ဟေရှာယ 2:16Common Language Bibleကိုယ်တော်သည်အကြီးဆုံးအလှဆုံးသော သင်္ဘောများကိုပင် နစ်မြုပ်စေတော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ဤဗျာဒိတ်တော်သည်တုရုမြို့နှင့်သက်ဆိုင် သည့်ဗျာဒိတ်တော်ဖြစ်၏။ ပင်လယ်သို့ရောက်ရှိ နေကြသူအချင်းသင်္ဘောသားတို့၊ ဝမ်းနည်း လျက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ ဌာနေဖြစ်သည့်တုရုသင်္ဘောဆိပ်မြို့သည်ပျက် ပြုန်းသွားလေပြီ။ ယင်း၏အိမ်များနှင့်ဆိပ် ကမ်းများသည်ယိုယွင်းပျက်စီးလျက်နေ ၏။ ထိုသတင်းကိုသင်တို့သည်ကုပရုပြည် မှအပြန်ခရီးတွင်ကြားသိရကြ၏။-
ထိုသင်္ဘောတို့သည်ရပ်ဝေးမှ ဘုရားသခင်၏လူမျိုးတော်အား မိမိတို့ပြည်သို့တင်ဆောင်လာသည့် သင်္ဘောများဖြစ်၏။ ယင်းတို့သည်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောဘုရားသခင် ထာဝရဘုရားကိုချီးမြှောက်ရန်၊ ရွှေနှင့်ငွေများကိုယူဆောင် လာကြခြင်းဖြစ်၏။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်ကို ချီးမြှောက်စေတော်မူပြီ။
ငါသည်သူတို့အားငါ၏ဂုဏ်သတင်းကို မကြားဘူး၊ ငါ၏ကြီးမြတ်သည့်တန်ခိုး တော်ကိုမမြင်ဘူးသည့်ရပ်ဝေးနိုင်ငံများ ဖြစ်သော တာရှုပြည်လိဗိယပြည်နှင့်ကျွမ်း ကျင်သူလေးသည်တော်များရှိရာလုဒ ပြည်သို့လည်းကောင်း၊ တုဗလပြည်နှင့် ဂရိတ်ပြည်သို့လည်းကောင်းငါစေလွှတ်မည်။ သူတို့သည်ထိုပြည်များမှလူတို့အား ငါ၏ဘုန်းတော်အကြောင်းကိုပြောကြား ရလိမ့်မည်။-