ဟေရှာယ 10:23Common Language Bibleအနန္တတန်ခိုးရှင်ထာဝရဘုရားသည်မိမိ မိန့်တော်မူခဲ့သည့်အတိုင်း တစ်ပြည်လုံးကို အမှန်ပင်သုတ်သင်ဖျက်ဆီးပစ်တော်မူ လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
``ဆီးရီးယားဘုရင်သည်မိမိ၏စိတ်ဆန္ဒရှိ သည်အတိုင်းပြုလိမ့်မည်။ မိမိသည်ဘုရား အပေါင်းတို့ထက်ကြီးမြတ်သည်ဟူ၍လည်း ကောင်း၊ အမြင့်မြတ်ဆုံးသောဘုရားသခင်ထက် ပင်ကြီးမြတ်သည်ဟူ၍လည်းကောင်း ကြွားဝါ ပြောဆိုလိမ့်မည်။ သူသည်မိမိအားဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူချိန်တိုင်အောင် ဤသို့ကြွားဝါနိုင်လိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်သည်မိမိအကြံ အစည်တော်ရှိသည်အတိုင်းပြုတော်မူ မည်ဖြစ်သောကြောင့်တည်း။-
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်ရှေ့ တော်၌ အမှုမထားလောက်သကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်ရှိလူတို့ကိုလည်းကောင်း စိုးမိုးအုပ်ချုပ်တော်မူပါ၏။ အဘယ်သူမျှကိုယ်တော်၏အလိုတော်ကို မဆန့်ကျင်နိုင်ပါ။ ကိုယ်တော်အဘယ်သို့ပြုတော်မူသည်ကို လည်း မစစ်ဆေးမမေးမြန်းနိုင်ပါ။
ထိုမင်းသည်ခုနစ်နှစ်တိုင်တိုင်များစွာ သောလူတို့နှင့် အခိုင်အမာသဘောတူ စာချုပ်ချုပ်ဆိုလိမ့်မည်။ သုံးနှစ်ခွဲမျှ ကြာသောအခါသူသည် ယဇ်နှင့်ပူဇော် သကာများဆက်ကပ်မှုကိုရပ်စဲစေ လိမ့်မည်။ ထိုနောက်ထိတ်လန့်စက်ဆုပ်ဖွယ် ကောင်းသည့်အရာ ကို ဗိမာန်တော်လူမြင်ကွင်းတွင်မြှောက်တင် ထားလိမ့်မည်။ ထိုအရာသည်မြှောက်တင်သူ အတွက် ဘုရားသခင်ပြင်ဆင်စီရင်ထား တော်မူသောဆုံးပါးပျက်စီးချိန်တိုင် အောင် ဗိမာန်တော်တွင်တည်ရှိနေလိမ့်မည်'' ဟုဆို၏။