Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 21:4

Common Language Bible

ငါ​၏​ဦး​ခေါင်း​သည်​ချာ​ချာ​လည်​လျက်​ငါ သည်​ကြောက်​စိတ်​ဖြင့်​တုန်​လှုပ်​၍​နေ​၏။ ငါ သည်​ညဥ့်​ဦး​ယံ​ကို​တမ်း​တ​လျက်​နေ​ခဲ့​၏။ သို့​ရာ​တွင်​ထို​အ​ချိန်​သည် ငါ့​အား​ထိတ်​လန့် မှု​ကို​ဖြစ်​စေ​သည်​မှ​တစ်​ပါး​အ​ဘယ်​သို့ မျှ​မ​ပြု။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​အ​ဒေါ​နိ​ယ​၏ ဧည့်​သည်​တော်​တို့ သည်​ကြောက်​လန့်​ကြ​သ​ဖြင့် ထ​၍​တစ်​ယောက် တစ်​လမ်း​စီ​ပြန်​သွား​ကြ​၏။-

သူ​သည်​ဆက်​လက်​၍``ဤ​အ​မှု​အ​ရာ​များ အ​ပြင်​မိ​ဖု​ရား​ဧ​သ​တာ​က​လည်း​မင်း​ကြီး နှင့်​ငါ​သာ​လျှင် ည​စာ​စား​ပွဲ​နှင့်​ဧည့်​ခံ​ခဲ့ ပါ​၏။ နက်​ဖြန်​ခါ​လည်း​ငါ​တို့​အား​ည​စာ စား​ပွဲ​သို့​ဖိတ်​ကြား​ထား​ပါ​သေး​သည်။-

ကြောက်​လန့်​တုန်​လှုပ်​လျက်၊လွန်​စွာ​တုန်​လှုပ် ချောက်​ချား​လျက်​ရှိ​ပါ​၏။

အ​ကယ်​၍​ချိုး​ငှက်​ကဲ့​သို့​ငါ့​မှာ​အ​တောင်​များ ရှိ​ခဲ့​ပါ​မူ​ငါ​သည်​အ​ဝေး​သို့​ပျံ​သွား​ကာ နား​နေ​စ​ရာ​အ​ရပ်​ကို​ရှာ​မည်။

ငါ့​အ​သည်း​နာ​လှ​၏။ မ​ခံ​မ​ရပ်​နိုင်​အောင် အ​သည်း​နာ​၏။ ငါ​သည်​ပြင်း​စွာ​နှ​လုံး​တုန်၊ရင်​ခုန်​လျက် နေ​ပါ​သည်​တ​ကား။ ငါ​သည်​အ​ငြိမ်​မ​နေ​နိုင်​တော့​ပြီ။ တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​လည်း​ကောင်း၊တိုက်​ပွဲ ကြွေး​ကြော်​သံ​များ​ကို​လည်း​ကောင်း​ငါကြား ရ​၏။

သူ​တို့​သည်​အ​စား​ကြူး​သူ​များ​ပေ​လော။ ငါ သည်​သူ​တို့​အား​စား​ပွဲ​ကြီး​တစ်​ခု​တည်​ခင်း ကျွေး​မွေး​ကာ​မူး​ယစ်​ပျော်​ရွင်​စေ​မည်။ သူ​တို့ သည်​အိပ်​ပျော်​၍​သွား​ပြီး​လျှင်​နောင်​အ​ဘယ် အ​ခါ​၌​မျှ​နိုး​ထ​ကြ​တော့​မည်​မ​ဟုတ်။-

ထို​မြို့​၏​စီ​မံ​အုပ်​ချုပ်​သူ​များ၊ပ​ညာ​ရှိ​များ၊ ခေါင်း​ဆောင်​များ​နှင့်​စစ်​သည်​တပ်​သား​များ အား ငါ​မူး​ယစ်​စေ​မည်။ သူ​တို့​သည်​အိပ်​ပျော်​သွား​ပြီး​လျှင် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​နိုး​ထ​ကြ​လိမ့်​မည် မဟုတ်။ ဤ​ကား​ငါ​ဘု​ရင်​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။ ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​သ​တည်း။

တစ်​ည​သ​၌​ဗေ​လ​ရှာ​ဇာ​မင်း​သည်​ည​စာ စား​ပွဲ​ကြီး​သို့​မှူး​မတ်​တစ်​ထောင်​ကို​ဖိတ် ကြား​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ​စ​ပျစ်​ရည် သောက်​တော်​မူ​သည်။-

ထို​ည​၌​ပင်​လျှင်​ဗာ​ဗု​လုန်​ပြည်​ဘု​ရင်၊ ဗေ​လ​ရှာ​ဇာ​သည်​လုပ်​ကြံ​ခြင်း​ကို​ခံ ရ​၍၊-

ထို​အ​ခါ​လူ​၏​လက်​တစ်​ဖက်​သည်​ရုတ် တ​ရက်​ပေါ်​လာ​ပြီး​လျှင် မီး​အ​လင်း​ရောင် အ​များ​ဆုံး​ရ​ရှိ​သည့်​နန်း​တော်​နံ​ရံ​တွင် စာ​တန်း​တစ်​ခု​ကို​ရေး​သား​လေ​၏။ ယင်း သို့​ရေး​သား​နေ​သည်​ကို​မင်း​ကြီး​မြင် တော်​မူ​လျှင်၊-

သင်​သည်​ဆူး​ချုံ​မြက်​ခြောက်​သ​ဖွယ် မီး​လောင်​ကျွမ်း​သွား​လိမ့်​မည်။

သင်​တို့​တွေ့​မြင်​နေ​ရ​သ​မျှ​တို့​ကြောင့် စိတ်​တုန်​လှုပ်​ချောက်​ချား​လျက်​ရှိ​လိမ့်​မည်။ နံ​နက်​တိုင်း​သင်​တို့​သည်​ည​အ​ချိန်​ရောက် ပါ​စေ​ဟူ​၍​လည်း​ကောင်း၊ ည​နေ​တိုင်း​၌ လည်း​နံနက်​အ​ချိန်​ရောက်​ပါ​စေ​ဟူ​၍ လည်း​ကောင်း​တမ်း​တ​ကြ​လိမ့်​မည်။-

လင်း​ယုန်​ငှက်​သည်​သား​ငယ်​များ​ကို အ​ပျံ​သင်​သည့်​အ​ခါ​မိ​မိ​၏​တောင်​ပံ​များ​ကို ဖြန့်​၍​ဖမ်း​ယူ​သကဲ့​သို့၊ ထာ​ဝရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​လူ​မျိုး​ကို ဆောင်​ယူ​သယ်​ပိုး​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ