ဟေရှာယ 22:11Common Language Bibleရေကန်ဟောင်းမှစီးဆင်းလာသည့်ရေတို့ကို မြို့တွင်း၌သိုလှောင်ထားနိုင်ရန် ရေလှောင်ကန် တစ်ခုကိုလည်းတူးကြ၏။ သို့ရာတွင်သူ တို့သည်ဤအမှုကိုရှေးမဆွကပင် စီမံ ထားတော်မူသောအရှင်၊ ဖြစ်ပျက်စေတော် မူသောအရှင်ဘုရားသခင်ကိုမူအလေး ဂရုမပြုကြ။ အခန်းကိုကြည့်ပါ။ |
ထိုအခါစစ်သူရဲအပေါင်းတို့သည်မြို့ကို ဗာဗုလုန်တပ်သားများဝိုင်းရံလျက်ရှိသော် လည်း မြို့ရိုးကိုဖောက်၍ညဥ့်အခါထွက်ပြေး ကြ၏။ သူတို့သည်ဘုရင့်ဥယျာဉ်တော်လမ်း အတိုင်းသွားပြီးလျှင် မြို့ရိုးနှစ်ထပ်အကြား ရှိတံခါးပေါက်မှထွက်၍ယော်ဒန်ချိုင့်ဝှမ်း ဘက်သို့ပြေးကြ၏။-
အီဂျစ်ပြည်သို့အကူအညီတောင်းခံရန် သွားရောက်သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည်မြင်းများ၊ စစ်ရထားများနှင့် မြင်းစီးသူရဲများတည်းဟူသောအီဂျစ် ပြည်၏ကြီးမားသောစစ်အင်အားကိုမှီခို အားကိုး၍နေကြ၏။ သို့ရာတွင်မြင့်မြတ် သန့်ရှင်းတော်မူသောဣသရေလအမျိုး သားတို့၏ ဘုရားသခင်ထာဝရဘုရား ကိုမူအားမကိုးကြ။ ကူမတော်မူရန် ကိုယ်တော်ကိုလည်းမတောင်းမလျှောက် ကြ။-