Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 13:16

Common Language Bible

သူ​တို့​သည်​ခို​ကိုး​ရာ​မဲ့​ငေး​လျက်​ကြည့်​နေ စဉ် သူ​တို့​၏​နို့​စို့​က​လေး​များ​သည်​ဆောင့်​ဖွပ် ၍ အ​သတ်​ခံ​ရကြ​လိမ့်​မည်။ သူ​တို့​၏​အိမ်​များ မှာ​အ​လု​အ​ယက်​ခံ​ရ​၍ သူ​တို့​၏​ဇနီး​များ သည်​မု​ဒိန်း​အ​ကျင့်​ခံ​ရကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​တို့​၏​လေး​မြား​များ​ဖြင့်​လူ​ငယ်​လူ​ရွယ် တို့​ကို ပစ်​ခတ်​သတ်​ကြ​လိမ့်​မည်။ သူ​တို့​သည် နို့​စို့​သူ​ငယ်​များ​အား​က​ရု​ဏာ​ပြ​လိမ့်​မည် မ​ဟုတ်။ က​လေး​သူ​ငယ်​တို့​ကို​လည်း​သ​နား လိမ့်​မည်​မ​ဟုတ်။-

ဘိုး​ဘေး​တို့​၏​အ​ပြစ်​ကြောင့်​သား​တို့​အား ကွပ် မျက်​မှု​ကို​အ​စ​ပြု​ကြ​စေ။ ဤ​ဘု​ရင်​၏​သား မြေး​တို့​အ​နက်​အ​ဘယ်​သူ​မျှ​ကမ္ဘာ​မြေ​ပေါ် တွင်​အုပ်​စိုး​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်​မ​ဟုတ်။

သို့​ရာ​တွင်၊သင်​သည်​တစ်​နေ့​အ​တွင်း​တ​ခ​ဏ ခြင်း​၌ ဤ​အ​မှု​နှစ်​ရပ်​စ​လုံး​နှင့်​ကြုံ​တွေ့​ရ​လိမ့်​မည်။ မှော်​အ​တတ်​မှန်​မျှ​ကို​အ​သုံး​ပြု​ပါ​သော်​လည်း သင်​သည်​သား​သ​မီး​များ​ကို​ဆုံး​ရှုံး​ရ​လျက်၊ မု​ဆိုး​မ​ဘ​ဝ​သို့​ရောက်​လိမ့်​မည်။

အ​မျိုး​သား၊အ​မျိုး​သ​မီး​များ​ကို​လည်း​ကောင်း၊ အ​သက်​ကြီး​သူ၊အ​သက်​ငယ်​သူ​များ ကို​လည်း​ကောင်း၊ ယောကျာ်း​က​လေး​များ​နှင့်​မိန်း​က​လေး​များ ကို​လည်း​ကောင်း​ကွပ်​မျက်​ခဲ့​၏။

ကျွန်​တော်​မျိုး​တို့​၏​ဇ​နီး​များ​သည် ဇိ​အုန်​တောင်​ပေါ်​၌​ပင်​လျှင် မု​ဒိမ်း​အ​ကျင့်​ခံ​ရ​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၏​သ​မီး​ပျို​များ​သည် ယု​ဒ​ကျေး​ရွာ​မှန်​သ​မျှ​၌ အ​နိုင်​အ​ထက်​မ​တော်​မ​တ​ရား​ပြု​ကျင့်​မှု​ကို ခံ​ရ​ကြ​ပါ​၏။

စစ်​ပွဲ​တွင်​သင်​တို့​အား​ရန်​သူ​များ​တိုက်​ခိုက် ၍​သင်​တို့​၏​ခံ​တပ်​များ​ပြို​ပျက်​ကုန်​ကြ​လိမ့် မည်။ ရှာ​လ​မန်​ဘု​ရင်​စစ်​ချီ​၍​ဗေ​သာ​ဗေ​လ မြို့​ကို​တိုက်​ခိုက်​ဖျက်​ဆီး​သော​အ​ခါ မိ​ခင် နှင့်​က​လေး​များ​သတ်​ဖြတ်​သုတ်​သင်​ခြင်း ခံ​ရ​ကြ​၏။-

သီ​ဘီ​မြို့​သူ​မြို့​သား​တို့​သည်​ပြည်​နှင်​ဒဏ်​သင့် ကြ​လျက်​သူ​တို့​၏​သား​သ​မီး​များ​သည်​လမ်း ဆုံ​လမ်း​ခွ​တိုင်း​၌​အ​ရိုက်​အ​နှက်​ခံ​ရ​ကြ​၏။ သူ​တို့​အ​ထဲ​မှ​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ကို သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ခေါ်​ဆောင်​ကာ မိ​မိ​တို့​အ​ချင်း​ချင်း​မဲ​ချ​၍​ခွဲ​ဝေ​ယူ​ကြ​၏။

ယေ​ရု​ရှ​လင်​မြို့​ကို​စစ်​ဆင်​ရန်​ထာ​ဝ​ရ ဘု​ရား​သည် လူ​မျိုး​တ​ကာ​တို့​အား​စု​ရုံး ခေါ်​ဆောင်​ကာ​လာ​တော်​မူ​လိမ့်​မည်။ ထို​မြို့ သည်​အ​သိမ်း​ခံ​ရ​လိမ့်​မည်။ အိမ်​များ​သည် အ​လု​ခံ​ရ​လျက်​အ​မျိုး​သ​မီး​များ​သည် လည်း မ​တော်​မ​တ​ရား​ပြု​ကျင့်​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ လူ​ဦး​ရေ​ထက်​ဝက်​မျှ​ပြည်​နှင် ဒဏ်​သင့်​ကြ​မည်​ဖြစ်​သော်​လည်း ကျန်​ထက် ဝက်​မှာ​ထို​မြို့​မှ​ပြောင်း​ရွှေ့​ရကြ​လိမ့်​မည် မ​ဟုတ်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ