Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 11:15

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ပူ​ကို​တိုက်​စေ​၍ စူး​အက်​ပင်​လယ်​ကွေ့​နှင့်​ဥ​ဖ​ရတ်​မြစ်​တို့​ကို ခန်း​ခြောက်​စေ​တော်​မူ​ပြီး​လျှင် မည်​သူ​မ​ဆို လမ်း​လျှောက်​ကျော်​ဖြတ်​နိုင်​သည့်​ချောင်း​ငယ် က​လေး​ခု​နစ်​ခု​သာ​လျှင် ကျန်​ရှိ​စေ​တော် မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​သည်​ပင်​လယ်​ပေါ်​သို့​လက်​ကို​ဆန့် လိုက်​ရာ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​ဘက် မှ​လေ​ပြင်း​ကို​တစ်​ည​လုံး​တိုက်​ခတ်​စေ သ​ဖြင့် ပင်​လယ်​ရေ​ကွဲ​၍​အောက်​ခြေ​၌ ခြောက်​သွေ့​သော​မြေ​ပေါ်​စေ​တော်​မူ​၏။-

ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရေ​တံ​တိုင်း​နှစ်​ခု​အ​ကြား​ခြောက်​သွေ့​သော မြေ​ပေါ်​မှာ​လျှောက်​၍​ပင်​လယ်​ကို​ဖြတ်​၍ သွား​ကြ​လေ​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား တစ်​ဘက် တစ်​ချက်​ရှိ​ရေ​တံ​တိုင်း​နှစ်​ခု​အ​ကြား​ခြောက် သွေ့​သော​မြေ​ပေါ်​မှာ လျှောက်​၍​ပင်​လယ်​ကို ဖြတ်​ကူး​ခဲ့​ရ​ကြ​လေ​၏။

အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​မိန်း​မ​ကဲ့​သို့ သ​ဝန်​ကြောင်​ကြ​မည့်​အ​ချိန်​ကာ​လ ကျ​ရောက် လာ​လိမ့်​မည်။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို​ချိန်​ရွယ်​လျက်​ထား​တော်​မူ သည်​ကို​တွေ့​မြင်​ကြ​သော​အ​ခါ၊ သူ​တို့ သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။-

ရှေး​အ​ခါ​က၊ထာ​ဝ​ရ​ဘု​ရား​သည်​ပင်​လယ် ဝဲ​သြ​ဃ​ကို ဖြတ်​၍​လမ်း​ဖောက်​တော်​မူ​ခဲ့​၏။

ငါ​သည်​အ​မိန့်​ပေး​၍​သ​မုဒ္ဒ​ရာ​ကို​ခန်း​ခြောက် စေ​၏။

``ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ်​ရန် လာ​စဉ်​အ​ခါ​က၊ အ​ဘယ်​ကြောင့်​သူ​တို့​သည်​ငါ့​အား​တုံ့​ပြန် ဖြေ​ကြား​မှု​မ​ပြု​ကြ​ပါ​သ​နည်း။ ငါ​ခေါ်​သော​အ​ခါ​အ​ဘယ်​ကြောင့်​မ​ထူး​ကြ ပါ​သ​နည်း။ ငါ​သည်​သူ​တို့​ကို​ကယ်​နိုင်​စွမ်း​မ​ရှိ​အောင်​ပင် အား​အင်​ချည့်​နဲ့​၍​နေ​ပါ​သ​လော။ ပင်​လယ်​ကို​အ​မိန့်​ပေး​၍​ငါ​ခန်း​ခြောက်​စေ​နိုင်​၏။ မြစ်​များ​ကို​သဲ​ကန္တာ​ရ​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​နိုင်​၏။ ထို​မြစ်​တို့​တွင်​ရေ​မ​ရှိ​သ​ဖြင့်​ငါး​များ သေ​ကြ​ကုန်​၏။

ကိုယ်​တော်​ရှင်​ကယ်​ဆယ်​တော်​မူ​လိုက်​သည့် သူ​တို့​သည်​အား​ရ​ရွှင်​လန်း​စွာ​သီ​ဆို​ကြွေး ကြော်​လျက်၊ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​စဉ်​ဝမ်း​မြောက်​ရွှင်​လန်း​ရ​ကြ​၍၊ ထာ​ဝ​စဉ်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​နှင့်​ကင်း​လွတ်​ရ​ကြ ပါ​လိမ့်​မည်။

မော​ရှေ​အား​ဖြင့်​တန်​ခိုး​တော်​ကို​အ​သုံး​ပြု ကာ မိ​မိ​၏​လူ​မျိုး​တော်​ရှေ့​၌​ပင်​လယ်​ရေ​ကို နှစ်​ချမ်း​ကွဲ​စေ​တော်​မူ​ပြီး​လျှင် ထာ​ဝ​စဉ်​ကျော် ကြား​လာ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကား အ​ဘယ်​မှာ​နည်း​ဟု'' မေး​ကြ​၏။

``ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ၊ ထာ​ဝ​ရ ဘု​ရား​သည်​ဥ​ဖ​ရတ်​မြစ်​တစ်​ဖက်​ကမ်း​မှ အာ​ရှု​ရိ​ဘု​ရင်​တည်း​ဟူ​သော​ဆံ​ပင်​ညှပ် သ​မား​ကို​ငှား​၍​သင်​တို့​၏​မုတ်​ဆိတ်​များ ကို​လည်း​ကောင်း၊ ဆံ​ပင်​နှင့်​ကိုယ်​မွေး​များ ကို​လည်း​ကောင်း​ရိတ်​စေ​တော်​မူ​လိမ့်​မည်။

ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရှု​ရိ​ဘု​ရင်​နှင့် သူ​၏​တပ်​သား​များ​အား​ခေါ်​ယူ​၍ ယု​ဒ​ပြည် ကို​တိုက်​ခိုက်​စေ​မည်။ သူ​တို့​သည်​ဥ​ဖ​ရတ် မြစ်​ရေ​လျှံ​သ​ကဲ့​သို့​ကျယ်​ပြန့်​စွာ​ချီ​တတ် လာ​ကြ​လိမ့်​မည်။-

ငါ​သည်​သင်​၏​ရန်​သူ၊ နိုင်း​မြစ်​၏​ရန်​သူ ဖြစ်​၏။ မြောက်​ဘက်​ရှိ​မိ​ဂ​ဒေါ​လ​မြို့​မှ​သည် တောင်​ဘက်​သု​ဏေ​မြို့​တိုင်​အောင်၊ ဆူ​ဒန်​နယ် စပ်​အ​ထိ​အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​ကို လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ်​ဖြစ်​စေ​မည်။-

ငါ​သည်​နိုင်း​မြစ်​ကို​ခန်း​ခြောက်​စေ​၍ အီ​ဂျစ် ပြည်​ကို​ဆိုး​ညစ်​သူ​တို့​၏​လက်​အောက်​သို့ ကျ​ရောက်​စေ​မည်။ လူ​မျိုး​ခြား​တို့​သည်​ထို ပြည်​တစ်​ပြည်​လုံး​ကို​ပျက်​ပြုန်း​စေ​ကြ လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။

သူ​တို့​သည်​ဘေး​အ​န္တရာယ်​ရှိ​သော​ပင်​လယ်​ကို ဖြတ်​၍​သွား​ရကြ​သော​အ​ခါ​ငါ​သည် လှိုင်း​တံ​ပိုး​များ​ကို​ဆုံး​မ​မည်။ နိုင်း​မြစ်​မှ​ရေ​နက်​ရာ​အ​ရပ်​တို့​သည်​လည်း ခန်း​ခြောက်​၍​သွား​လိမ့်​မည်။ အာ​ရှု​ရိ​ပြည်​၏​မာန်​မာ​န​ကို​ငါ​ချိုး​နှိမ် မည်။ စွမ်း​အင်​ကြီး​မား​သည့်​အီ​ဂျစ်​ပြည်​သည်​လည်း တန်​ခိုး​အာ​ဏာ​မှေး​မှိန်​၍​သွား​လိမ့်​မည်။

ထို​နောက်​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏ ဖ​လား​မှ အ​မျက်​တော်​ကို​ဥ​ဖ​ရတ်​မြစ်​ကြီး​ပေါ် သို့​သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​မြစ်​ရေ​သည် ခန်း​ခြောက်​သွား​သ​ဖြင့် အ​ရှေ့​ပြည်​မှ​လာ​သော ရှင်​ဘု​ရင်​တို့​အ​တွက်​လမ်း​ပွင့်​သွား​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ