သစ်ပင်များအနည်းငယ်မျှသာကျန်ရှိ တော့မည်ဖြစ်၍ ယင်းတို့ကိုကလေးသူငယ် ပင်လျှင်ရေတွက်၍ကြည့်နိုင်လိမ့်မည်။
အသက်မသေဘဲကျန်ရှိသူတို့သည် ရွှေ ထက်လည်းကောင်းရှားလိမ့်မည်။-
ထိုလူမျိုးစုတွင်ရဲစွမ်းသတ္တိအရှိဆုံးဖြစ် သောလေးသည်တော်တို့သည်လည်း အနည်း ငယ်မျှသာလျှင်ကျန်ရှိပေတော့မည်။ ဤကား ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ ငါထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူပါ၏။
(သစ်တောများအပေါ်သို့မိုးသီးများကျ လိမ့်မည်။ မြို့သည်လည်းပြိုပျက်၍သွားလိမ့် မည်။-)
ထိုညဥ့်၌ထာဝရဘုရား၏ကောင်းကင်တမန် သည် အာရှုရိတပ်စခန်းသို့ဝင်၍တပ်သား တစ်သိန်းရှစ်သောင်းငါးထောင်ကိုသုတ်သင်ပစ် လေသည်။ နောက်တစ်နေ့အရုဏ်တက်ချိန်၌ ထိုသူအပေါင်းတို့သည်လဲ၍သေနေကြ၏။-
သို့ရာတွင်သင်တို့အချို့သည်အသက်ဘေး မှလွတ်မြောက်၍ အီဂျစ်ပြည်မှယုဒပြည် သို့ပြန်ကြလိမ့်မည်။ ထိုအခါအီဂျစ်ပြည် သို့လာရောက်ကြသောယုဒပြည်သူအကြွင်း အကျန်များသည် မိမိတို့စကားနှင့်ငါ့ စကား၊ မည်သည်ကမှန်၍နေသည်ကိုသိ ရှိကြလိမ့်မည်။-