ဟေရှာယ 14:17Common Language Bibleမြို့များကိုပျက်ပြုန်းစေ၍ကမ္ဘာလောက ကို သဲကန္တာရဖြစ်စေသူကားဤသူပင်လော။ အကျဉ်းသမားတို့ကိုအစဉ်ချုပ်နှောင်ထား ကာ မိမိတို့နေရပ်သို့ပြန်၍မလွှတ်ဘဲနေ သူကားဤသူပင်လော'' ဟုမေးမြန်းကြ လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အရာခပ်သိမ်းအဆင်ပြေမှုအတွက်ငါ၏ အကြံအစည်ပြည့်စုံစေရန်၊ ငါကိုယ်တိုင်ပင်ကုရုဘုရင်အား လှုံ့ဆော်စေခိုင်းခဲ့၏။ သူသွားရာလမ်းမှန်သမျှကိုငါဖြောင့်ဖြူး စေမည်။ သူသည်ငါ၏မြို့တော်တည်းဟူသော ယေရုရှလင်မြို့ကိုပြန်လည်ထူထောင်ကာ၊ အဖမ်းခံနေရသူ၊ငါ၏လူမျိုးတော်အား အနှောင်အဖွဲ့မှဖြေလွှတ်ပေးလိမ့်မည်။ ဤအမှုတို့ကိုပြုစေရန်၊သူ့အားအဘယ် သူမျှ မငှားမယမ်း။ တံစိုးလက်ဆောင်လည်းမပေး'' ဟုမိန့်တော်မူ၏။ ဤကားအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသောစကားပင်ဖြစ်သတည်း။
သူတို့၏သင်္ချိုင်းများသည်မရဏာနိုင်ငံ ၏အနက်ရှိုင်းဆုံးအရပ်၌ရှိ၏။ အာရှုရိ စစ်သူရဲအားလုံးသည်စစ်ပွဲတွင်ကျဆုံး ၍သူတို့၏သင်္ချိုင်းများသည်အာရှုရိ၏ ဂူကိုဝိုင်းရံလျက်နေ၏။ သို့ရာတွင်အခါ တစ်ပါးကသူတို့သည်အသက်ရှင်သူတို့ ကိုတုန်လှုပ်ချောက်ချားစေခဲ့သူများဖြစ် သတည်း။
ငါသည်လက်ကိုဆန့်၍သူတို့၏ပြည်ကို ဖျက်ဆီးမည်။ ဣသရေလအမျိုးသားတို့ နေထိုင်ရာအရပ်မှန်သမျှကိုချမ်းသာ မပေးဘဲ တောင်ဘက်တောကန္တာရမှသည် မြောက်ဘက်ဒိဗလတ်မြို့သို့တိုင်အောင်လူ သူဆိတ်ညံရာအရပ်ဖြစ်စေမည်။ ထိုအခါ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို လူ အပေါင်းတို့သိရှိလာကြလိမ့်မည်'' ဟု မိန့်တော်မူ၏။