ဟေရှာယ 16:3Common Language Bibleသူတို့ကယုဒပြည်သူတို့အား``ငါတို့ကို အကြံပေးကြပါ။ ငါတို့သည်စစ်ပြေးဒုက္ခ သည်များဖြစ်ပါ၏။ မွန်းတည့်ချိန်၌အေးမြ သောသစ်ပင်၏အရိပ်ကဲ့သို့ သင်တို့သည်ငါ တို့အားအကာအကွယ်ပေးကြပါ။ အဘယ် သူမျှရှာ၍မတွေ့စေရန်ငါတို့အားဝှက် ထားကြပါ။- အခန်းကိုကြည့်ပါ။ |
ဆင်းရဲသူနှင့် ခိုကိုးရာမဲ့သူတို့သည် ကိုယ်တော်ရှင်၏ထံတော်သို့ခိုလှုံကြသဖြင့် ဒုက္ခရောက်ချိန်၌ဘေးမဲ့လုံခြုံမှုကိုရရှိကြ ပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားမိုးသက်မုန်တိုင်းမှ အကာအကွယ်ကိုလည်းကောင်း၊ ပြင်းထန်သည့်အပူရှိန်မှခိုလှုံရန်အရိပ် အာဝါသ ကိုလည်းကောင်းပေးတော်မူပါ၏။ ရက်စက်ကြမ်းကြုတ်သူတို့၏တိုက်ခိုက်မှုသည်၊ ဆောင်းလေပြင်းနှင့်လည်းကောင်း၊
`ငါထာဝရဘုရားသည်သင်တို့ကိုဖြောင့် မတ်မှန်ကန်သည့်အမှုများကိုပြုကျင့်ကြ ရန်မှာကြား၏။ သင်တို့သည်အလိမ်ခံရသူ အားလိမ်လည်သူ၏ဘေးမှကာကွယ်စောင့် ရှောက်ကြလော့။ လူမျိုးခြားများ၊ မိဘမဲ့ သူများ၊ သို့မဟုတ်မုဆိုးမများအားမ တရားသည့်အမှုကိုလည်းကောင်း၊ ညှင်းပန်း နှိပ်စက်မှုကိုလည်းကောင်းမပြုကြနှင့်။ ဤသန့်ရှင်းရာဌာနတော်တွင်အပြစ်မဲ့ သူတို့ကိုမသတ်ကြနှင့်။-
ဆူးချုံကလည်း`အကယ်၍သင်တို့သည်ငါ့ အားအမှန်ပင် မိမိတို့အပေါ်၌မင်းလုပ် အုပ်စိုးစေလိုပါမူငါ၏အရိပ်တွင်ဝင် ရောက်ခိုလှုံ၍နေကြလော့။ ယင်းသို့ခိုလှုံခြင်း မပြုဘဲနေခဲ့သော်ငါ၏အခက်အလက် များအကြားမှမီးထွက်၍ လေဗနုန်အာရစ် ပင်တို့ကိုလောင်ကျွမ်းသွားစေလိမ့်မည်' ဟု ပြန်ပြောလေသည်။