၏။ သူ​တို့​အား​မင်း​ညီ​မင်း​သား​များ​နှင့်​ပေါင်း​ဖော် ခွင့်​ကို ပေး​တော်​မူ​၍ ဂုဏ်​အ​သ​ရေ​ရှိ​သည့်​နေ​ရာ​များ​တွင် ထိုင်​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မြေ​ကြီး​၏​အ​ခြေ​ခံ အုတ်​မြစ်​များ​ကို​ပိုင်​တော်​မူ​၏။ ထို​အုတ်​မြစ်​တို့​အ​ပေါ်​တွင်​ကမ္ဘာ​ကို တည်​ဆောက်​တော်​မူ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ