Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 15:9

Common Language Bible

ဒိ​ဘုန်​မြို့​၌​မြစ်​ရေ​သည်​သွေး​များ​ဖြင့်​နီ မြန်း​လျက်​ရှိ​၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​မြို့​မှ​လူ​တို့​သည်​ပို​မို​ဆိုး​ရွား​သည့်​ဘေး အန္တ​ရာယ်​ကို​စီ​မံ​ထား​တော်​မူ​လေ​ပြီ။ မော​ဘ ပြည်​တွင်​ကြွင်း​ကျန်​နေ​သူ​မှန်​သ​မျှ​သည် ထို​အ​ရပ်​တွင်​ရက်​စက်​ကြမ်း​ကြုတ်​စွာ အ​သတ်​အ​ဖြတ်​ခံ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ယင်း​သို့​နေ​ထိုင်​စဉ်​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား ကို​မ​ကိုး​ကွယ်​ကြ။ သို့​ဖြစ်​၍​ကိုယ်​တော်​သည် ခြင်္သေ့​များ​ကို​စေ​လွှတ်​၍​လူ​အ​ချို့​ကို​ကိုက် သတ်​စေ​တော်​မူ​၏။-

မော​ဘ​ပြည်၊ နယ်​စပ်​အ​နှံ့​အ​ပြား​တွင်​ငို ကြွေး​မြည်​တမ်း​သံ​ကို​ကြား​ရကြ​၏။ ထို အ​သံ​ကို​ဧ​ဂ​လိမ်​မြို့​နှင့်​ဗေ​ရ​ဧ​လိမ်​မြို့ မှ​ပင်​ကြား​ရ​ကြ​လေ​သည်။-

သူ​တို့​အ​ပေါ်​သို့ ကြောက်​မက်​ဖွယ်​ရာ​ဘေး​အန္တ​ရာယ် လေး​ပါး​သက်​ရောက်​စေ​ရန် ငါ​ထာ​ဝ​ရ​ဘု​ရား ဆုံး​ဖြတ်​ထား​တော်​မူ​လေ​ပြီ။ သူ​တို့​သည်​စစ်​ပွဲ တွင်​အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။ သူ​တို့​၏​အ​လောင်း များ​ကို​ခွေး​တို့​ဆွဲ​ယူ​သွား​ကြ​လိမ့်​မည်။ ထို အ​သေ​ကောင်​တို့​ကို​ငှက်​များ​ထိုး​ကြ​လိမ့်​မည်။ ကြွင်း​ကျန်​သည့်​အ​သား​ကို​တော​သား​ရဲ​တို့ ကိုက်​စား​ကြ​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့​သည်​ခြင်္သေ့​များ​ကိုက်​သ​ဖြင့် ကွဲ​လွင့်​သွား သည့်​သိုး​များ​နှင့်​တူ​ကြ​၏။ ဦး​စွာ​ပ​ထ​မ အာ​ရှု​ရိ​ဘု​ရင်​သည်​သူ​တို့​အား​တိုက်​ခိုက်​၏။ ထို​နောက်​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ က​သူ​တို့​၏​အ​ရိုး​များ​ကို​တ​တိ​တိ​ကိုက် ဖဲ့​လေ​သည်။-

``သင်​တို့​သည်​ထို​မျှ​လောက်​သော​ဒဏ်​ကို​ခံ​ရ လျက်​နှင့် ငါ​၏​ပ​ညတ်​တို့​ကို​မ​စောင့်​ထိန်း​ဘဲ နေ​သေး​လျှင် ငါ​သည်​သင်​တို့​အား​အ​ပြစ် ဒဏ်​ကို​ခု​နစ်​ဆ​တိုး​၍​ခံ​စေ​မည်။-

ငါ​သည်​သင်​တို့​တစ်​ဘက်​၌​နေ​၍​အ​ပြစ်​ဒဏ် ကို ယ​ခင်​က​ထက်​ခု​နစ်​ဆ​တိုး​၍​ခံ​စေ​မည်။-

ငါ​သည်​အ​မျက်​ထွက်​၍​သင်​တို့​တစ်​ဘက်​၌​နေ လျက် အ​ပြစ်​ဒဏ်​ကို​ယ​ခင်​က​ထက်​ခု​နစ်​ဆ တိုး​၍​ခံ​စေ​မည်။-

ထို​နေ့​သည်​သင်​တို့​အ​တွက်​ခြင်္သေ့​ကို​ကြောက် ၍ ထွက်​ပြေး​ခါ​မှ​ဝက်​ဝံ​နှင့်​တွေ့​သ​ကဲ့​သို့ လည်း​ကောင်း၊ အိမ်​ပြန်​ရောက်​ခါ​မှ​နံ​ရံ​ကိုင် မိ​၍ မြွေ​အ​ကိုက်​ခံ​ရ​သ​ကဲ့​သို့​လည်း ကောင်း​ဖြစ်​လိမ့်​မည်။-

သို့​ဖြစ်​၍​သူ​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် ဟေ​ရှ​ဘုန်​မြို့​မှ​ဒိ​ဘုန်​မြို့​သို့​လည်း​ကောင်း၊ နာ​ရှင်​မြို့​မှ​မေ​ဒ​ဘ​မြို့​အ​နီး​နော​ဖာ​မြို့​သို့ လည်း​ကောင်း၊ ဖျက်​ဆီး​သုတ်​သင်​ခြင်း​ခံ​ရ​လေ​ပြီ'' ဟူ​၍ စပ်​ဆို​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ