Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 13:10

Common Language Bible

ကြယ်​နက္ခတ်​အ​ပေါင်း​တို့​သည်​မ​တောက်​ဘဲ နေ​လိမ့်​မည်။ နေ​ထွက်​လာ​သော​အ​ခါ​မှောင် လျက်​နေ​လိမ့်​မည်။ လ​သည်​လည်း​အ​လင်း ရောင်​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

နေကိုမှာထားတော်မူ၍ သူသည်မထွက်ရ။ ကြယ်တို့ကိုလည်း ကွယ်ထားတော်မူ၏။

နေနှင့်အလင်း၊ လနှင့်ကြယ်တို့သည် ကွယ်၍ မိုဃ်းရွာပြီးမှ၊ အထပ်ထပ်ရွာတတ်သော ကာလမရောက် မှီ အောက်မေ့လော့။

မိုး​ကောင်း​ကင်​ကို​အ​စိုး​ရ​သည့်​နတ်​များ နှင့်​လော​ကီ​ဘု​ရင်​တို့​အား ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည့်​အ​ချိန်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။-

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​နန်း စံ​တော်​မူ​တော့​မည်​ဖြစ်​၍ လ​သည်​မိုက်​လျက် နေ​လိမ့်​မည်။ နေ​သည်​လည်း​နောက်​တစ်​ဖန်​ထွန်း လင်း​တော့​မည်​မ​ဟုတ်။ ကိုယ်​တော်​သည်​ယေ​ရု ရှ​လင်​မြို့၊ ဇိ​အုန်​တောင်​ပေါ်​တွင်​စိုး​စံ​တော် မူ​လိမ့်​မည်။ ပြည်​သူ​တို့​၏​ဦး​စီး​ခေါင်း​ဆောင် များ​သည်​လည်း ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ဖူး​မြင်​ရ​ကြ​လိမ့်​မည်။

ဗာ​ဗု​လုန်​မြို့​အား​ထာ​ဝ​ရ​ဘု​ရား​က​ဆိတ်​ငြိမ်​ရာ မှောင်​မိုက်​ထဲ​တွင်​ထိုင်​၍​နေ​လော့။ လူ​တို့​သည်​သင့်​အား​လူ​မျိုး​တ​ကာ​တို့​၏ ဘု​ရင်​မ​ဟု ခေါ်​ကြ​တော့​မည်​မ​ဟုတ်။

ထို​ကာ​လ​၌​သူ​တို့​သည်​ပင်​လယ်​မြည်​ဟည်း​သံ ကဲ့​သို့ ကျယ်​စွာ​ဣ​သ​ရေ​လ​ပြည်​တွင်​ကြွေး​ကြော် ကြ​လိမ့်​မည်။ ထို​ပြည်​ကို​ကြည့်​ရှု​ကြ​လော့။ ယင်း သည်​မှောင်​အ​တိ၊ ဆင်း​ရဲ​ဒုက္ခ​အ​တိ​ဖြစ်​၍​နေ​လိမ့် မည်။ အ​လင်း​ကား​အ​မှောင်​တွင်​ကွယ်​ပျောက် သွား​လေ​တော့​သ​တည်း။

မိုး​ကောင်း​ကင်​သည်​သူ​သေ​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​သည့်​အ​မှတ်​လက္ခ​ဏာ​ကို ပြ​သည့်​အ​လား မှောင်​မဲ​၍​လာ​အောင်​ငါ​ပြု​နိုင်​၏။''

သူ​တို့​ချဉ်း​ကပ်​လာ​ချိန်​၌​မြေ​င​လျင်​လှုပ် လေ​၏။ မိုး​ကောင်း​ကင်​သည်​လည်း​တ​သိမ့်​သိမ့်​တုန်​၍ သွား​လေ​၏။ နေ​နှင့်​လ​သည်​မှောင်​မိုက်​လျက်​နေ​ကာ​ကြယ် တာ​ရာ များ​သည်​လည်း​မ​ထွန်း​မ​လင်း​ကြ​တော့​ချေ။

ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​နေ့​ကြီး မ​ကျ​မ​ရောက်​မီ၊ နေ​သည်​မှောင်​မိုက်​၍​သွား​လိမ့်​မည်။ လ​သည် လည်း သွေး​ကဲ့​သို့​နီ​မြန်း​၍​လာ​လိမ့်​မည်။

နေ​နှင့်​လ​သည်​မှောင်​မိုက်​လျက် ကြယ်​တာ​ရာ​များ​သည်​လည်း​မ​ထွန်း မ​လင်း​ကြ​တော့​ချေ။

ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော်​သည်​အ​လင်း မ​ရ​ဘဲ အ​မှောင်​ကျ​သော​နေ့​ဖြစ်​လိမ့်​မည်။ ထွန်း​တောက်​ခြင်း​အ​လျှင်း​မ​ရှိ​ဘဲ အ​မှောင်​ထု ကြီး​ဖုံး​နေ​သော​နေ့​သာ​လျှင်​ဖြစ်​လိမ့်​မည်။

ကိုယ်​တော်​သည်​အ​ရှိန်​ပြင်း​စွာ​လွှမ်း​မိုး​သည့် မြစ်​ရေ​ကဲ့​သို့​ရန်​သူ​တို့​အား​ဆုံး​ပါး ပျက်​စီး​စေ​တော်​မူ​၏။ မိ​မိ​ကို​အ​တိုက်​အ​ခံ​ပြု​သူ​တို့​အား သေ​ရွာ​သို့ ပို့​ဆောင်​တော်​မူ​၏။

ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ချမ်း​ဧ​မှု သို့​မ​ဟုတ်​ဆီး​နှင်း​များ​ကျ​မှု ရှိ​တော့​မည်​မ​ဟုတ်။-

``ထို​သို့​ဆင်း​ရဲ​ဒုက္ခ​များ​ကျ​ရောက်​လာ​ပြီး​နောက် ချက်​ချင်း​ပင်​နေ​သည်​မှောင်​မိုက်​သွား​လိမ့်​မည်။ လ သည်​အ​လင်း​ရောင်​ပေး​လိမ့်​မည်​မ​ဟုတ်။ ကြယ်​များ သည်​ကောင်း​ကင်​မှ​ကြွေ​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ် များ​သည်​လမ်း​ပြောင်း​ကြ​လိမ့်​မည်။-

``ဆင်း​ရဲ​ဒုက္ခ​များ​ကျ​ရောက်​ပြီး​သော​ကာ​လ​၌ နေ​သည်​မှောင်​မိုက်​၍​သွား​လိမ့်​မည်။ လ​သည် အ​လင်း​ရောင်​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။-

``နေ​လ​ကြယ်​နက္ခတ်​များ​၌​ပုဗ္ဗ​နိ​မိတ်​များ​ပေါ်​ထွန်း လာ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​တွင်​လူ​မျိုး​အ​ပေါင်း​တို့​သည် ပင်​လယ်​လှိုင်း​တံ​ပိုး​မြည်​ဟီး​သံ​ကြောင့်​စိတ်​ပျက် အား​လျော့​ကြောက်​ရွံ့​ကြ​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​၏​နေ့​ထူး​နေ့​မြတ်​ကြီး​မ​ကျ ရောက်​မီ နေ​သည်​မှောင်​အ​တိ​ဖြစ်​လိမ့်​မည်။ လ​သည်​လည်း​သွေး​ကဲ့​သို့​နီ​လိမ့်​မည်။

စတုတ္ထ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​မှုတ်​လိုက် သော​အ​ခါ​နေ​၏​သုံး​ပုံ​တစ်​ပုံ၊ လ​၏​သုံး​ပုံ တစ်​ပုံ၊ ကြယ်​တာ​ရာ​များ​၏​သုံး​ပုံ​တစ်​ပုံ​တို့ သည်​ကပ်​သင့်​ကြ​သ​ဖြင့်​၎င်း​တို့​၏​အ​လင်း​သည် သုံး​ပုံ​တစ်​ပုံ​လျော့​နည်း​သွား​လေ​၏။ နေ့​၏​သုံး ပုံ​တစ်​ပုံ၊ ည​၏​သုံး​ပုံ​တစ်​ပုံ​သည်​အ​လင်း မ​ရ​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ