ဟေရှာယ 14:24Common Language Bibleအနန္တတန်ခိုးရှင်ထာဝရဘုရားကကျိန် ဆိုလျက်``ငါအကြံအစည်ပြုထားသည့် အမှုအရာတို့သည်ဖြစ်ပျက်ကြလိမ့်မည်။ သန္နိဋ္ဌာန်ချမှတ်ထားသည့်အတိုင်းဖြစ်ပျက် ရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
သင်တို့အတွက်ငါပြုလုပ်ထားသည့်အကြံ အစည်များကိုငါသာလျှင်သိ၏။ ထိုအကြံ အစည်တို့သည်သင်တို့ကောင်းစားမှု၊ သင်တို့ စောင့်မျှော်နေသည့်အနာဂတ်ကိုထုတ်ဖော်ပေး မှုနှင့်ဆိုင်သောအကြံအစည်များဖြစ်ပေ သည်။ သင်တို့အားဘေးအန္တရာယ်ရောက်စေ မည့်အကြံအစည်များမဟုတ်။-
သို့ရာတွင်အီဂျစ်ပြည်တွင်ရှိသည့်ဣသ ရေလအမျိုးသားအပေါင်းတို့အားငါ ထာဝရဘုရားသည် မိမိ၏မဟာနာမ တော်ကိုတိုင်တည်၍မြွက်ဆိုသည့်ကတိ တော်ကို ယခုသင်တို့နားထောင်ကြလော့။ သင်တို့သစ္စာကတိပြုကြရာတွင်`အရှင် ထာဝရဘုရားအသက်ရှင်တော်မူသည် အတိုင်း' ဟုငါ၏နာမတော်ကိုမြွက်ဆို ရန်နောင်အဘယ်အခါ၌မျှသင်တို့အား ငါခွင့်ပြုလိမ့်မည်မဟုတ်။-
သို့ဖြစ်၍ဗာဗုလုန်မြို့အတွက်ငါပြုလုပ် ထားသည့်အကြံအစည်ကိုလည်ကောင်း၊ မြို့ သူမြို့သားများအတွက်ငါကြံစည်ထား သည့်အမှုအရာကိုလည်းကောင်းနားထောင် ကြလော့။ ရန်သူသည်သူတို့၏သားသမီး များကိုပင်လျှင်ဒယဥ့်တိုက်ဆွဲ၍ခေါ်ဆောင် သွားလိမ့်မည်။ တွေ့မြင်ရသူအပေါင်းတို့ သည်လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။-
ငါထာဝရဘုရားသည်သူတို့အားဗျာဒိတ် ပေးတော်မူသည်အတိုင်းပြုရမည်။ ကြန့်ကြာ မှုရှိတော့မည်မဟုတ်။ အချင်းပုန်ကန်တတ်သူ တို့၊ သင်တို့အားငါသတိပေးခဲ့သည့်အတိုင်း သင်တို့လက်ထက်၌ပင်ငါပြုမည်။ ဤကားငါ မိန့်မြွက်တော်မူသည့်စကားဖြစ်၏'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
သို့ဖြစ်၍ယုံကြည်သူငါတို့သည် ဘုရား သခင်ကတိထားတော်မူသောငြိမ်ဝပ်ရာ ချမ်းသာကိုရရှိကြပေသည်။ ``ငါသည်အမျက်ထွက်၍ကျိန်ဆိုလျက် ထိုသူတို့အား ငြိမ်ဝပ်ရာချမ်းသာရရှိရန်ပြည်တော်သို့ ဝင်ခွင့်ကို အဘယ်အခါ၌မျှပေးလိမ့်မည်မဟုတ်'' ဟုဘုရားသခင်မိန့်တော်မူခဲ့သည့်အတိုင်း ပင်ဖြစ်၏။ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍ ကိုယ်တော်သည်မိမိလုပ်ဆောင်ရန်အမှု ကိစ္စများပြီးဆုံးသွားသော်လည်းဤစကား ကိုမိန့်တော်မူပေသည်။-
ထိုသူအပေါင်းတို့ကိုမသနားမညှာတာ ဘဲအကုန်အစင်သုတ်သင်သတ်ဖြတ်ပစ်စေ ရန် ထာဝရဘုရားသည်ထိုသူအပေါင်းတို့ အားဇွဲသန်သန်ဖြင့် ဣသရေလအမျိုးသား တို့ကိုခုခံတိုက်ခိုက်စေတော်မူ၏။ ထိုသူတို့ ကိုအကုန်အစင်သုတ်သင်ရခြင်းမှာမောရှေ အားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်းဖြစ်သတည်း။