Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 19:4

Common Language Bible

ငါ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​အား​ရက်​စက် ကြမ်း​ကြုတ်​သူ​မင်း​ဆိုး​မင်း​ညစ်​တစ်​ပါး​၏ လက်​သို့​အပ်​၍ ထို​မင်း​ကို​သူ​တို့​အား​အုပ်​စိုး စေ​မည်။ ဤ​ကား​အ​နန္တ​တန်ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ရန်​သူ များ​၏ လက်​တွင်း​သို့​ကျ​ရောက်​စေ​တော်​မ​မူ​ဘဲ လွတ်​လပ်​စွာ​သွား​လာ​နိုင်​ခွင့်​ကို​ပေး​တော်​မူ ပါ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အီ​ဂျစ်​ပြည်​တွင် ပြည်​တွင်း​စစ်​ဖြစ်​စေ​ရန်​လှုံ့​ဆော်​၍​ညီ​အစ်​ကို အ​ချင်း​ချင်း၊ အိမ်​နီး​ချင်း​အ​ချင်း​ချင်း​ခိုက် ရန်​ဖြစ်​ပွား​စေ​မည်။ ဂုဏ်​ပြိုင်​ဘက်​မြို့​များ​သည် လည်း​ကောင်း၊ ဂုဏ်​ပြိုင်​ဘက်​မင်း​တို့​သည်​လည်း ကောင်း၊ အ​ချင်း​ချင်း​တိုက်​ခိုက်​ကာ​အာ​ဏာ လု​ကြ​လိမ့်​မည်။-

အာ​ဇုတ်​မြို့​ကျ​ဆုံး​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​က``ငါ​၏​အ​စေ​ခံ​ဟေ​ရှာ​ယ​သည် ဖိ​နပ်​မ​စီး​ဘဲ အ​ဝတ်​အ​ချည်း​စည်း​နှင့်​သုံး နှစ်​တိုင်​တိုင်​သွား​လာ​နေ​ခဲ့​သည်​မှာ အီ​ဂျစ် ပြည်​နှင့်​ဆူ​ဒန်​ပြည်​တို့​ကြုံ​တွေ့​ရ​မည့် အ​ဖြစ်​အ​ပျက်​နိ​မိတ်​လက္ခ​ဏာ​ပင်​ဖြစ်​၏။-

အာ​ရှု​ရိ​ဘု​ရင်​သည်​ဤ​နိုင်​ငံ​နှစ်​ခု​မှ​ဖမ်း​ဆီး ရ​မိ​သည့်​သုံ့​ပန်း​များ​ကို အ​ဝတ်​အ​ချည်း​စည်း နှင့်​ခေါ်​ဆောင်​သွား​လိမ့်​မည်။ သူ​တို့​သည်​လူ​ကြီး လူ​ငယ်​မ​ကျန်၊ ဖိ​နပ်​မ​ပါ၊ မိ​မိ​တို့​အ​ရှက်​ကို ပင်​မ​ဖုံး​နိုင်​ဘဲ​အ​ဝတ်​အ​ချည်း​စည်း​နှင့်​လိုက် ပါ​သွား​ကာ အီ​ဂျစ်​ပြည်​ကို​အ​သ​ရေ​ဖျက် ကြ​လိမ့်​မည်။-

သူ​တို့​ကို​သတ်​ဖြတ်​လို​သူ​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​နှင့်​တပ်​မ​တော်​လက်​သို့​ငါ ပေး​အပ်​မည်။ သို့​ရာ​တွင်​နောင်​အ​ခါ​၌​လူ​တို့ သည်​ရှေး​ကာ​လ​များ​က​နည်း​တူ အီ​ဂျစ်​ပြည် တွင်​ပြန်​လည်​နေ​ထိုင်​ကြ​လိမ့်​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ထား​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

သို့​ဖြစ်​၍​ငါ​အရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သည်​မှာ အီ​ဂျစ်​ပြည်​ကို​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​၏​လက်​သို့​ငါ​အပ်​မည်။ သူ​သည်​လု​ယက်​တိုက်​ခိုက်​ကာ​အီ​ဂျစ်​ပြည် ၏​ဥစ္စာ​ဋ္ဌန​ရှိ​သ​မျှ​ကို မိ​မိ​၏​တပ်​မ​တော် အ​တွက်​သိမ်း​ယူ​သွား​လိမ့်​မည်။-

ငါ​သည်​နိုင်း​မြစ်​ကို​ခန်း​ခြောက်​စေ​၍ အီ​ဂျစ် ပြည်​ကို​ဆိုး​ညစ်​သူ​တို့​၏​လက်​အောက်​သို့ ကျ​ရောက်​စေ​မည်။ လူ​မျိုး​ခြား​တို့​သည်​ထို ပြည်​တစ်​ပြည်​လုံး​ကို​ပျက်​ပြုန်း​စေ​ကြ လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။

သီ​ဘီ​မြို့​သူ​မြို့​သား​တို့​သည်​ပြည်​နှင်​ဒဏ်​သင့် ကြ​လျက်​သူ​တို့​၏​သား​သ​မီး​များ​သည်​လမ်း ဆုံ​လမ်း​ခွ​တိုင်း​၌​အ​ရိုက်​အ​နှက်​ခံ​ရ​ကြ​၏။ သူ​တို့​အ​ထဲ​မှ​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ကို သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ခေါ်​ဆောင်​ကာ မိ​မိ​တို့​အ​ချင်း​ချင်း​မဲ​ချ​၍​ခွဲ​ဝေ​ယူ​ကြ​၏။

ကိ​လ​မြို့​သို့​ဒါ​ဝိဒ်​ရောက်​ကြောင်း​ကို​ရှော​လု ကြား​လျှင်``ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား ငါ​၏​လက်​သို့​အပ်​တော်​မူ​ပြီ။ ဒါ​ဝိဒ်​သည်​မြို့ ရိုး​နှင့်​မြို့​တံ​ခါး​အ​ခိုင်​အ​မာ​ရှိ​သည့်​မြို့​ထဲ သို့​ရောက်​ခြင်း​အား​ဖြင့် ထောင်​ချောက်​တွင်း သို့​သက်​ဆင်း​လေ​ပြီ'' ဟု​ဆို​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ