ဟေဗြဲ 9:7Common Language Bibleသို့ရာတွင်ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်း သာလျှင် အတွင်းတဲတော်သို့ဝင်ရပေသည်။ သူ သည်ယင်းသို့ဝင်ရသည်မှာလည်းတစ်နှစ်လျှင် တစ်ကြိမ်သာဖြစ်ပြီးမိမိ၏အတွက်သော် လည်းကောင်း၊ လူတို့မသိဘဲကူးလွန်မိသည့် အပြစ်များအတွက်သော်လည်းကောင်း ပူဇော် ရန်သွေးကိုယူဆောင်၍ဝင်ရလေသည်။- အခန်းကိုကြည့်ပါ။ |
``အာရုန်သည်တစ်နှစ်လျှင်တစ်ကြိမ်အပြစ် ဖြေရာယဇ်ကောင်၏အသွေးဖြင့်၊ ပလ္လင်၏ ထောင့်ချွန်အတက်လေးခုကိုသုတ်လိမ်း၍၊ ပလ္လင်ကိုသန့်ရှင်းစေရမည်။ သင်၏အမျိုး အစဉ်အဆက်တို့သည်ထိုဝတ်ကိုနှစ်စဉ် အမြဲပြုရမည်။ ထိုပလ္လင်သည်ငါထာဝရ ဘုရားအတွက်ဆက်ကပ်သော၊ အလွန် သန့်ရှင်းသောပလ္လင်ဖြစ်သတည်း။''
ပရောဖက်များနှင့်ယဇ်ပုရောဟိတ်များပင် လျှင် သေသောက်ကြူးကြသဖြင့်ယိမ်းထိုး၍ နေကြ၏။ သူတို့သည်စပျစ်ရည်နှင့်သေရည် အသောက်လွန်သဖြင့် ဂယောင်ချောက်ချားဖြစ် ကာခြေချော်၍လဲကြ၏။ ပရောဖက်တို့သည် မူးယစ်လျက်နေရကား ဘုရားသခင်ပြ တော်မူသောဗျာဒိတ်ရူပါရုံများ၏အနက် အဋ္ဌိပ္ပါယ်ကိုနားမလည်ကြ။ ယဇ်ပုရောဟိတ် တို့သည်လည်း မိမိတို့ထံသို့ရောက်ရှိလာ သည့်အမှုများကိုစီရင်ဆုံးဖြတ်ရန် မတတ်ကြ။-
သို့ဖြစ်၍ငါသည်သူတို့မမျှော်လင့်သည့်ဘေး ဒုက္ခတစ်ခုပြီးတစ်ခုသက်ရောက်စေ၍ သူတို့ အားတုန်လှုပ်ချောက်ချားစေမည်။ ပညာရှိတို့ သည်လူမိုက်များဖြစ်ကုန်ကြလျက်၊ သူတို့ ၏အသိအလိမ္မာမှန်သမျှသည်လည်း သူတို့ အားအဘယ်သို့မျှအကျိုးပြုလိမ့်မည် မဟုတ်'' ဟုယခုမိန့်တော်မူပါ၏။
သူသည်အပြစ်အနာကင်းသောသိုးထီး သို့မဟုတ်ဆိတ်ထီးကိုယဇ်ပုရောဟိတ်ထံ သို့ယူဆောင်ခဲ့ရမည်။ ထိုသိုးသို့မဟုတ် ဆိတ်၏တန်ဖိုးကိုကျပ်ချိန်တော်အရအဖိုး ဖြတ်သည့်ငွေကိုပါဆက်သရမည်။ ထိုနောက် ယဇ်ပုရောဟိတ်သည် ထိုသူ၏အပြစ်အတွက် ယဇ်ပူဇော်သဖြင့်သူသည်အပြစ်လွတ်လိမ့် မည်။-
ယဇ်ပုရောဟိတ်သည်ဣသရေလအမျိုး သားအပေါင်းအတွက် သန့်စင်ခြင်းဝတ် ကိုပြုရမည်။ ထိုအခါသူတို့သည်အပြစ် လွတ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ တို့သည်အမှတ်မထင်မှားယွင်းမိ၍ ပူဇော် သကာအဖြစ်အပြစ်ဖြေရာယဇ်ကို ထာဝရဘုရားထံတော်သို့ယူဆောင် ခဲ့သောကြောင့်ဖြစ်သည်။-
ယဇ်ပုရောဟိတ်မင်းတို့သည်နေ့စဉ်ဦးစွာပထမ မိမိတို့ကိုယ်ပိုင်အပြစ်များအတွက်လည်းကောင်း၊ ထိုနောက်လူတို့၏အပြစ်များအတွက်လည်းကောင်း ယဇ်ပူဇော်ကြရလေသည်။ ကိုယ်တော်မူကားဤသို့ ပြုရန်မလို။ အဘယ်ကြောင့်ဆိုသော်မိမိအသက် ကိုတင်လှူပူဇော်စဉ်အခါက တစ်ကြိမ်တည်း အပြီးအပိုင်ယဇ်ပူဇော်ခဲ့ပြီးဖြစ်သော ကြောင့်တည်း။-