ဟေဗြဲ 9:22Common Language Bibleပညတ်တရားအရအရာခပ်သိမ်းလိုလိုပင် သွေးအားဖြင့်သန့်စင်မှုကိုရရှိကြ၏။ သွေး သွန်းမှုရှိမှသာအပြစ်ပြေနိုင်၏။ အခန်းကိုကြည့်ပါ။ |
သူသည်ချိုးနှစ်ကောင် သို့မဟုတ်ခိုနှစ်ကောင် ပူဇော်ရန်မတတ်နိုင်လျှင် အပြစ်ဖြေရာယဇ် အဖြစ်မုန့်ညက်နှစ်ပေါင်ကို ယဇ်ပုရောဟိတ် ထံသို့ယူဆောင်ခဲ့ရမည်။ ယင်းပူဇော်ခြင်း သည်ဘောဇဉ်သကာပူဇော်ခြင်းမဟုတ်။ အပြစ်ဖြေရာယဇ်အဖြစ်ပူဇော်ခြင်းဖြစ် သောကြောင့် မုန့်ညက်ပေါ်တွင်သံလွင်ဆီ သို့မဟုတ်၊ အမွှေးနံ့သာကိုမလောင်းရ။-
သူသည်အပြစ်အနာကင်းသောသိုးထီး သို့မဟုတ်ဆိတ်ထီးကိုယဇ်ပုရောဟိတ်ထံ သို့ယူဆောင်ခဲ့ရမည်။ ထိုသိုးသို့မဟုတ် ဆိတ်၏တန်ဖိုးကိုကျပ်ချိန်တော်အရအဖိုး ဖြတ်သည့်ငွေကိုပါဆက်သရမည်။ ထိုနောက် ယဇ်ပုရောဟိတ်သည် ထိုသူ၏အပြစ်အတွက် ယဇ်ပူဇော်သဖြင့်သူသည်အပြစ်လွတ်လိမ့် မည်။-