Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 10:21

Common Language Bible

ဣ​သ​ရေ​လ​ပြည်​သူ​အ​ချို့​တို့​သည်​လည်း မိ​မိ​တို့​၏​တန်​ခိုး​တော်​ရှင်​ဘု​ရား​သ​ခင် ၏​အ​ထံ​တော်​သို့​ပြန်​လာ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အ​ကယ်​၍​ပြည်​နှင်​ဒဏ်​သင့်​လျက်​ရှိ​သည့် ကိုယ်​တော်​၏​လူ​မျိုး​တော်​ဝင်​ပြန်​သွား​ရန်​အ​တွက် အ​ကူ​အ​ညီ​လို​ပါ​က​သူ​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့​က ကူ​ညီ​ရ​ကြ​မည်။ သူ​တို့​သည် ရွှေ၊ ငွေ၊ ရိက္ခာ၊ ဝန်​တင်​တိ​ရစ္ဆာန်​များ​အ​ပြင် ယေ​ရု​ရှ​လင်​မြို့​ရှိ​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​အ​တွက် အ​လှူ​ဒါ​န​များ​ကို​ပေး​ရ​ကြ​မည်'' ဟု​ပါ​ရှိ​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့ အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်​ဖြစ်​သော်​လည်း သူ​တို့​၏​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​ပျောက်​ကင်း စေ​တော်​မူ​ပေ​အံ့။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြောင်း​လဲ​လာ​သ​ဖြင့် သူ​တို့​တောင်း လျှောက်​သံ​ကို​နား​ထောင်​လျက် သူ​တို့​ရော​ဂါ ကို​ပျောက်​ကင်း​စေ​တော်​မူ​မည်။

ယု​ဒ​ပြည်​တွင်​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ နေ​သူ​တို့​သည်​မြေ​တွင်​နက်​စွာ​အ​မြစ်​စွဲ ၍​သီး​နှံ​များ​ကို​ဆောင်​သည့်​အ​ပင်​ငယ် များ​ကဲ့​သို့​ရှင်​သန်​ဖွံ့​ဖြိုး​ကြ​လိမ့်​မည်။-

``အို ယာ​ကုပ်​သား​မြေး​တို့၊ငါ​၏​ဣ​သ​ရေ​လ လူ​မျိုး​တော်​အ​နက်​မှ ကြွင်း​ကျန်​နေ​သူ​တို့၊ငါ​ပြော​သည်​ကို နား​ထောင်​ကြ​လော့။ သင်​တို့​သန္ဓေ​တည်​၍​မွေး​ဖွား​ချိန်​မှ​အ​စ​ပြု​၍ ငါ​သည်​သင်​တို့​အား​ကြည့်​ရှု​စောင့်​ရှောက်​ခဲ့ ပေ​သည်။

သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​သော အ​ကျင့်​များ​ကို​စွန့်​လွှတ်​၍၊ မိ​မိ​တို့​၏​စိတ်​နေ​သ​ဘော​ထား​များ​ကို​လည်း ပြောင်း​လဲ​ကြ​ရာ​၏။ သူ​တို့​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​လှည့်​ကြ​ရာ​၏။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​တတ်​၍​လျင်​မြန်​စွာ အ​ပြစ်​လွှတ်​တော်​မူ​တတ်​၏။

ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော် အား``ငါ​သည်​အ​ပြစ်​များ​မှ​နောင်​တ​ရ​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ကယ်​တင်​ရန်​ဇိ​အုန်​မြို့​သို့​ကြွ​လာ​တော်​မူ မည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​ဟေ​ရှာ​ယ​အား``သင်​၏ သား​ရှာ​ယာ​ရှုပ်​ကို​ခေါ်​၍​အာ​ခတ်​နှင့်​သွား ရောက်​တွေ့​ဆုံ​လော့။ သင်​သည်​သူ့​ကို​အ​ထက် ရေ​ကန်​ရေ​သွယ်​မြောင်း​အ​ဆုံး​အ​ထည်​ယက် သ​မား​များ​အ​လုပ်​လုပ်​သည့်​နေ​ရာ​အနီး ရှိ​လမ်း​ပေါ်​တွင်​တွေ့​လိမ့်​မည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​နောင်​တ မ​ရ​ကြ။ မိ​မိ​တို့​အား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝရ​ဘု​ရား​သည် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ ပြီ​ဖြစ်​သော်​လည်း​သူ​တို့​သည်​အ​ထံ​တော် သို့​မ​ပြန်​ကြ။-

ငါ​တို့​အ​ဖို့​သူ​ငယ်​ကို​ဖွားမြင်​၏။ ငါ​တို့​အား​သား​ကို​ပေး​သ​နား​တော်​မူ​ပါ​၏။ သူ​သည်​ငါ​တို့​ကို​အုပ်​စိုး​လိမ့်​မည်။ ``သူ​၏​နာ​မ​တော်​ကို​အံ့​သြ​ဖွယ်၊'' ``တိုင်​ပင်​ဘက်'' ``တန်​ခိုး​ကြီး​သော​ဘု​ရား'' ``ထာ​ဝ​ရ​အ​ဖ'' ``ငြိမ်း​ချမ်း​ရေး​အ​ရှင်'' ဟူ​၍​နာ​မည်​တွင် လိမ့်​မည်။

ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ငါ​သည်​မိ​မိ​အ​သက်​ရှင်​ခွင့်​ပေး​ထား​သူ​တို့ ၏​အ​ပြစ်​များ​ကို​ဖြေ​လွတ်​ဖြေ​ရှင်း​မည်​ဖြစ် ၍ ဣသ​ရေ​လ​ပြည်​တွင်​အ​ပြစ်​ဒု​စ​ရိုက်​တစ် စုံ​တစ်​ခု​မျှ​တွေ့​ရှိ​ရ​လိမ့်​မည်​မ​ဟုတ်။ ယု​ဒ ပြည်​တွင်​လည်း​ဆိုး​ညစ်​မှု​တစ်​စုံ​တစ်​ရာ​မျှ တွေ့​ရှိ​ရ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။

ဣ​သ​ရေ​လ​ပြည်​သား​တို့၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ ကြ​လော့။ သင်​တို့​သည်​သင်​တို့​၏​အ​ပြစ်​ကြောင့် ခြေ​ချော်​၍​လဲ​ကြ​ပြီ။-

လူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​ပြန်​ကြ စို့၊ ကိုယ်​တော်​သည်​ငါ​တို့​အား​အ​နာ​တ​ရ ဖြစ်​စေ​သော်​လည်း အ​နာ​ပျောက်​ကင်း​အောင် ကု​သ​တော်​မူ​မည်။ ဒဏ်​ရာ​ရ​စေ​သော်​လည်း အ​နာ​ကို​ပတ်​စည်း​တော်​မူ​မည်။-

ဣ​သ​ရေ​လ​ပြည်​သား​တို့​၏​မာန်​မာ​န အ​ကျိုး​ဆက်​သည်​သူ​တို့​၏​တစ်​ဖက်​၌ သက်​သေ​ခံ​လိမ့်​မည်။ သူ​တို့​သည်​ဤ​အ​မှု အ​ရာ​တို့​နှင့်​တွေ့​ကြုံ​ခဲ့​ရ​သော်​လည်း​သူ တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြန်​၍​မ​လာ​ကြ။-

သူ​တို့​သည်​ငါ့​ကို​စွန့်​၍ တန်​ခိုး​မ​ရှိ​သော ဘု​ရား​ကို​ဆည်း​ကပ်​ကြ​၏။ သူ​တို့​သည် ကောက်​လိမ်​သော​လေး​ကဲ့​သို့​စိတ်​မ​ချ​ရ။ သူ​တို့​၏​ခေါင်း​ဆောင်​များ​သည်​မောက်​မာ စွာ​ပြော​ဆို​သော​ကြောင့် သေ​ခြင်း​ဆိုး​ဖြင့် သေ​ကြ​လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​အ​မျိုး သား​တို့​က​သူ​တို့​ကို​ပြက်​ရယ်​ပြု​ကြ လိမ့်​မည်။

ဦး​စွာ​ဒ​မာ​သက်​မြို့၊ ထို​နောက်​ယေ​ရု​ရှ​လင်​မြို့ မှ​စ​၍ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​ရှိ​လူ​တို့​အား လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​အား​လည်း​ကောင်း အ​ကျွန်ုပ်​ဟော​ပြော​ပါ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ