Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 2:7

Common Language Bible

သူ​တို့​၏​ပြည်​သည်​ရွှေ၊ ငွေ​ပေါ​များ​သ​ဖြင့် အ​တိုင်း​မ​သိ​အောင်​ချမ်း​သာ​ကြွယ်​ဝ​ပါ​၏။ သူ​တို့​၏​ပြည်​၌​မြင်း​ပေါ​များ​၍ မြင်း​ရ​ထား အ​ရေ​အ​တွက်​မှာ​လည်း​အ​တိုင်း​မ​သိ​အောင် များ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​မင်း​တွင်​ရ​ထား​မြင်း​များ​အ​တွက် မြင်း​ဇောင်း​လေး​သောင်း​နှင့်​တိုက်​မြင်း​များ အ​တွက်​မြင်း​ဇောင်း​တစ်​သောင်း​နှစ်​ထောင် ရှိ​လေ​သည်။-

မှူးမတ်တို့နှင့်၎င်း၊ ရွှေကိုရတတ်၍ ဘဏ္ဍာတိုက်၌ ငွေကိုအပြည့်သိုထားသောမင်းတို့နှင့်၎င်း ငါငြိမ်းရပြီ။

အ​ချို့​သော​သူ​တို့​သည်​မိ​မိ​တို့​၏ စစ်​ရ​ထား​များ​ကို​လည်း​ကောင်း၊ မြင်း​များ​ကို​လည်း​ကောင်း​အား​ကိုး​ကြ​၏။ သို့​ရာ​တွင်​ငါ​တို့​မူ​ကား​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​အား​ကိုး​ကြ​၏။

ယင်း​သို့​နား​ထောင်​မည့်​အ​စား၊ လျင်​မြန်​သည့် မြင်း​များ​ကို​စီး​၍ ရန်​သူ​တို့​ထံ​မှ​ထွက်​ပြေး ရန်​ကြံ​စည်​ကြ​လေ​သည်။ သင်​တို့​၏​အ​ကြံ အ​စည်​မှာ​မ​ဆိုး​လှ။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည်​အ​မှန်​ပင်​ထွက်​ပြေး​ရ​ကြ​လိမ့် မည်​ဖြစ်​သော​ကြောင့်​တည်း။ သင်​တို့​သည်​မိ​မိ တို့​မြင်း​များ​ကို​လျင်​မြန်​လှ​ပြီ​ဟု​ထင်​မှတ် ကြ​သော်​လည်း သင်​တို့​အား​လိုက်​လံ​ဖမ်း​ဆီး သူ​တို့​၏​မြင်း​များ​က​ပို​၍​ပင်​လျင်မြန်​ကြ လိမ့်​မည်။-

အီ​ဂျစ်​ပြည်​သို့​အ​ကူ​အ​ညီ​တောင်း​ခံ​ရန် သွား​ရောက်​သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​တို့​သည်​မြင်း​များ၊ စစ်​ရ​ထား​များ​နှင့် မြင်း​စီး​သူ​ရဲ​များ​တည်း​ဟူ​သော​အီ​ဂျစ် ပြည်​၏​ကြီး​မား​သော​စစ်​အင်​အား​ကို​မှီ​ခို အား​ကိုး​၍​နေ​ကြ​၏။ သို့​ရာ​တွင်​မြင့်​မြတ် သန့်​ရှင်း​တော်​မူ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​မူ​အား​မ​ကိုး​ကြ။ ကူ​မ​တော်​မူ​ရန် ကိုယ်​တော်​ကို​လည်း​မ​တောင်း​မ​လျှောက် ကြ။-

ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ​နှင့်​လော​ဘ လွန်​ကူး​မှု​များ​အ​တွက်​အ​မျက်​ထွက်​သ​ဖြင့် သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​၍​သူ​တို့​ထံ​မှ လွှဲ​ရှောင်​ခဲ့​၏။ သို့​သော်​လည်း​သူ​တို့​သည်​ခေါင်း မာ​လျက် မိ​မိ​တို့​ပြု​လို​ရာ​ပင်​ပြု​ကျင့်​လျက် နေ​ကြ​၏။

အာ​ရှု​ရိ​ဘု​ရင်​သည်​အ​ကျွန်ုပ်​တို့​ကို​မ ကယ်​နိုင်​ပါ။ စစ်​ရ​ထား​များ​သည်​အ​ကျွန်ုပ် တို့​ကို​မ​ကာ​ကွယ်​နိုင်​ပါ။ အ​ကျွန်ုပ်​တို့​လက် ဖြင့်​လုပ်​သော​ရုပ်​တု​များ​ကို အ​ကျွန်ုပ်​တို့​၏ ဘု​ရား​ဟု​နောက်​တစ်​ဖန်​မ​ခေါ်​တော့​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ခို​ကိုး​ရာ မဲ့​သော​သူ​တို့​အား​ကြင်​နာ​သ​နား​တော် မူ​ပါ​၏။''

ထာ​ဝ​ရ​ဘု​ရား​က``ထို​အ​ချိန်​တွင်​ငါ​သည် သင်​တို့​၏​မြင်း​များ​ကို​ဖယ်​ရှား​၍ သင်​တို့​၏ စစ်​ရ​ထား​များ​ကို​ဖျက်​ဆီး​မည်။-

အ​ဘယ်​ကြောင့်​ဆို​သော်​လူ​မျိုး​အ​ပေါင်း​တို့​သည် ထို​မြို့​၏​ကာ​မ​ဂုဏ်​လိုက်​စား​မှု​တည်း​ဟူ​သော မူး​ယစ်​စေ​သည့်​စ​ပျစ်​ရည်​ကို​သောက်​ခဲ့​ကြ သော​ကြောင့်​ဖြစ်​၏။ ကမ္ဘာ​ပေါ်​ရှိ​ရှင်​ဘု​ရင်​အ ပေါင်း​တို့​သည်​ဗာ​ဗု​လုန်​မြို့​နှင့်​အ​တူ ကာ​မ ဂုဏ်​ကို​လိုက်​စား​ခဲ့​ကြ​လေ​ပြီ။ ကမ္ဘာ​ပေါ်​ရှိ ကုန်​သည်​တို့​သည်​လည်း​ထို​မြို့​၏​တ​ရား​လွန် ကာ​မ​ဂုဏ်​စည်း​စိမ်​ခံ​စား​မှု​ကို​အ​ကြောင်း ပြု​၍​ချမ်း​သာ​ကြွယ်​ဝ​ကြ​လေ​ပြီ'' ဟု ကြွေး​ကြော်​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ