Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 13:21

Common Language Bible

ထို​အ​ရပ်​သည်​တော​တိ​ရစ္ဆာန်​များ​ကျက်​စား​ရာ နေ​ရာ၊ ဇီး​ကွက်​များ​အ​သိုက်​လုပ်​ရာ​ဖြစ်​လိမ့်​မည်။ ယင်း​အ​ရပ်​တွင်​ငှက်​ကု​လား​အုတ်​များ​နေ​၍ တော ဆိတ်​များ​သည်​လည်း အ​ဆောက်​အ​ဦး​ပျက်​များ ၏​အ​ကြို​အ​ကြား​တွင်​ခုန်​ပေါက်​မြူး​တူး​ကြ လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ဗာ​ဗု​လုန်​မြို့​ကို​ညွန်​ပျောင်း​ဖြစ်​စေ ၍၊ ဇီး​ကွက်​တို့​သည်​ထို​အ​ရပ်​တွင်​နေ​ကြ​လိမ့် မည်။ ငါ​သည်​တံ​မြက်​လှည်း​သူ​ကဲ့​သို့​ဗာ​ဗု​လုန် မြို့​မှ​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​သုတ်​သင် ပယ်​ရှင်း​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ပင် ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

(တု​ရု​မြို့​ကို တော​တိ​ရစ္ဆာန်​များ​ခို​အောင်း​ရာ ဖြစ်​စေ​သူ​တို့​မှာ အာ​ရှု​ရိ​အ​မျိုး​သား​များ မ​ဟုတ်၊ ဗာ​ဗု​လုန်​အ​မျိုး​သား​များ​သာ​ဖြစ် ၏။ သူ​တို့​သည်​ခံ​တပ်​မြို့​စင်​မြင့်​များ​ကို တည်​ဆောက်​ပြီး​လျှင်၊ ခံ​တပ်​တို့​ကို​ဖြို​ချ ကာ​တု​ရု​မြို့​ကို​ဖျက်​ဆီး​၍​ထား​ခဲ့​ကြ​၏။)

ကိုယ်​တော်​ရှင်​သည်​မြို့​များ​ကို​ယို​ယွင်း​ပျက်​စီး​လျက် နေ​စေ​တော်​မူ​၍၊ မြို့​တံ​တိုင်း​တို့​ကို​လည်း​ဖြို​ဖျက်​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​ရန်​သူ​များ​တည်​ဆောက်​ခဲ့​သည့် နန်း​တော်​များ​သည် ထာ​ဝ​စဉ်​ကွယ်​ပျောက်​၍​သွား​လေ​ပြီ။

နန်း​တော်​ပင်​လျှင်​အ​ထီး​တည်း​ကျန်​ရစ်​၍ နေ ပြည်​တော်​ကြီး​သည်​လုံး​ဝ​လူ​သူ​ဆိတ်​ငြိမ် လျက်​နေ​လိမ့်​မည်။ ထို​မြို့​တော်​ကို​စောင့်​ကြပ် ကာ​ကွယ်​ရာ​ခံ​တပ်​များ​နှင့်​အိမ်​များ​သည် လည်း ထာ​ဝ​စဉ်​ပျက်​စီး​ယို​ယွင်း​၍​နေ​လိမ့် မည်။ ထို​အ​ရပ်​တွင်​မြည်း​ရိုင်း​များ​လှည့်​လည် သွား​လာ​ကာ​သိုး​များ​ကျက်​စား​ကြ​လိမ့်​မည်။

``သို့​ဖြစ်​၍​ဗာ​ဗု​လုန်​မြို့​သည်​နတ်​ဆိုး​များ၊ ဆိုး​ညစ်​သော​ဝိ​ညာဉ်​များ​နှင့် ငှက်​ဆိုး​များ ခို​အောင်း​ရာ​ဖြစ်​လိမ့်​မည်။ ထို​မြို့​သည်​နောင် ကာ​လ​အ​စဉ်​အ​ဆက်​လူ​သူ​ကင်း​မဲ့​ရာ အ​ရပ်​ဖြစ်​လိမ့်​မည်။-

ထို​အ​ခါ​မိက္ခာ​က``ထို​အ​တွက်​ကြောင့်​ငါ သည်​ငို​ကြွေး​မြည်​တမ်း​မည်။ ငါ​သည်​ဝမ်း နည်း​ကြောင်း​ပြ​ရန်​ဖိ​နပ်​မ​စီး၊ အ​ဝတ် အင်္ကျီ​မ​ဝတ်​ဆင်​ဘဲ​လှည့်​လည်​မည်။ ငါ သည်​ခွေး​အ​ကဲ့​သို့​အူ​၍​ငှက်​ကု​လား အုတ်​ကဲ့​သို့​ညည်း​ညူ​မည်။-

ထို​အ​ရပ်​သည်​သိုး​အုပ်​နှင့်​တိ​ရစ္ဆာန်​အ​မျိုး မျိုး​တို့​နား​နေ​ရာ​ဖြစ်​လိမ့်​မည်။ ဇီး​ကွက် တို့​သည်​တိုက်​ပြို​တိုက်​ပျက်​များ​တွင်​ခို အောင်း​ကာ ပြူ​တင်း​ပေါက်​များ​မှ​အော်​မြည် ကြ​လိမ့်​မည်။ ကျီး​တို့​သည်​လည်း​လှေ​ကား ထစ်​များ​အ​ပေါ်​မှ​နေ​၍​အာ​ကြ​လိမ့်​မည်။ ထို​မြို့​ရှိ​အ​ဆောက်​အ​ဦး​များ​မှ​သစ်​က တိုး​သား​တို့​ကို​လည်း​လူ​တို့​ဖြုတ်​ယူ​ကြ လိမ့်​မည်။-

သူ​သည်​အ​သံ​ကျယ်​စွာ​ဖြင့်``ဗာ​ဗု​လုန်​မြို့​ကြီး သည်​ပျက်​သုဉ်း​လေ​ပြီ။ ဗာ​ဗု​လုန်​မြို့​ကြီး​ပျက် သုဉ်း​လေ​ပြီ။ ယ​ခု​ထို​မြို့​သည်​နတ်​မိစ္ဆာ​များ နှင့်​ညစ်​ညမ်း​သော​နတ်​တို့​နေ​ထိုင်​ရာ၊ စက်​ဆုပ် ဖွယ်​ကောင်း​သည့်​ငှက်​ဆိုး​တို့​မှီ​ခို​ရာ​အ​ရပ် ဖြစ်​လေ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ