ဟေရှာယ 14:22Common Language Bibleအနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် ဗာဗုလုန်မြို့ကိုတိုက်ခိုက်၍ပျက်စီးယိုယွင်း စေမည်။ ထိုမြို့တွင်ရှိသမျှသောအရာတို့ကို ဖျက်ဆီးပစ်မည်။ ကလေးသူငယ်များပင်လျှင် အသက်မသေဘဲကျန်ရှိလိမ့်မည်မဟုတ်။- အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့အားသန့်ရှင်းမြင့် မြတ်သည့် ဘုရားသခင်၊ သင်တို့ကိုကယ်တော်မူသောထာဝရဘုရားက ``ငါသည်သင်တို့အားကယ်ရန်စစ်သည်ဗိုလ်ခြေ တို့ကို ဗာဗုလုန်ပြည်သို့စေလွှတ်မည်။ မြို့တံခါးများကိုငါဖျက်ချမည်။ မြို့သူမြို့သားတို့၏ကြွေးကြော်သံသည် ငိုကြွေးသံအဖြစ်သို့ပြောင်းလဲသွားလိမ့်မည်။
ထာဝရဘုရားသည်အာရှုရိအမျိုးသား တို့နှင့်ပတ်သက်၍``လူတို့သည်ထိုသူတို့ကို မေ့ပျောက်၍သွားလိမ့်မည်။ သူတို့၏ဗိမာန် တော်များရှိရုပ်တုတို့ကို ငါသုတ်သင်ဖျက် ဆီးမည်။ ငါသည်အာရှုရိအမျိုးသားတို့ အတွက်သင်္ချိုင်းကိုပြင်ဆင်မည်။ သူတို့သည် အသက်ရှင်ထိုက်သူများမဟုတ်'' ဟုအမိန့် စီရင်ချက်ချတော်မူ၏။