ဟေရှာယ 12:5Common Language Bible``ကိုယ်တော်ပြုတော်မူသောကြီးမြတ်သည့် အမှုတော်တို့အတွက် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူး သီဆိုကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့အား ထိုသတင်းကိုကြေညာကြလော့။ အခန်းကိုကြည့်ပါ။ |
ထိုနောက်မောရှေနှင့်ဣသရေလအမျိုး သားတို့က ထာဝရဘုရားအားအောက်ပါ ထောမနာပြုသီချင်းကိုဆိုကြသည်။ ``ထာဝရဘုရားသည်အောင်ပွဲကြီးခံရ ပြီဖြစ်၍ ကိုယ်တော်၏ဂုဏ်တော်ကိုထောမနာပြု ပါမည်။ ကိုယ်တော်သည်မြင်းများနှင့်မြင်းစီးသူရဲတို့ကို ပင်လယ်ထဲ၌နစ်မြုပ်စေတော်မူပြီ။
အို ယေရုရှလင်မြို့၊ မြင့်သောတောင်ပေါ်သို့တက်၍၊ သတင်းကောင်းကိုကြေညာလော့။ အို ဇိအုန်တောင်၊ အသံကျယ်စွာဟစ်၍သတင်းကောင်းကို ကြေညာလော့။ မကြောက်နှင့်၊ ပွင့်လင်းစွာပြောကြားလော့။ ယုဒမြို့များအားသူတို့၏ဘုရားသခင် ကြွလာစေတော်မူမည့်အကြောင်းကိုပြောကြားလော့။
သီချင်းသစ်ကိုဆို၍ထာဝရဘုရား၏ဂုဏ် တော်ကို ချီးမွမ်းကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြု၍သီချင်းဆိုကြလော့။ ပင်လယ်တွင်ကူးသန်းသွားလာသူတို့ကိုယ်တော်ကို ထောမနာပြုကြလော့။ ပင်လယ်သတ္တဝါအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြုကြလော့။ ရပ်ဝေးနိုင်ငံများနှင့်ယင်းတို့တွင် နေထိုင်သူအပေါင်းတို့သီချင်းဆိုကြလော့။
အချင်းမိုးကောင်းကင်၊ ဝမ်းမြောက်ရွှင်လန်း စွာ ကြွေးကြော်ကြလော့။ ကမ္ဘာမြေကြီးရှိနက်ရှိုင်းရာအရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များနှင့်တောမှသစ်ပင်အပေါင်းတို့၊ ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလော့။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အားကယ်တော် မူ၍၊ မိမိ၏ ဘုန်းအာနုဘော်တော်ကိုပြတော်မူပြီ။